[Zawgyi]

Selena Gomez နဲ႔ တြဲေနတယ္လို႔ သတင္းထြက္ေနတဲ့ ဆယ္ေက်ာ္သက္ေလး Caleb Steven

Justin Bieber တစ္ေယာက္ Hailey Baldwin နဲ႔ ျပီးခဲ့တဲ့ တစ္ပတ္က ေစ့စပ္လိုက္တဲ့အခ်ိန္မွာ Selena Gomez ဘက္မွာေတာ့ ျငိမ္သက္ေနတယ္လို႔ ထင္ရပါတယ္။ တကယ္တမ္းေတာ့ အဲဒီလို မဟုတ္ဘဲ Selena Gomez နဲ႔ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္တြဲေနတယ္လို႔ သတင္းေတြ ပ်ံ႕လြင့္ေနတာ ရွိပါတယ္။ အဲဒီဆယ္ေက်ာ္သက္ေကာင္ေလးရဲ႕ နာမည္က Caleb Stevens ျဖစ္ျပီးေတာ့ Selena Gomez ရဲ႕ သူငယ္ခ်င္း Social Influencer တစ္ေယာက္လည္း ျဖစ္တဲ့ Raquelle Stevens ရဲ႕ ေမာင္ငယ္ေလးလည္း ျဖစ္ပါတယ္။

Caleb Stevens

Selena Gomez နဲ႔ Raquelle Stevens

Selena Gomez နဲ႔ Raquelle Stevens

Caleb Stevens နဲ႔ Raquelle Stevens

ျပီးခဲ့တဲ့ ၾကာသပေတးေန႔ကလည္း Selena နဲ႔ Caleb Stevens ကို နယူးေယာက္ျမိဳ႕ထဲမွာ ေတြ႔ရွိခဲ့ၾကေသးတဲ့အတြက္ ေကာလာဟလေတြက ၾကီးမားလာခဲ့တာပါ။ အဲဒီတုန္းက Selena ပံုစံၾကည့္ရတာေတာ့ တီရွပ္အပြၾကီးဝတ္ထားျပီး ေအးေအးေဆးေဆးပါပဲ။ ေကာင္ေလး Caleb Stevens ကလည္း အနက္ေရာင္အားကစားေဘာင္းဘီနဲ႔ မီးခုိးေရာင္ တီရွပ္နဲ႔ ေပါ့ေပါ့ပါးပါးရွိေနပါတယ္။

Selena Gomez

Selena Gomez

အတြင္းလူေတြကေတာ့ “Selena နဲ႔ Caleb တို႔က လံုးဝသူငယ္ခ်င္းေတြပါပဲ၊ ဒိတ္လုပ္တြဲေနတာမဟုတ္ဘူး” လို႔ ေျပာၾကပါတယ္။ Caleb ဟာ တကယ့္ ခ်ာတိတ္ေလးပဲ ရွိေသးျပီး ေလာ့စ္အိန္ဂ်လိစ္မွာ ရွိတဲ့ Loyola High School ကေန၂၀၁၇ ခုႏွစ္ ဇြန္လကမွ အထက္တန္းေအာင္ထားတာ ျဖစ္ပါတယ္။

ၾကည့္ရတာေတာ့ Raquelle နဲ႔ ခင္တဲ့အတြက္ သူ႔ေမာင္ေလးျဖစ္တဲ့ Caleb Stevens နဲ႔လည္း ရင္းရင္းႏွီးႏွီးတြဲသြားတြဲလာလုပ္တဲ့ပံုေပၚျပီး ဒါကိုပဲ တြဲေနတယ္လို႔ သတင္းပ်ံ႕ေနတာ ျဖစ္ပါေၾကာင္း။

www.akhayar.com

Source : dailymail.co.uk
[Unicode]

Selena Gomez နဲ့ တွဲနေတယ်လို့ သတင်းထွက်နေတဲ့ ဆယ်ကျော်သက်လေး Caleb Steven

Justin Bieber တစ်ယောက် Hailey Baldwin နဲ့ ပြီးခဲ့တဲ့ တစ်ပတ်က စေ့စပ်လိုက်တဲ့အချိန်မှာ Selena Gomez ဘက်မှာတော့ ငြိမ်သက်နေတယ်လို့ ထင်ရပါတယ်။ တကယ်တမ်းတော့ အဲဒီလို မဟုတ်ဘဲ Selena Gomez နဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်တွဲနေတယ်လို့ သတင်းတွေ ပျံ့လွင့်နေတာ ရှိပါတယ်။ အဲဒီဆယ်ကျော်သက်ကောင်လေးရဲ့ နာမည်က Caleb Stevens ဖြစ်ပြီးတော့ Selena Gomez ရဲ့ သူငယ်ချင်း Social Influencer တစ်ယောက်လည်း ဖြစ်တဲ့ Raquelle Stevens ရဲ့ မောင်ငယ်လေးလည်း ဖြစ်ပါတယ်။

Caleb Stevens

Selena Gomez နဲ့ Raquelle Stevens

Selena Gomez နဲ့ Raquelle Stevens

Caleb Stevens နဲ့ Raquelle Stevens

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း Selena နဲ့ Caleb Stevens ကို နယူးယောက်မြို့ထဲမှာ တွေ့ရှိခဲ့ကြသေးတဲ့အတွက် ကောလာဟလတွေက ကြီးမားလာခဲ့တာပါ။ အဲဒီတုန်းက Selena ပုံစံကြည့်ရတာတော့ တီရှပ်အပွကြီးဝတ်ထားပြီး အေးအေးဆေးဆေးပါပဲ။ ကောင်လေး Caleb Stevens ကလည်း အနက်ရောင်အားကစားဘောင်းဘီနဲ့ မီးခိုးရောင် တီရှပ်နဲ့ ပေါ့ပေါ့ပါးပါးရှိနေပါတယ်။

Selena Gomez

Selena Gomez

အတွင်းလူတွေကတော့ “Selena နဲ့ Caleb တို့က လုံးဝသူငယ်ချင်းတွေပါပဲ၊ ဒိတ်လုပ်တွဲနေတာမဟုတ်ဘူး” လို့ ပြောကြပါတယ်။ Caleb ဟာ တကယ့် ချာတိတ်လေးပဲ ရှိသေးပြီး လော့စ်အိန်ဂျလိစ်မှာ ရှိတဲ့ Loyola High School ကနေ၂၀၁၇ ခုနှစ် ဇွန်လကမှ အထက်တန်းအောင်ထားတာ ဖြစ်ပါတယ်။

ကြည့်ရတာတော့ Raquelle နဲ့ ခင်တဲ့အတွက် သူ့မောင်လေးဖြစ်တဲ့ Caleb Stevens နဲ့လည်း ရင်းရင်းနှီးနှီးတွဲသွားတွဲလာလုပ်တဲ့ပုံပေါ်ပြီး ဒါကိုပဲ တွဲနေတယ်လို့ သတင်းပျံ့နေတာ ဖြစ်ပါကြောင်း။

www.akhayar.com

Source : dailymail.co.uk