[Zawgyi]

မိုးရာသီနဲ့ လိုက်ဖက်စေမယ့် Selena Gomez ရဲ့ Fashion Style များ



မိုးအုံ့တဲ့ညနေခင်းတွေမှာ ဒီလို အပြာဖျော့ရောင် လည်ဟိုက် အင်္ကျီလေးနဲ့ Jeans ကို Pencil Heels Sandal လေးနဲ့ တွဲဝတ်တတ်ဖို့လည်း လိုမယ်နော်။



Leather Coat တွေကတော့ မိုးရာသီမှာ Wardrobe ထဲက ထုတ်ကိုဝတ်ရမယ့် Fashion ပါ။

တစ်ခါတလေ ထူထဲထဲအုံ့မှိုင်းမှိုင်းရာသီဥတုကို ဒီလို တက်ကြွစေတဲ့ Bright Color Fashion မျိုးနဲ့လည်း ကျော်ဖြတ်လို့ရပါသေးတယ်။







[Unicode]

မိုးရာသီနဲ့ လိုက်ဖက်စေမယ့် Selena Gomez ရဲ့ Fashion Style များ

မိန်းကလေးဆိုတာမျိုးက နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး ထသွားထလာကအစ ပွဲတက်အဆုံး Fashion ကျကျလှပနေမှ ယုံကြည်မှုပို အလှတိုးစေတာမဟုတ်လား။ အပြင်ထွက်ရင်တောင်မှ ကိုယ့်ဝတ်စားဆင်ယင်မှုက ကိုယ့်စိတ်ကို လုံခြုံစေမှ၊ ယုံကြည်မှုကို ပိုမြှင့်တင်စေမှ လည်းဖြစ်မှာကိုး။ ဒီလို စိုစိုစွတ်စွတ်မိုးရေစက်တွေ၊ မိုးလေတွေနဲ့ ခံစားချက်မမှန်တဲ့ မိုးတွင်းရာသီဥတုမျိုးမှာ ကိုယ့်ဝတ်စားဆင်ယင်မှုက Fashion အကျဆုံးဖြစ်နေစေဖို့ဆို အိမ်ပြင်ကနေ New York လမ်းမတွေပေါ်ခြေတစ်လှမ်းချလိုက်တာနဲ့ သူမရဲ့ Fashion ကိုမြင်သူတိုင်း မချီးကျူးဘဲ မနေနိုင်လောက်အောင် အထာကျတဲ့ Selena Gomez ရဲ့ မိုးရာသီအတွက် အလိုက်ဖက်ဆုံး Fashion တွေနဲ့ Inspiration ယူလိုက်ကြရအောင်။

အုံ့မှိုင်းမှိုင်းရာသီဥတုကိုအန်တုဖို့ Jeans နဲ့ Sweat Shirt အဖြူလေးကို အပေါ်ကLeather Coat အဝါလေးနဲ့ဆို မိုးနေ့တွေရေစိုမှာ ပူစရာမလိုတော့ဘူးလေ။

မိုးအုံ့တဲ့ညနေခင်းတွေမှာ ဒီလို အပြာဖျော့ရောင် လည်ဟိုက် အကျႌလေးနဲ့ Jeans ကို Pencil Heels Sandal လေးနဲ့ တွဲဝတ်တတ်ဖို့လည်း လိုမယ်နော်။

Selena ရဲ့ New York လမ်းမတွေပေါ်က နာမည်အကြီးဆုံး Fashion တစ်ခုပါပဲ။ Flare Jeans နဲ့ အပေါ်က ဆွယ်တာသားအနက်ထည်ကုတ်ဒီဇိုင်းလေးက Ankle Boot အမဲလေးနဲ့ဆိုတော့ Perfect ပါပဲ။

တစ်ခါတစ်လေ မိန်းမဆန်ဆန်လေး ဝတ်ဖို့ဆို ဒီလိုအရောင်ဖျော့လေးတွေနဲ့ Sneaker အဖြူလေးတွေကလည်း Mix Match ပါပဲ။

Leather Coat တွေကတော့ မိုးရာသီမှာ Wardrobe ထဲက ထုုတ်ကိုဝတ်ရမယ့် Fashion ပါ။

တစ်ခါတလေ ထူထဲထဲအုံ့မှိုင်းမှိုင်းရာသီဥတုကို ဒီလိုု တက်ကြွစေတဲ့ Bright Color Fashion မျိုးနဲ့လည်း ကျော်ဖြတ်လို့ရပါသေးတယ်။

နွေးနွေးထွေးထွေးနဲ့ cozy ဖြစ်မယ့် Fashion Taste ပါပဲ။

ခန္ဓာကိုယ်သွယ်သွယ်လေးတွေအတွက် အရမ်းအထာကျမယ့် မိုးရာသီ Fashion မျိုးပါ။

Selena ရဲ့ Jeans Fashion Sense ကတော့ အမြဲတမ်းခေတ်ရေစီးကြောင်းနဲ့ ကွက်တိပါပဲ။

မိုးတွင်းထသွားထလာပွဲတွေအတွက်ကတော့ ဒီလိုအရောင်ရင့်ရင့်လေးနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းလုံးခြုံစေတဲ့ Dress လေးတွေကို ဦးစားပေးရွေးချယ်စေချင်ပါတယ်။

ဒီလောက်ဆို မိုးတွင်းမှာ ဘယ်အပြင်သွားသွား၊ ဘယ် Shopping ထွက်ထွက် အိမ်ပြင်ထွက်တာနဲ့ Fashion ကျ လှပသူတစ်ယောက်အဖြစ်အများက အသိအမှတ်ပြုခံရဖို့ Selena ရဲ့ New York လမ်းမတွေထက်က Fashion လေးတွေထဲက မြန်မာနိုင်ငံနဲ့အဆင်ပြေမယ့် Fashion မျိုးလေးတွေ ရွေးချယ်ကောက်နုတ်ပေးလိုက်ပါတယ်နော်။

EiEiKhineMinn (Akhayar)