[Zawgyi]

Selena တစ္ေယာက္ Timothee Chalamet နဲ႔ အနမ္းေပးခဲ့တာ ဘာအတြက္တဲ့လဲ

Selena Gomez ဆိုတာက ကိုယ္တုိင္လည္း ေအာင္ျမင္ေက်ာ္ၾကားသလို Justin Bieber နဲ႔ ေႏြးေထြးလိုက္၊ ေသြးေအးလိုက္ ဆက္ဆံေရးေၾကာင့္လည္း ပရိသတ္ေတြက အရမ္းစိတ္ဝင္စားခံရသူပါ။ အခုလည္း Call me by Your Name ရဲ့ မင္းသားေလး Timothee Chalamet နဲ႔ လမ္းေပၚမွာ အနမ္းေပးေတြတဲ့ ဓာတ္ပံုေၾကာင့္ ပြဲဆူသြားျပီး ပရိသတ္ေတြ သို႔ေလာ သို႔ေလာ ျဖစ္ေနၾကပါတယ္။

Selena က ရႈပ္တာလားလို႔ ထင္ေနေပမယ့္ တကယ္ေတာ့ ဒီပံုဟာ အေမရိကန္ဒါရို္က္တာ Woody Allen ရဲ့ Film Project အသစ္အတြက္ ဇာတ္ဝင္ခန္းပံုသာ ျဖစ္ပါတယ္။ ဒီဓာတ္ပံုကို မန္ဟက္တန္က Central Park မွာ အဂါၤေန႔က ရိုက္ကူးခဲ့တာလည္း ျဖစ္ပါတယ္။

ဒီဇာတ္ကားမွာ Elle Fanning လည္း ပါဝင္ျပီး သူနဲ႔ Timothee ရဲ့ ပုံေတြကိုလည္း ခုလို ေတြ႔ရပါတယ္။

ပံုထဲမွာ Selena Gomez ဟာ Timothee ကို မိုးရြာထဲမွာ စံုစံုမက္မက္နမ္းေနတာ ျဖစ္ပါတယ္။ ဒါကိုမွ မီဒီယာေတြက ယုန္ထင္၊ ေၾကာင္ထင္ ျဖစ္ေအာင္ ဖြတာ ျဖစ္ပါေၾကာင္း။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

Selena တစ်ယောက် Timothee Chalamet နဲ့ အနမ်းပေးခဲ့တာ ဘာအတွက်တဲ့လဲ

Selena Gomez ဆိုတာက ကိုယ်တိုင်လည်း အောင်မြင်ကျော်ကြားသလို Justin Bieber နဲ့ နွေးထွေးလိုက်၊ သွေးအေးလိုက် ဆက်ဆံရေးကြောင့်လည်း ပရိသတ်တွေက အရမ်းစိတ်ဝင်စားခံရသူပါ။ အခုလည်း Call me by Your Name ရဲ့ မင်းသားလေး Timothee Chalamet နဲ့ လမ်းပေါ်မှာ အနမ်းပေးတွေတဲ့ ဓာတ်ပုံကြောင့် ပွဲဆူသွားပြီး ပရိသတ်တွေ သို့လော သို့လော ဖြစ်နေကြပါတယ်။

Selena က ရှုပ်တာလားလို့ ထင်နေပေမယ့် တကယ်တော့ ဒီပုံဟာ အမေရိကန်ဒါရိုက်တာ Woody Allen ရဲ့ Film Project အသစ်အတွက် ဇာတ်ဝင်ခန်းပုံသာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံကို မန်ဟက်တန်က Central Park မှာ အဂါၤနေ့က ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ Elle Fanning လည်း ပါဝင်ပြီး သူနဲ့ Timothee ရဲ့ ပုံတွေကိုလည်း ခုလို တွေ့ရပါတယ်။

ပုံထဲမှာ Selena Gomez ဟာ Timothee ကို မိုးရွာထဲမှာ စုံစုံမက်မက်နမ်းနေတာ ဖြစ်ပါတယ်။ ဒါကိုမှ မီဒီယာတွေက ယုန်ထင်၊ ကြောင်ထင် ဖြစ်အောင် ဖွတာ ဖြစ်ပါကြောင်း။

Yoe Lu (Akhayar)

www.akhayar.com