[Zawgyi]

ဖိအားေတြေၾကာင့္ ေဟာလီးဝုဒ္ကို စြန္႔ခြာဖို႔ ၾကံစည္ေနတဲ့ Selena Gomez

ခုတေလာ Selena Gomez ရဲ႕ ဘဝဟာ အတက္အက်ေတြ မ်ားလြန္းျပီး ေလာကဓံလႈိင္းတံပုိးေတြ ရိုက္ခတ္တာ ၾကံဳေနရပါတယ္။ အခ်စ္ေရးမွာလည္း Justin Bieber နဲ႔ ျပတ္လိုက္ ဆက္လိုက္ဆက္ဆံေရးေတြ၊ က်န္းမာေရးမွာဆုိလည္း ေက်ာက္ကပ္လဲလွယ္ရတာနဲ႔  ဘဝက ရႈပ္ေထြးေနခဲ့ပါတယ္။

Selena Gomez

Selena Gomez

ဒီလိုေတြ ၾကံဳရတဲ့အျပင္ Designer Stefano Gabbano လို လူမ်ိဳးကအစ အရမ္းရုပ္ဆုိးတယ္လို႔ Comment ေပးခံရတဲ့အတြက္ အျပင္မွာ ဘာမွတ္ခ်က္မွ မေပးေပမယ့္ စိတ္ထဲမွာေတာ့ အေတာ္နာက်င္ခဲ့ရတယ္လို႔ အတြင္းသိေတြက ဆိုပါတယ္။

Stefano Gabbana

Stefano Gabbana

ဒါေၾကာင့္ပဲ အခုဆို Selena Gomez ဟာ ေဟာလီးဝုဒ္ကို စြန္႔ခြာေတာ့မယ္လို႔ သတင္းေတြ ထြက္လာခဲ့ပါျပီ။ သူဟာ ပိုျပီး စိတ္ဖိစီးမႈေတြ ေလ်ာ့နည္းတဲ့ ဝန္းက်င္သစ္တစ္ခုကို ကူးေျပာင္းခ်င္ေနပါတယ္။ သူ႔အေျပာအရေတာ့ “ေဟာလီးဝုဒ္မွာ ရပ္တည္ေနရတဲ့ ဘဝနဲ႔ အတုအေယာင္ဟန္ေဆာင္မႈေတြကို စိတ္ပ်က္ေနခဲ့ပါျပီ” တဲ့။

Selena Gomez and Justin Bieber

Selena Gomez and Justin Bieber

Hollywood တည္ရွိရာ LA ကို စြန္႔ခြာျပီး တည္ျငိမ္ေအးေဆးတဲ့ ျမိဳ႕ကို ေျပာင္းဖို႔ ၾကိဳးစားေနတဲ့ Selena Gomez ဟာ အခုခ်ိန္မွာေတာ့ လန္ဒန္နဲ႔ နက္ရွ္ဗီးလ္ျမိဳ႕ေတြမွာ အခ်ိန္ပိုျဖဳန္းေလ့ရွိပါတယ္။ အတြင္းလူေတြကေတာ့ “သူ႔ရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ Texas ဟာလည္း ေျပာင္းေရႊ႕တဲ့အခါ ေရြးခ်ယ္မႈတစ္ခုျဖစ္မယ္” လို႔ ဆုိပါတယ္။

Justin Bieber and Hailey Baldwin

Justin Bieber and Hailey Baldwin

Selena Gomez ဟာ ဆိတ္ျငိမ္တဲ့ လယ္ေတာအိမ္လို ေနရာမ်ိဳးမွာေန၊ စတူဒီယိုေဆာက္ျပီး သီခ်င္းေတြ ေရးလိုက္ဆိုလိုက္လုပ္ျပီး နားေအးပါးေအးေနခ်င္ေနတယ္လို႔လည္း သိရပါတယ္။

Selena Gomez and Taylor Swift

Selena Gomez and Taylor Swift

ေဟာလီးဝုဒ္ေလာကဟာ Selena Gomez ကို ၾကယ္ပြင့္တစ္ပြင့္ျဖစ္ေအာင္ လုပ္ခဲ့ေပးျပီး ဒီလို ေအာင္ျမင္မႈဒဏ္ေတြကပဲ သူ႔ကို စိတ္ဖိစီးေစခဲ့လို႔ ဘဝကို အသစ္က ျပန္စဖို႔ ၾကံစည္ေနတယ္နဲ႔ တူပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : thehollywoodgossip.com
[Unicode]

ဖိအားတွေကြောင့် ဟောလီးဝုဒ်ကို စွန့်ခွာဖို့ ကြံစည်နေတဲ့ Selena Gomez

ခုတလော Selena Gomez ရဲ့ ဘဝဟာ အတက်အကျတွေ များလွန်းပြီး လောကဓံလှိုင်းတံပိုးတွေ ရိုက်ခတ်တာ ကြုံနေရပါတယ်။ အချစ်ရေးမှာလည်း Justin Bieber နဲ့ ပြတ်လိုက် ဆက်လိုက်ဆက်ဆံရေးတွေ၊ ကျန်းမာရေးမှာဆိုလည်း ကျောက်ကပ်လဲလှယ်ရတာနဲ့  ဘဝက ရှုပ်ထွေးနေခဲ့ပါတယ်။

Selena Gomez

Selena Gomez

ဒီလိုတွေ ကြုံရတဲ့အပြင် Designer Stefano Gabbano လို လူမျိုးကအစ အရမ်းရုပ်ဆိုးတယ်လို့ Comment ပေးခံရတဲ့အတွက် အပြင်မှာ ဘာမှတ်ချက်မှ မပေးပေမယ့် စိတ်ထဲမှာတော့ အတော်နာကျင်ခဲ့ရတယ်လို့ အတွင်းသိတွေက ဆိုပါတယ်။

Stefano Gabbana

Stefano Gabbana

ဒါကြောင့်ပဲ အခုဆို Selena Gomez ဟာ ဟောလီးဝုဒ်ကို စွန့်ခွာတော့မယ်လို့ သတင်းတွေ ထွက်လာခဲ့ပါပြီ။ သူဟာ ပိုပြီး စိတ်ဖိစီးမှုတွေ လျော့နည်းတဲ့ ဝန်းကျင်သစ်တစ်ခုကို ကူးပြောင်းချင်နေပါတယ်။ သူ့အပြောအရတော့ “ဟောလီးဝုဒ်မှာ ရပ်တည်နေရတဲ့ ဘဝနဲ့ အတုအယောင်ဟန်ဆောင်မှုတွေကို စိတ်ပျက်နေခဲ့ပါပြီ” တဲ့။

Selena Gomez and Justin Bieber

Selena Gomez and Justin Bieber

Hollywood တည်ရှိရာ LA ကို စွန့်ခွာပြီး တည်ငြိမ်အေးဆေးတဲ့ မြို့ကို ပြောင်းဖို့ ကြိုးစားနေတဲ့ Selena Gomez ဟာ အခုချိန်မှာတော့ လန်ဒန်နဲ့ နက်ရှ်ဗီးလ်မြို့တွေမှာ အချိန်ပိုဖြုန်းလေ့ရှိပါတယ်။ အတွင်းလူတွေကတော့ “သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ Texas ဟာလည်း ပြောင်းရွှေ့တဲ့အခါ ရွေးချယ်မှုတစ်ခုဖြစ်မယ်” လို့ ဆိုပါတယ်။

Justin Bieber and Hailey Baldwin

Justin Bieber and Hailey Baldwin

Selena Gomez ဟာ ဆိတ်ငြိမ်တဲ့ လယ်တောအိမ်လို နေရာမျိုးမှာနေ၊ စတူဒီယိုဆောက်ပြီး သီချင်းတွေ ရေးလိုက်ဆိုလိုက်လုပ်ပြီး နားအေးပါးအေးနေချင်နေတယ်လို့လည်း သိရပါတယ်။

Selena Gomez and Taylor Swift

Selena Gomez and Taylor Swift

ဟောလီးဝုဒ်လောကဟာ Selena Gomez ကို ကြယ်ပွင့်တစ်ပွင့်ဖြစ်အောင် လုပ်ခဲ့ပေးပြီး ဒီလို အောင်မြင်မှုဒဏ်တွေကပဲ သူ့ကို စိတ်ဖိစီးစေခဲ့လို့ ဘဝကို အသစ်က ပြန်စဖို့ ကြံစည်နေတယ်နဲ့ တူပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : thehollywoodgossip.com