[Zawgyi]










Yoe Lu (Akhayar)

www.akhayar.com

Source : eonline.com
[Unicode]

Selena Gomez ရဲ့ မွေးနေ့ကို Taylor Swift ဘာလက်ဆောင်ပို့လိုက်တာလဲ

Pop Star Selena Gomez ကတော့ ဇူလိုင် ၂၂ ရက် ၂၀၁၈ ခုနှစ် ပြီးခဲတဲ့ တနင်္ဂနွေနေ့ မှာ အသက် ၂၆ နှစ်ပြည့်ခဲ့ပါပြီ။ သူ့ရဲ့ မွေးနေ့ကိုတော့ သူ့သူငယ်ချင်းတွေနဲ့ တစ်ရက်စောပြီး ပါတီပွဲလေး ပြုလုပ်ခဲ့ပါတယ်။

သူ့မွေးနေ့ဆင်နွှဲနေတဲ့ ပုံလေးတွေကို သူ့သူငယ်ချင်းအဆိုတော် Grace VanderWaal ကလည်း IG မှာ ဓာတ်ပုံတင်ပြီး ဆုတောင်းပေးခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ Selena တစ်ယောက် ဂျင်း Jumpsuit လေးနဲ့ လှပနေပြီး သူ့ကို မွေးနေ့ Surprise လုပ်ပေးလို့ ပျော်ရွှင်နေပုံလည်း ရပါတယ်။

Selena ရဲ့ မွေးနေ့ပါတီ

Selena ရဲ့ မွေးနေ့ပါတီ

Selena ရဲ့ ဆယ်လီသူငယ်ချင်းနောက်တစ်ယောက်ဖြစ်တဲ့ Taylor Swift ဟာလည်း နယူးဂျာစီမြို့မှာ ဖျော်ဖြေနေရတဲ့အတွက် သူ့သူငယ်ချင်းလေးမွေးနေ့မှာ ရှိမပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း မွေးနေ့အမှတ်တရကိုတော့ သူ့ရဲ့ IG မှာ ပန်းရောင်မွေးနေ့ကိတ်လေး တင်ပြီး Selena ကို ဂုဏ်ပြုပေးခဲ့ပါတယ်။ ကိတ်ပေါ်မှာတော့ “26” ဆိုတဲ့ ကိန်းဂဏန်းနဲ့ “Gomez or Go Home” ဆိုတဲ့ စာသားလေးနဲ့ပါ။

Taylor Swift ပို့လိုက်တဲ့ Selena အတွက် မွေးနေ့ကိတ်

Taylor Swift ပို့လိုက်တဲ့ Selena အတွက် မွေးနေ့ကိတ်

Selena ရဲ့ အောင်မြင်မှုအတက်အကျ အချစ်အရေးအရှုပ်အထွေးတွေကြားမှာပဲ အသက် ၂၆ နှစ်ပြည့်သွားခဲ့ပါပြီ။ ဘယ်လိုပဲ အခက်အခဲတွေ တွေ့တွေ့ သူငယ်ချင်းတွေကတော့ ဘေးမှာ အမြဲရှိနေတာဟာ ကောင်းချီးတစ်ခုပါပဲ။ Happy Birthday ပါ Selena ရေ….။

Yoe Lu (Akhayar)

www.akhayar.com

Source : eonline.com