ေမွ်ာ္ေနၾကတဲ့ Justice League ျမန္မာမွာ ရုံတင္ရက္ေနာက္ဆုတ္

[Zawgyi]

ေမွ်ာ္ေနၾကတဲ့ Justice League ျမန္မာမွာ ရုံတင္ရက္ေနာက္ဆုတ္

DC Film ရဲ့ Justice League ဇာတ္ကားသစ္ၾကီးမွာ Ben Affleck က Batman အျဖစ္၊ Henry Cavill က Superman အျဖစ္၊ Gal Gadot က Wonder Woman အျဖစ္၊ Ezra Miller က The Flash အျဖစ္၊ Jason Momoa က Aquaman အျဖစ္၊ Ray Fisher က Cyborg အျဖစ္၊ Amy Adams က Lois Lane အျဖစ္သရုပ္ေဆာင္ထားတဲ့အျပင္ Amber Heard ကလည္း Mera အျဖစ္ သရုပ္ေဆာင္ထားျပီး DCEU (DC Extended Universe) ရဲ့ ငါးကားေျမာက္ ဇာတ္ကားဆိုေတာ့လည္း ေမွ်ာ္ေနရတာ အဆန္းေတာ့ မဟုတ္ပါဘူး။

ဒါေပမယ့္ ျမန္မာႏုိင္ငံမွာေတာ့ ျမန္မာဇာတ္ကားသစ္ေတြနဲ႔ ရုံတင္ရက္တုိက္ဆိုင္ေနတဲ့အတြက္ ေနာက္ဆုတ္ျပသဖြယ္ရွိေနပါတယ္။ မဂၤလာရုပ္ရွင္ရုံေတြကို ဆက္သြယ္ေမးျမန္းၾကည့္တဲ့အခါ ဒီတစ္ပတ္ေသာၾကာမွာ “ေဖ့စ္ဘုတ္ဘုရင္မ” ရုံတင္မွာ ျဖစ္ျပီး Justice League ကေတာ့ တင္မတင္ Plan မသိရေသးဘူးလို႔ ဆိုပါတယ္။ JCGV ရုံမ်ားကို ေမးျမန္းၾကည့္တဲ့အခါမွာလည္း Justice League တင္မဟုတ္ဘဲ အျခားဇာတ္ကားမ်ားအတြက္ ပြဲခ်ိန္အစီအစဥ္မထြက္ေသးဘူးလို႔ ေျဖၾကားထားပါတယ္။ JCGV ရဲ့ Facebook Page မွာေတာ့ ဒီတစ္ပတ္ေသာၾကာ ၁၇.၁၁.၂၀၁၇ မွာ “ပက္ပက္စက္စက္ညိႈ႔” ျမန္မာဇာတ္ကားသစ္ရုံတင္မယ္လို႔ Post တင္ထားပါတယ္။

“ေဖ့စ္ဘုတ္ဘုရင္မ”ဇာတ္ကားမွာေတာ့ လူမင္း၊ ေက်ာ္ေက်ာ္ဗိုလ္၊ ေရႊမႈန္ရတီတုိ႔ ပါဝင္ျပီး Facebook ေပၚက ျဖစ္ပ်က္သမွ်ေတြကို ဟာသေႏွာရိုက္ကူးထားတယ္လို႔ဆုိျပီး “ပက္ပက္စက္စက္ညိႈ႔” ဇာတ္ကားမွာေတာ့ မတူညီတဲ့ နယ္ပယ္က ေနတိုး၊ မုိးစက္ဝုိင္နဲ႔ ေရႊထူးတို႔ရဲ့ သရုပ္ေဆာင္မႈေတြကို ဒါရုိက္တာ သားညီက လက္စြမ္းျပထားတယ္လို႔ ဆုိပါတယ္။

DC Film ရဲ့ Justice League ဇာတ္ကားသစ္ၾကီးကို US နဲ႔ကမာၻမွာ ႏုိဝင္ဘာလ ၁၇ ရက္ေန႔မွာ စတင္ ျပသေတာ့မွာ ျဖစ္တဲ့အတြက္ အခ်ိန္နဲ႔ တေျပးညီ ၾကည့္ခ်င္တဲ့ ျမန္မာ DC ပရိသတ္ေတြအေနနဲ႔ေတာ့ စိတ္ပ်က္လက္ပ်က္ျဖစ္ေနၾကမွာ အမွန္ပါပဲခင္ဗ်ား။

www.akhayar.com

[Unicode]

မျှော်နေကြတဲ့ Justice League မြန်မာမှာ ရုံတင်ရက်နောက်ဆုတ်

DC Film ရဲ့ Justice League ဇာတ်ကားသစ်ကြီးမှာ Ben Affleck က Batman အဖြစ်၊ Henry Cavill က Superman အဖြစ်၊ Gal Gadot က Wonder Woman အဖြစ်၊ Ezra Miller က The Flash အဖြစ်၊ Jason Momoa က Aquaman အဖြစ်၊ Ray Fisher က Cyborg အဖြစ်၊ Amy Adams က Lois Lane အဖြစ်သရုပ်ဆောင်ထားတဲ့အပြင် Amber Heard ကလည်း Mera အဖြစ် သရုပ်ဆောင်ထားပြီး DCEU (DC Extended Universe) ရဲ့ ငါးကားမြောက် ဇာတ်ကားဆိုတော့လည်း မျှော်နေရတာ အဆန်းတော့ မဟုတ်ပါဘူး။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ မြန်မာဇာတ်ကားသစ်တွေနဲ့ ရုံတင်ရက်တိုက်ဆိုင်နေတဲ့အတွက် နောက်ဆုတ်ပြသဖွယ်ရှိနေပါတယ်။ မင်္ဂလာရုပ်ရှင်ရုံတွေကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ဒီတစ်ပတ်သောကြာမှာ “ဖေ့စ်ဘုတ်ဘုရင်မ” ရုံတင်မှာ ဖြစ်ပြီး Justice League ကတော့ တင်မတင် Plan မသိရသေးဘူးလို့ ဆိုပါတယ်။ JCGV ရုံများကို မေးမြန်းကြည့်တဲ့အခါမှာလည်း Justice League တင်မဟုတ်ဘဲ အခြားဇာတ်ကားများအတွက် ပွဲချိန်အစီအစဉ်မထွက်သေးဘူးလို့ ဖြေကြားထားပါတယ်။ JCGV ရဲ့ Facebook Page မှာတော့ ဒီတစ်ပတ်သောကြာ ၁၇.၁၁.၂၀၁၇ မှာ “ပက်ပက်စက်စက်ညှို့” မြန်မာဇာတ်ကားသစ်ရုံတင်မယ်လို့ Post တင်ထားပါတယ်။

“ဖေ့စ်ဘုတ်ဘုရင်မ”ဇာတ်ကားမှာတော့ လူမင်း၊ ကျော်ကျော်ဗိုလ်၊ ရွှေမှုန်ရတီတို့ ပါဝင်ပြီး Facebook ပေါ်က ဖြစ်ပျက်သမျှတွေကို ဟာသနှောရိုက်ကူးထားတယ်လို့ဆိုပြီး “ပက်ပက်စက်စက်ညှို့” ဇာတ်ကားမှာတော့ မတူညီတဲ့ နယ်ပယ်က နေတိုး၊ မိုးစက်ဝိုင်နဲ့ ရွှေထူးတို့ရဲ့ သရုပ်ဆောင်မှုတွေကို ဒါရိုက်တာ သားညီက လက်စွမ်းပြထားတယ်လို့ ဆိုပါတယ်။

DC Film ရဲ့ Justice League ဇာတ်ကားသစ်ကြီးကို US နဲ့ကမ္ဘာမှာ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စတင် ပြသတော့မှာ ဖြစ်တဲ့အတွက် အချိန်နဲ့ တပြေးညီ ကြည့်ချင်တဲ့ မြန်မာ DC ပရိသတ်တွေအနေနဲ့တော့ စိတ်ပျက်လက်ပျက်ဖြစ်နေကြမှာ အမှန်ပါပဲခင်ဗျား။