[Zawgyi]

Idol ကုိ စိတ္ဝင္စားဖြယ္ အေၾကာင္းအရာေတြ ေမးရင္းနဲ႔ ဆုမဲေတြ ထုတ္ယူၾကမယ္

ပရိသတ္ေတြအဖုိ႔ ကုိယ္ျမတ္ႏုိးရတဲ့ အႏုပညာရွင္ေတြရဲ႕အေၾကာင္းကုိ စိတ္ဝင္စားၾကတာ ဓမၼတာပါပဲ။ ရုပ္ရွင္၊ ဂီတ၊ စာေပနယ္ပယ္က ေအာင္ျမင္ေနတဲ့ အႏုပညာရွင္ေတြရဲ႕ေနာက္ကြယ္မွာ လူတုိင္းစိတ္ဝင္စားၾကတဲ့ အေၾကာင္းအရာေတြ ရွိၾကပါတယ္။ ခံစားခ်က္ကုိ အေျခခံၿပီး အႏုပညာကုိ ဖန္တီးျဖစ္တဲ့အေၾကာင္းေတြ၊ ဖန္တီးမႈေနာက္ကြယ္က နာက်င္မႈေတြနဲ႔ ေပးဆပ္အားထုတ္မႈေတြဆုိတာ ပရိသတ္ေတြ သိခ်င္ၾကတဲ့ အေၾကာင္းအရာေတြပါပဲ။ တကယ္လုိ႔မ်ား ပရိသတ္ေတြအေနနဲ႔ ကုိယ့္ Idol ကုိ စိတ္ဝင္စားတဲ့ေမးခြန္းေတြကုိ ေမးျမန္းႏုိင္မယ္ဆုိရင္ေတာ့ ေပ်ာ္ရမွာပါပဲ။

ဒ့ါအျပင္ ပရိသတ္ေတြအေနနဲ႔လည္း သူတုိ႔စိတ္ဝင္စားၾကတဲ့ အေၾကာင္းအရာမ်ိဳးစုံကုိ Idol အႏုပညာရွင္ကုိ နဖူးေတြ႕ ဒူးေတြ႕ေမးျမန္ႏုိင္ရုံမက ဆုေတြပါ ကံထူးဖုိ႔ ၾကံဳလာရင္ေတာ့ “သားေရႊအုိး ထမ္း” တဲ့ကိန္းပါပဲ။ ကုိယ္သိခ်င္တဲ့အေၾကာင္းအရာကုိ ေမးျမန္းႏုိင္ၿပီး ကုိယ့္အႏုပညာရွင္က Live Video က ေျဖဆုိဖုိ႔ဆုိတာက အိပ္မက္တစ္ခုလုိ႔ေတာင္ ျဖစ္ေနပါၿပီ။ အခုဆိုရင္ Grand Royal Smooth Whisky ကေန တစ္လမွာ ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ဆီက ပရိသတ္သိလုိတဲ့အေၾကာင္းအရာကုိ ေမးျမန္းႏုိင္ရုံမက ကံစမ္းမဲေတြကုိပါ ရရွိႏုိင္မယ့္ အစီအစဥ္တစ္ခုကုိ မိတ္ဆက္လုိက္တာပါပဲ။

စိတ္ဝင္သြားၾကၿပီ ဟုတ္။ ၿပီးခဲ့တဲ့ အပတ္တုန္းကလည္း Grand Royal Smooth Whisky ဟာ ေတးသံရွင္ သာဒီးလူနဲ႔ ေတြ႕ဆုံေပးမယ္လုိ႔ လူမႈကြန္ရက္က တရားဝင္ေၾကညာခဲ့ၿပီး ပရိသတ္ေတြအေနနဲ႔ သိလုိတဲ့အေၾကာင္းအရာေတြကုိ Comment မွာ ေရးသားေစပါတယ္။ ပရိသတ္ (၅) ဦးကုိ ကံထူးရွင္အျဖစ္ ေရြးခ်ယ္ခဲ့ၿပီး သူတုိ႔သိလုိတဲ့အေၾကာင္းအရာေတြကုိ Idol ႀကီး သာဒီးလူက ေနာက္တစ္ပတ္ Live Video မွာ ေျဖေပးရုံမက ေတးသီခ်င္းေတြနဲ႔ပါ ေဖ်ာ္ေျဖခဲ့ပါတယ္။ ေရြးခ်ယ္လုိက္တဲ့ ကံထူးရွင္ (၅) ဦးကုိလည္း သာဒီးလူရဲ႕ လက္မွတ္ပါတဲ့ ဂစ္တာလွလွေလးေတြကုိ လက္ေဆာင္ေပးခဲ့ပါေသးတယ္။

Grand Royal Smooth Whisky ဟာ တစ္လမွာ အႏုပညာရွင္တစ္ဦးႏႈန္း မိတ္ဆက္ေပးသြားမွာျဖစ္ၿပီး ပရိသတ္ေတြအေနနဲ႔ သိလုိတဲ့အေၾကာင္းအရာေတြကုိ ေမးျမန္းႏုိင္ရုံမက လက္ေဆာင္ဆုမဲေတြကုိ ကံထူးဖုိ႔ အခြင့္အလမ္းရွိျပန္ပါတယ္။ ဒါ့ေၾကာင့္ Grand Royal Smooth Whisky အေနနဲ႔ ေနာက္လမွာ ဘယ္လုိအႏုပညာရွင္မ်ိဳးနဲ႔ ပရိသတ္ေတြကုိ မိတ္ဆက္ေပးသြားမယ္ဆုိတာ ရင္ခုန္ေစာင့္စားဖုိ႔ See First လုပ္ထားၾကပါလုိ႔ လက္တုိ႔ေျပာလုိက္ပါတယ္။

အခရာ (www.akhayar.com)

[Unicode]

Idol ကို စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ မေးရင်းနဲ့ ဆုမဲတွေ ထုတ်ယူကြမယ်

ပရိသတ်တွေအဖို့ ကိုယ်မြတ်နိုးရတဲ့ အနုပညာရှင်တွေရဲ့အကြောင်းကို စိတ်ဝင်စားကြတာ ဓမ္မတာပါပဲ။ ရုပ်ရှင်၊ ဂီတ၊ စာပေနယ်ပယ်က အောင်မြင်နေတဲ့ အနုပညာရှင်တွေရဲ့နောက်ကွယ်မှာ လူတိုင်းစိတ်ဝင်စားကြတဲ့ အကြောင်းအရာတွေ ရှိကြပါတယ်။ ခံစားချက်ကို အခြေခံပြီး အနုပညာကို ဖန်တီးဖြစ်တဲ့အကြောင်းတွေ၊ ဖန်တီးမှုနောက်ကွယ်က နာကျင်မှုတွေနဲ့ ပေးဆပ်အားထုတ်မှုတွေဆိုတာ ပရိသတ်တွေ သိချင်ကြတဲ့ အကြောင်းအရာတွေပါပဲ။ တကယ်လို့များ ပရိသတ်တွေအနေနဲ့ ကိုယ့် Idol ကို စိတ်ဝင်စားတဲ့မေးခွန်းတွေကို မေးမြန်းနိုင်မယ်ဆိုရင်တော့ ပျော်ရမှာပါပဲ။

ဒ့ါအပြင် ပရိသတ်တွေအနေနဲ့လည်း သူတို့စိတ်ဝင်စားကြတဲ့ အကြောင်းအရာမျိုးစုံကို Idol အနုပညာရှင်ကို နဖူးတွေ့ ဒူးတွေ့မေးမြန်နိုင်ရုံမက ဆုတွေပါ ကံထူးဖို့ ကြုံလာရင်တော့ “သားရွှေအိုး ထမ်း” တဲ့ကိန်းပါပဲ။ ကိုယ်သိချင်တဲ့အကြောင်းအရာကို မေးမြန်းနိုင်ပြီး ကိုယ့်အနုပညာရှင်က Live Video က ဖြေဆိုဖို့ဆိုတာက အိပ်မက်တစ်ခုလို့တောင် ဖြစ်နေပါပြီ။ အခုဆိုရင် Grand Royal Smooth Whisky ကနေ တစ်လမှာ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆီက ပရိသတ်သိလိုတဲ့အကြောင်းအရာကို မေးမြန်းနိုင်ရုံမက ကံစမ်းမဲတွေကိုပါ ရရှိနိုင်မယ့် အစီအစဉ်တစ်ခုကို မိတ်ဆက်လိုက်တာပါပဲ။

စိတ်ဝင်သွားကြပြီ ဟုတ်။ ပြီးခဲ့တဲ့ အပတ်တုန်းကလည်း Grand Royal Smooth Whisky ဟာ တေးသံရှင် သာဒီးလူနဲ့ တွေ့ဆုံပေးမယ်လို့ လူမှုကွန်ရက်က တရားဝင်ကြေညာခဲ့ပြီး ပရိသတ်တွေအနေနဲ့ သိလိုတဲ့အကြောင်းအရာတွေကို Comment မှာ ရေးသားစေပါတယ်။ ပရိသတ် (၅) ဦးကို ကံထူးရှင်အဖြစ် ရွေးချယ်ခဲ့ပြီး သူတို့သိလိုတဲ့အကြောင်းအရာတွေကို Idol ကြီး သာဒီးလူက နောက်တစ်ပတ် Live Video မှာ ဖြေပေးရုံမက တေးသီချင်းတွေနဲ့ပါ ဖျော်ဖြေခဲ့ပါတယ်။ ရွေးချယ်လိုက်တဲ့ ကံထူးရှင် (၅) ဦးကိုလည်း သာဒီးလူရဲ့ လက်မှတ်ပါတဲ့ ဂစ်တာလှလှလေးတွေကို လက်ဆောင်ပေးခဲ့ပါသေးတယ်။

Grand Royal Smooth Whisky ဟာ တစ်လမှာ အနုပညာရှင်တစ်ဦးနှုန်း မိတ်ဆက်ပေးသွားမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ သိလိုတဲ့အကြောင်းအရာတွေကို မေးမြန်းနိုင်ရုံမက လက်ဆောင်ဆုမဲတွေကို ကံထူးဖို့ အခွင့်အလမ်းရှိပြန်ပါတယ်။ ဒါ့ကြောင့် Grand Royal Smooth Whisky အနေနဲ့ နောက်လမှာ ဘယ်လိုအနုပညာရှင်မျိုးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးသွားမယ်ဆိုတာ ရင်ခုန်စောင့်စားဖို့ See First လုပ်ထားကြပါလို့ လက်တို့ပြောလိုက်ပါတယ်။

အခရာ (www.akhayar.com)