[ZawGyi]

19$ တည္းနဲ႔ အမ်ိဳးေပါင္း ၁၀၀ ေက်ာ္ စားရမယ့္ Sedona ရဲ႕ Dim Sum Buffet

Sedona Hotel ဆိုတာက ျမန္မာႏိုင္ငံရဲ႕ Hotel ေခတ္ဦးကာလတည္းက နာမည္ႀကီးခဲ့တဲ့ ထိပ္တန္း Hotel ႀကီးေပါ့။ ခုေနာက္ပိုင္း Hotel ေတြအားလံုးက Buffet ေတြ အၿပိဳင္အဆိုင္ တည္ခင္းလာၾကတဲ့အခါ Sedona ကလည္း တမူထူးျခားတဲ့ Dim Sum Buffet ကို 19.9$ တည္းနဲ႔ အမ်ိဳးေပါင္း ၁၀၀ ေက်ာ္ တည္ခင္းေတာ့မယ္ဆိုေတာ့ Akhayar က စိတ္ဝင္စားလြန္းလို႔ တကူးတကကို သြားေရာက္ျမည္းစမ္းၿပီး တကယ္မ်ား တန္ရဲ႕လား ဟုတ္ေရာဟုတ္ရဲ႕လားဆိုတဲ့ အရသာနဲ႔ ေစ်းႏႈန္း၊ စိတ္ေက်နပ္မႈ အေထြေထြကို ေသခ်ာေလး တင္ျပေပးလိုက္ရပါတယ္ေနာ္။

Dim Sum အမ်ိဳးေပါင္း အစံုုအလင္

19$ ပဲ ေပးရမယ့္ Dim Sum Buffet ဆိုေတာ့ ပံုမွန္ဆိုင္ေကာင္းေကာင္းေတြမွာ စားရင္ေတာင္ ဆယ္ပြဲေလာက္နဲ႔ တစ္ေသာင္းေလာက္က်ေနခ်ိန္ ၂ေသာင္းေက်ာ္ေလးနဲ႔ Dim Sum ေရာ၊ အခ်ိဳပြဲေတြနဲ႔ ထမင္းေၾကာ္၊ ေခါက္ဆြဲေၾကာ္၊ ၾကာဆံေၾကာ္၊ ဆန္ျပဳတ္၊ နန္းျပားေၾကာ္ အစံုအလင္စားရမွာဆိုေတာ့ကာ ဘာေျပာေကာင္းမလဲ အေတြးထဲမွာေတာ့ Hotel စာ Buffet ၂ေသာင္းေက်ာ္က တန္တယ္ထင္ေနတာခ်ည္း။ တကယ္တန္မတန္ေတာ့ ဆက္ၿပီး ဖတ္ၾကပါဦးလို႔။

ဆိုင္အၿပင္အဆင္

Sedona Hotel အတြင္းဘက္က Du Fu ဆိုတဲ့ Chinese Restaurant က တည္ခင္းတဲ့ ဒီ Buffet က ေန႔လည္စာနဲ႔ ညစာ ၂ မ်ိဳးရွိၿပီး ေန႔လည္စာဆို ၁၁:၃၀ ကေန ၂:၃၀ ထိ ရပါတယ္တဲ့။ ညစာဆို ၆:၀၀ ကေန ၁၀:၀၀ ထိ ရတယ္ဆိုေတာ့ မဆိုးဘူးေျပာရမယ္။

ဆိုင္အျပင္အဆင္က တ႐ုတ္႐ိုးရာအတိုင္းျပင္ထားတာကိုမွ တ႐ုတ္သီခ်င္းေလးေတြ ပ်ံ႕လြင့္ေနတာ တကယ္ ႐ိုး႐ိုးေလးပဲ။ လူအဖြဲ႕နဲ႔လာရင္ ပိုက္ဆံအပိုမေပးရဘဲ VIP ခန္းေတြ ေပးတယ္။ ေအးေအးေဆးေဆးတိတ္တိတ္ဆိတ္ဆိတ္ေလးဆိုေတာ့ Quality Time အစစ္ပဲ။

Menu မွာ Dim Sum ၊ ဆန္ျပဳတ္၊ အေၾကာ္၊ အေလွာ္၊ ဖက္ထုပ္နဲ႔ အခ်ိဳပြဲေတြအပါအဝင္ အားလံုးေပါင္း အမ်ိဳး ၁၁၀ ေက်ာ္ရွိတယ္။ အေအး Drinks ဘာမွမပါဘူး။ Tea တစ္အိုးမယူမျဖစ္ ယူရပါတယ္။ အဲ့တစ္အိုးက တစ္ေဒၚလာထပ္ေပးရတယ္။ ဒီတစ္ခုေတာ့ စိတ္ထဲ ေတာ္ေတာ္ဘဝင္မက်ပါဘူး။ 19.9$ ယူထားၿပီး Tea ေတာင္ Free Service မေပးဘဲ ထပ္ေကာက္တာေတာ့ သေဘာမက်စရာၾကီးေနာ္။

Dim Sum ေတြကေတာ့ ေတာ္ေတာ္အစံုပဲ။ အမ်ိဳးအစား ၁၀၀ ေက်ာ္ဆိုေတာ့ ရွယ္စားပါလိမ့္။ တစ္ပြဲကို ျမန္မာေငြ ၂၅၀ ဝန္းက်င္ပဲ ရွိေတာ့မယ္။ တစ္ခုပဲ။ မွာမွ ခ်က္ခ်င္း အသားေတြကို ျပင္ဆင္ၿပီး ေပါင္းေပးတာပါဆိုေတာ့ ၾကာတာမွေတာ္ေတာ္ကို ေစာင့္လိုက္ရတယ္။

၁၂:၃၀ မွာ ေရာက္တဲ့ ကိုယ့္အတြက္ ဝိုင္းအမ်ားႀကီးလည္း မရွိတဲ့အေျခအေနမ်ိဳးမွာ မွာထားတာ မိနစ္ ၃၀ ေလာက္ ေစာင့္လိုက္ရၿပီး ေနာက္ဆံုး ၂ နာရီခြဲခါနီးမွ လက္က်န္ေတြ ေရာက္လာတယ္။ Buffet ခ်ိန္က ၁၁:၃၀ ကေန ၂:၃၀ ဆိုေတာ့ အဲ့ခ်ိန္မွ ေရာက္လာတာေတြက် စိတ္မပါေတာ့ဘူး။ ၿပီးေတာ့ က်န္တဲ့ ပြဲေတြက်န္နဲ႔ Ordering ပိုင္းမွာေတာ့ ေတာ္ေတာ္ကို အဆင္မေျပခဲ့ဘူး။

ဒါေပမယ့္ Dim Sum အေပါင္း ၈၀ မ်ိဳးေလာက္ရယ္၊ မန္ထို ၁၀ မ်ိဳး၊အေႀကာ္အေလွာ္ ၁၀ မ်ိဳး၊ အခ်ိဳပြဲ ၁၀ မ်ိဳး၊ တ႐ုတ္႐ိုးရာအရသာေတြကို အရသာရွိရွိ စားရတယ္။ ကိုယ္ဆို ဝက္နံ႐ိုး Crazy ဆိုေတာ့ သူ႔ဝက္နံ႐ိုးေလးစားရတာ ႏူးအိခ်ိဳေနတာ။ နံ႐ိုးနားကပ္တဲ့အသားက အခ်ိဳဆံုးမဟုတ္လား။

အရသာ အေနနဲ႔ဆို တကယ္ လတ္လတ္ဆတ္ဆတ္ပဲ။ Dim Sum အရသာေကာင္းေကာင္း ႏူးညံ့ေမႊးအိေနတာမ်ိဳး။ ေပါင္းထားတဲ့ အနံ႔ေလးက ေမႊးတက္ေနၿပီး စားရင္းနဲ႔ စိတ္ေက်နပ္ရတဲ့ အရသာမ်ိဳးပါ။ မွာတာၾကာလို႔ စိတ္မရွည္တာေတြက သူ႔အရသာေၾကာင့္ စိတ္ေတာင္နည္းနည္းေျပသြားသလိုပဲ။ Dim Sum သမားေတြ၊ လူႀကီးမိဘေတြ အတြက္ ဒီ Sedona Buffet ကိုေတာ့ ေထာက္ခံပါတယ္။

19.9$ နဲ႔ တန္လားဆို အရသာအရ တန္ပါတယ္။ စိတ္ေက်နပ္မႈအေနနဲ႔ဆို ေစာင့္ႏိုင္မွသြားပါ။ ဒါမွမဟုတ္ရင္ လာခါနီး နာရီဝက္အႀကိဳမွာ ေကာင္းႏိုးရာရာခ်ေပးဖို႔ ႀကိဳတင္ဖုန္းဆက္ထားပါ။ တျခားထမင္းေပါင္း၊ ေခါက္ဆြဲေၾကာ္၊ နန္းျပား အရသာေတြလည္း ပံုမွန္တစ္ပြဲ 12$ ေလာက္ဟာေတြကို ႀကိဳက္သေလာက္ အဝစားဆိုေတာ့ တန္ပါတယ္။ မွာမွလုပ္ေပးလို႔ ေစာင့္ရတဲ့အတြက္ေတာ့ ႀကိဳတင္ျပင္ဆင္သြားၾကပါလို႔ Sedona DimSum Buffet စိတ္ဝင္စားေနတဲ့သူေတြအတြက္ Akhayar မွ ပြင့္ပြင့္လင္းလင္း တင္ျပေပးလိုက္ပါတယ္ေနာ္။

Reserve လုပ္ထားခ်င္တယ္ဆိုရင္ေတာ့ ေမလ ၁၅ ရက္ေန႔ကေန ဇြန္လ ၃၀ ရက္ေန႔ထိ ဒီ Buffet ရွိပါတယ္တဲ့။ Sedona Hotel ရဲ႕ ဖုန္းနံပါတ္ 018605377 ကိုဆက္လို႔ရပါတယ္။ လူမျပည့္ခင္ေတာ့ ေန႔လည္လား၊ ညလား ႀကိဳက္ရာႀကိဳေရြးထားလိုက္ေနာ္။

EiEiKhineMinn ( Akhayar )

[Unicode]

19$ တည်းနဲ့ အမျိုးပေါင်း ၁၀၀ ကျော် စားရမယ့် Sedona ရဲ့ Dim Sum Buffet

Sedona Hotel ဆိုတာက မြန်မာနိုင်ငံရဲ့ Hotel ခေတ်ဦးကာလတည်းက နာမည်ကြီးခဲ့တဲ့ ထိပ်တန်း Hotel ကြီးပေါ့။ ခုနောက်ပိုင်း Hotel တွေအားလုံးက Buffet တွေ အပြိုင်အဆိုင် တည်ခင်းလာကြတဲ့အခါ Sedona ကလည်း တမူထူးခြားတဲ့ Dim Sum Buffet ကို 19.9$ တည်းနဲ့ အမျိုးပေါင်း ၁၀၀ ကျော် တည်ခင်းတော့မယ်ဆိုတော့ Akhayar က စိတ်ဝင်စားလွန်းလို့ တကူးတကကို သွားရောက်မြည်းစမ်းပြီး တကယ်များ တန်ရဲ့လား ဟုတ်ရောဟုတ်ရဲ့လားဆိုတဲ့ အရသာနဲ့ ဈေးနှုန်း၊ စိတ်ကျေနပ်မှု အထွေထွေကို သေချာလေး တင်ပြပေးလိုက်ရပါတယ်နော်။

Dim Sum အမျိုးပေါင်း အစုံုအလင်

19$ ပဲ ပေးရမယ့် Dim Sum Buffet ဆိုတော့ ပုံမှန်ဆိုင်ကောင်းကောင်းတွေမှာ စားရင်တောင် ဆယ်ပွဲလောက်နဲ့ တစ်သောင်းလောက်ကျနေချိန် ၂သောင်းကျော်လေးနဲ့ Dim Sum ရော၊ အချိုပွဲတွေနဲ့ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ဆန်ပြုတ်၊ နန်းပြားကြော် အစုံအလင်စားရမှာဆိုတော့ကာ ဘာပြောကောင်းမလဲ အတွေးထဲမှာတော့ Hotel စာ Buffet ၂သောင်းကျော်က တန်တယ်ထင်နေတာချည်း။ တကယ်တန်မတန်တော့ ဆက်ပြီး ဖတ်ကြပါဦးလို့။

ဆိုင်အပြင်အဆင်

Sedona Hotel အတွင်းဘက်က Du Fu ဆိုတဲ့ Chinese Restaurant က တည်ခင်းတဲ့ ဒီ Buffet က နေ့လည်စာနဲ့ ညစာ ၂ မျိုးရှိပြီး နေ့လည်စာဆို ၁၁:၃၀ ကနေ ၂:၃၀ ထိ ရပါတယ်တဲ့။ ညစာဆို ၆:၀၀ ကနေ ၁၀:၀၀ ထိ ရတယ်ဆိုတော့ မဆိုးဘူးပြောရမယ်။

ဆိုင်အပြင်အဆင်က တရုတ်ရိုးရာအတိုင်းပြင်ထားတာကိုမှ တရုတ်သီချင်းလေးတွေ ပျံ့လွင့်နေတာ တကယ် ရိုးရိုးလေးပဲ။ လူအဖွဲ့နဲ့လာရင် ပိုက်ဆံအပိုမပေးရဘဲ VIP ခန်းတွေ ပေးတယ်။ အေးအေးဆေးဆေးတိတ်တိတ်ဆိတ်ဆိတ်လေးဆိုတော့ Quality Time အစစ်ပဲ။

Menu မှာ Dim Sum ၊ ဆန်ပြုတ်၊ အကြော်၊ အလှော်၊ ဖက်ထုပ်နဲ့ အချိုပွဲတွေအပါအဝင် အားလုံးပေါင်း အမျိုး ၁၁၀ ကျော်ရှိတယ်။ အအေး Drinks ဘာမှမပါဘူး။ Tea တစ်အိုးမယူမဖြစ် ယူရပါတယ်။ အဲ့တစ်အိုးက တစ်ဒေါ်လာထပ်ပေးရတယ်။ ဒီတစ်ခုတော့ စိတ်ထဲ တော်တော်ဘဝင်မကျပါဘူး။ 19.9$ ယူထားပြီး Tea တောင် Free Service မပေးဘဲ ထပ်ကောက်တာတော့ သဘောမကျစရာကြီးနော်။

Dim Sum တွေကတော့ တော်တော်အစုံပဲ။ အမျိုးအစား ၁၀၀ ကျော်ဆိုတော့ ရှယ်စားပါလိမ့်။ တစ်ပွဲကို မြန်မာငွေ ၂၅၀ ဝန်းကျင်ပဲ ရှိတော့မယ်။ တစ်ခုပဲ။ မှာမှ ချက်ချင်း အသားတွေကို ပြင်ဆင်ပြီး ပေါင်းပေးတာပါဆိုတော့ ကြာတာမှတော်တော်ကို စောင့်လိုက်ရတယ်။

၁၂:၃၀ မှာ ရောက်တဲ့ ကိုယ့်အတွက် ဝိုင်းအများကြီးလည်း မရှိတဲ့အခြေအနေမျိုးမှာ မှာထားတာ မိနစ် ၃၀ လောက် စောင့်လိုက်ရပြီး နောက်ဆုံး ၂ နာရီခွဲခါနီးမှ လက်ကျန်တွေ ရောက်လာတယ်။ Buffet ချိန်က ၁၁:၃၀ ကနေ ၂:၃၀ ဆိုတော့ အဲ့ချိန်မှ ရောက်လာတာတွေကျ စိတ်မပါတော့ဘူး။ ပြီးတော့ ကျန်တဲ့ ပွဲတွေကျန်နဲ့ Ordering ပိုင်းမှာတော့ တော်တော်ကို အဆင်မပြေခဲ့ဘူး။

ဒါပေမယ့် Dim Sum အပေါင်း ၈၀ မျိုးလောက်ရယ်၊ မန်ထို ၁၀ မျိုး၊အကြော်အလှော် ၁၀ မျိုး၊ အချိုပွဲ ၁၀ မျိုး၊ တရုတ်ရိုးရာအရသာတွေကို အရသာရှိရှိ စားရတယ်။ ကိုယ်ဆို ဝက်နံရိုး Crazy ဆိုတော့ သူ့ဝက်နံရိုးလေးစားရတာ နူးအိချိုနေတာ။ နံရိုးနားကပ်တဲ့အသားက အချိုဆုံးမဟုတ်လား။

အရသာ အနေနဲ့ဆို တကယ် လတ်လတ်ဆတ်ဆတ်ပဲ။ Dim Sum အရသာကောင်းကောင်း နူးညံ့မွှေးအိနေတာမျိုး။ ပေါင်းထားတဲ့ အနံ့လေးက မွှေးတက်နေပြီး စားရင်းနဲ့ စိတ်ကျေနပ်ရတဲ့ အရသာမျိုးပါ။ မှာတာကြာလို့ စိတ်မရှည်တာတွေက သူ့အရသာကြောင့် စိတ်တောင်နည်းနည်းပြေသွားသလိုပဲ။ Dim Sum သမားတွေ၊ လူကြီးမိဘတွေ အတွက် ဒီ Sedona Buffet ကိုတော့ ထောက်ခံပါတယ်။

19.9$ နဲ့ တန်လားဆို အရသာအရ တန်ပါတယ်။ စိတ်ကျေနပ်မှုအနေနဲ့ဆို စောင့်နိုင်မှသွားပါ။ ဒါမှမဟုတ်ရင် လာခါနီး နာရီဝက်အကြိုမှာ ကောင်းနိုးရာရာချပေးဖို့ ကြိုတင်ဖုန်းဆက်ထားပါ။ တခြားထမင်းပေါင်း၊ ခေါက်ဆွဲကြော်၊ နန်းပြား အရသာတွေလည်း ပုံမှန်တစ်ပွဲ 12$ လောက်ဟာတွေကို ကြိုက်သလောက် အဝစားဆိုတော့ တန်ပါတယ်။ မှာမှလုပ်ပေးလို့ စောင့်ရတဲ့အတွက်တော့ ကြိုတင်ပြင်ဆင်သွားကြပါလို့ Sedona DimSum Buffet စိတ်ဝင်စားနေတဲ့သူတွေအတွက် Akhayar မှ ပွင့်ပွင့်လင်းလင်း တင်ပြပေးလိုက်ပါတယ်နော်။

Reserve လုပ်ထားချင်တယ်ဆိုရင်တော့ မေလ ၁၅ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ထိ ဒီ Buffet ရှိပါတယ်တဲ့။ Sedona Hotel ရဲ့ ဖုန်းနံပါတ် 018605377 ကိုဆက်လို့ရပါတယ်။ လူမပြည့်ခင်တော့ နေ့လည်လား၊ ညလား ကြိုက်ရာကြိုရွေးထားလိုက်နော်။

EiEiKhineMinn ( Akhayar )