[Zawgyi]

အာဆင္နယ္အသင္းကုိ အေကာင္းဆုံး ဦးေဆာင္ေနတဲ့ Unai Emery ရဲ႕ လွ်ိဳ႕၀ွက္ခ်က္က ဘာမ်ားလဲ (၁)

အခုအခ်ိန္မွာ Gunners ပရိသတ္ေတြဟာ သူတို႔အသင္းမွာ ႏွစ္ေပါင္း(၂၀)ေက်ာ္ အသုံးေတာ္ခံသြားတဲ့ ဂႏၳ၀င္ နည္းျပႀကီး အာစင္၀င္းဂါး Arsene Wenger ကုိ သတိရ တမ္းတေနပါဦးမလား။ အာစင္၀င္းဂါးအမည္နဲ႔ ဆုိင္းဘုတ္ဟာ အေရာင္ေတြ စတင္လြင့္ပ်ယ္လာခ်ိန္မွာ ၾကြားၾကြား၀င့္၀င့္ေနရာ ယူလာတာက အူႏုိင္းအမ္မရီ Unai Emery ဆုိတဲ့ အမည္နာမတစ္ခုျဖစ္ပါတယ္။

Unai-Emery

Unai-Emery

ၿပိဳင္ပဲြစုံ ေနာက္ဆုံး(၉)ပဲြဆက္ အႏုိင္၊ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္(၄)ဆုိတဲ့ စြမ္းေဆာင္ရည္ေတြက အာဆင္နယ္ပရိသတ္ေတြ ျမည္းစမ္းခြင့္ မရတာၾကာျမင့္ေနပါၿပီ။ အရင္လုိ ေဖ်ာ္ေျဖမႈရွိတဲ့ကစားဟန္ကုိ ျပန္ျမင္ေနရတဲ့အျပင္ ရလဒ္ေကာင္းေတြပါ ရယူေနတာေၾကာင့္ Gunners ပရိသတ္ေတြက ‘We’ve got our Arsenal back’လုိ႔ ေၾကြးေက်ာ္ေနၾကၿပီ။ ရာသီအစ (၂)ပဲြဆက္ ႐ႈံးနိမ့္ခဲ့ၿပီးမွ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ေအာင္ ဆဲြတင္ေပးခဲ့တဲ့ အူႏုိင္းအမ္မရီရဲ႕ လွ်ိဳ႕၀ွက္ခ်က္က ဘာေတြမ်ားလဲ . . .

ေျပာင္းလဲသြားတဲ့ ေလ့က်င့္ခန္းအစီအစဥ္

စပိန္လူမ်ိဳးနည္းျပႀကီးရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြက အရင္ အာစင္၀င္းဂါးနဲ႔ လုံး၀ ကဲြျပားသြားတယ္။ အူႏုိင္းအမ္မရီက Training Plan ေတြကုိ ေစ့ေစ့စပ္စပ္ သတ္မွတ္ထားၿပီး ကစားသမားေတြကုိလည္း ေလ့က်င့္ခန္းဆင္းတယ္လုိ႔ သေဘာမထားဘဲ ၿပိဳင္ပဲြတစ္ခုလုိ အႀကိတ္အနယ္ ကစားေစတာပါပဲ။ သူက Training ဆုိတာက တကယ့္ၿပိဳင္ပဲြအႀကိဳ အေသးစားၿပိဳင္ပဲြတစ္ခုျဖစ္တယ္လုိ႔ ခံယူထားတယ္။ ေနာက္ၿပီး အမ္မရီဟာ သူလုိခ်င္တဲ့ Pressing Game ပုံစံ ကစားႏုိင္ဖုိ႔အတြက္ ကစားသမားေတြကုိ သက္လုံေကာင္းေအာင္၊ ႏွလုံးအေျခအေန အေကာင္းဆုံးျဖစ္ေအာင္ ေနထုိင္ရမယ္လုိ႔ သတ္မွတ္ထားတယ္။

unai-emery-at-training

unai-emery-at-training

ေနာက္ထပ္ ေျပာင္းလဲသြားတာက ေလ့က်င့္ခန္းဆင္းတဲ့ အခ်ိန္ပါပဲ။ အာစင္၀င္းဂါးကုိင္တြယ္ခဲ့စဥ္က ေလ့က်င့္ခန္းအခ်ိန္ကုိ မနက္(၁၀)နာရီ သတ္မွတ္ခဲ့ေပမယ့္ အူႏုိင္းအမ္မရီက ေန႔လည္ပုိင္းမွ စတင္ေလ့ရွိၿပီး ကစားမယ့္ပဲြမတိုင္ခင္ နာရီပုိင္း အလုိအထိ ေလ့က်င့္ခန္းဆင္းေစတယ္။ အဲဒီလုိ လုပ္တာဟာ တကယ္ပဲြစတဲ့အခ်ိန္မွာ အေထာက္အကူျဖစ္ေစတယ္လုိ႔ အူႏုိင္းအမ္မရီက ယုံၾကည္ထားလုိ႔ပါ။ အာစင္၀င္းဂါးတုန္းက ဥေရာပပဲြ ကစားၿပီး ေနာက္တစ္ေန႔မွာ ေလ့က်င့္ခန္း ျပန္လုပ္ခုိင္းေလ့ရွိေပမယ့္ အမ္မရီကေတာ့ ဥေရာပပဲြအၿပီး ေနာက္တစ္ရက္ကုိ အားလပ္ရက္အနားေပးၿပီးမွ ေလ့က်င့္ခန္း ဆင္းတဲ့ပုံစံ က်င့္သုံးေနတယ္။

Unai-Emery-and-Alexandre-Lacazette-in-training

Unai-Emery-and-Alexandre-Lacazette-in-training

ထူးျခားတာ ေနာက္တစ္ခုက အမ္မရီဟာ ပဲြထြက္လူစာရင္းကုိ ပဲြရွိတဲ့ရက္ မနက္ပုိင္းမွ ကစားသမားေတြကုိ အသိေပးတာပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ပဲြထြက္လူစာရင္းကုိ ႀကိဳအသိမေပးရင္ ကစားသမားေတြၾကားမွာ ပဲြထြက္ခြင့္ရဖုိ႔အတြက္ ပုိၿပီး အႀကိတ္အနယ္ႀကိဳးစားယွဥ္ၿပိဳင္ေစခ်င္လုိ႔ပဲျဖစ္ပါတယ္။

No more Mr Nice Guy
အူႏုိင္းအမ္မရီက ေလ့က်င့္ေရးကြင္းမွာ အာစင္၀င္းဂါးလုိ ေလေျပေသြးၿပီး ကစားသမားေတြ စိတ္ႀကိဳက္ျဖစ္ေအာင္ ေနတတ္တဲ့သူ မဟုတ္ပါဘူး။ အမ္မရီဟာ သူ႔ နည္းျပအဖဲြ႕၀င္ေတြနဲ႔အတူ ကစားသမားေတြကုိ ၾကပ္ၾကပ္မတ္မတ္ ေစာင့္ၾကည့္ေနတတ္သူပါ။ အဲဒီအတြက္ တခ်ိဳ႕ကစားသမားေတြကေတာ့ အူႏုိင္အမ္မရီကုိ သိပ္သေဘာမေတြ႕က်ဘူး။

Ozil-and-Emery

Ozil-and-Emery

အမ္မရီဟာ စကားကုိ ဘြင္းဘြင္းေျပာတတ္သူျဖစ္ၿပီး တကယ္လုိ႔ ကစားသမားဘက္ကလည္း ေျပာစရာရွိရင္ သူဆီ တဲ့တိုး ေျပာခြင့္ရွိတယ္။ ေနာက္တစ္ခုက အမ္မရီဟာ အသင္းမွာ Untouchable Player မထားဘဲ အုိေဇးလ္ Ozil ၊ ရမ္ေဆး Ramsey တို႔လုိ ကစားသမားေတြကုိ လုိအပ္ရင္ လူစားလဲဖုိ႔ ၀န္မေလးပါဘူး။

အေသးစိတ္ကအစ ဂ႐ုစုိက္တတ္သူ
အူႏုိင္းအမ္မရီက အာစင္၀င္းဂါးထက္ ပုိၿပီး အသင္းကိစၥရပ္ေတြမွာ ထဲထဲ၀င္၀င္ သိေအာင္ႀကိဳးပမ္းေလ့ရွိတယ္။ ေလ့က်င့္ခန္းအစီအစဥ္မွာ အမ္မရီရဲ႕ Training Sessions ေတြက အာစင္၀င္းဂါးတုနး္ကလုိ တစ္ခါလာ မဲြျပာပုဆုိး မဟုတ္ပါဘူး။ နည္းစနစ္ပုိင္းနဲ႔ ပတ္သက္လုိ႔လည္း ကစားသမားေတြကုိ အခ်ိန္ယူ အေသးစိတ္ရွင္းျပေလ့ရွိတယ္။

Unai-Emery-and-Players

Unai-Emery-and-Players

၀င္းဂါးနဲ႔ ကြဲျပားသြားတာ ေနာက္တစ္ခုက အူႏုိင္းအမ္မရီဟာ ကုိယ္နဲ႔ကစားမယ့္ ၿပိဳင္ဘက္ နည္းစနစ္ေတြကုိ ၀င္းဂါးထက္ ပုိၿပီး အာ႐ုံစုိက္ေလ့လာတာပါ။ မန္စီးတီးနဲ႔ကစားခ့ဲတဲ့ ရာသီအဖြင့္ပဲြမတိုင္ခင္ အူႏုိင္းအမ္မရီက မန္စီးတီးအသင္းရဲ႕ နည္းစနစ္အေၾကာင္းကုိ အေသးစိတ္ ေျပာျပခဲ့ခ်ိန္မွာ ကစားသမားေတြေတာင္ အံ့အားသင့္ခဲ့ရတယ္။ ဒါဟာ အာစင္၀င္းဂါး လက္ထက္မွာ တစ္ခါမွ မရွိခဲ့ဘူး။

ဒါေတြကေတာ့ အာဆင္နယ္အသင္းရဲ႕ ေနာက္ကြယ္က အူႏုိင္းအမ္မရီရဲ႕ လွ်ိဳ႕၀ွက္ခ်က္ အပုိင္း(၁)ျဖစ္ပါတယ္။ အပုိင္း(၂)ကုိလည္း ဆက္ၿပီးေဖာ္ျပသြားမွာျဖစ္လုိ႔ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ဖတ္႐ႈၾကပါဦး . .

REF:Daily Mail
Photo:Fox Sports,squawka,Sky Sports,Getty Images,Arsenal True Fans,Arsenal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အာဆင်နယ်အသင်းကို အကောင်းဆုံး ဦးဆောင်နေတဲ့ Unai Emery ရဲ့ လျှို့ဝှက်ချက်က ဘာများလဲ (၁)

အခုအချိန်မှာ Gunners ပရိသတ်တွေဟာ သူတို့အသင်းမှာ နှစ်ပေါင်း(၂၀)ကျော် အသုံးတော်ခံသွားတဲ့ ဂန္ထဝင် နည်းပြကြီး အာစင်ဝင်းဂါး Arsene Wenger ကို သတိရ တမ်းတနေပါဦးမလား။ အာစင်ဝင်းဂါးအမည်နဲ့ ဆိုင်းဘုတ်ဟာ အရောင်တွေ စတင်လွင့်ပျယ်လာချိန်မှာ ကြွားကြွားဝင့်ဝင့်နေရာ ယူလာတာက အူနိုင်းအမ်မရီ Unai Emery ဆိုတဲ့ အမည်နာမတစ်ခုဖြစ်ပါတယ်။

Unai-Emery

Unai-Emery

ပြိုင်ပွဲစုံ နောက်ဆုံး(၉)ပွဲဆက် အနိုင်၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၄)ဆိုတဲ့ စွမ်းဆောင်ရည်တွေက အာဆင်နယ်ပရိသတ်တွေ မြည်းစမ်းခွင့် မရတာကြာမြင့်နေပါပြီ။ အရင်လို ဖျော်ဖြေမှုရှိတဲ့ကစားဟန်ကို ပြန်မြင်နေရတဲ့အပြင် ရလဒ်ကောင်းတွေပါ ရယူနေတာကြောင့် Gunners ပရိသတ်တွေက ‘We’ve got our Arsenal back’လို့ ကြွေးကျော်နေကြပြီ။ ရာသီအစ (၂)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးမှ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ဆွဲတင်ပေးခဲ့တဲ့ အူနိုင်းအမ်မရီရဲ့ လျှို့ဝှက်ချက်က ဘာတွေများလဲ . . .

ပြောင်းလဲသွားတဲ့ လေ့ကျင့်ခန်းအစီအစဉ်

စပိန်လူမျိုးနည်းပြကြီးရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေက အရင် အာစင်ဝင်းဂါးနဲ့ လုံး၀ ကွဲပြားသွားတယ်။ အူနိုင်းအမ်မရီက Training Plan တွေကို စေ့စေ့စပ်စပ် သတ်မှတ်ထားပြီး ကစားသမားတွေကိုလည်း လေ့ကျင့်ခန်းဆင်းတယ်လို့ သဘောမထားဘဲ ပြိုင်ပွဲတစ်ခုလို အကြိတ်အနယ် ကစားစေတာပါပဲ။ သူက Training ဆိုတာက တကယ့်ပြိုင်ပွဲအကြို အသေးစားပြိုင်ပွဲတစ်ခုဖြစ်တယ်လို့ ခံယူထားတယ်။ နောက်ပြီး အမ်မရီဟာ သူလိုချင်တဲ့ Pressing Game ပုံစံ ကစားနိုင်ဖို့အတွက် ကစားသမားတွေကို သက်လုံကောင်းအောင်၊ နှလုံးအခြေအနေ အကောင်းဆုံးဖြစ်အောင် နေထိုင်ရမယ်လို့ သတ်မှတ်ထားတယ်။

unai-emery-at-training

unai-emery-at-training

နောက်ထပ် ပြောင်းလဲသွားတာက လေ့ကျင့်ခန်းဆင်းတဲ့ အချိန်ပါပဲ။ အာစင်ဝင်းဂါးကိုင်တွယ်ခဲ့စဉ်က လေ့ကျင့်ခန်းအချိန်ကို မနက်(၁၀)နာရီ သတ်မှတ်ခဲ့ပေမယ့် အူနိုင်းအမ်မရီက နေ့လည်ပိုင်းမှ စတင်လေ့ရှိပြီး ကစားမယ့်ပွဲမတိုင်ခင် နာရီပိုင်း အလိုအထိ လေ့ကျင့်ခန်းဆင်းစေတယ်။ အဲဒီလို လုပ်တာဟာ တကယ်ပွဲစတဲ့အချိန်မှာ အထောက်အကူဖြစ်စေတယ်လို့ အူနိုင်းအမ်မရီက ယုံကြည်ထားလို့ပါ။ အာစင်ဝင်းဂါးတုန်းက ဥရောပပွဲ ကစားပြီး နောက်တစ်နေ့မှာ လေ့ကျင့်ခန်း ပြန်လုပ်ခိုင်းလေ့ရှိပေမယ့် အမ်မရီကတော့ ဥရောပပွဲအပြီး နောက်တစ်ရက်ကို အားလပ်ရက်အနားပေးပြီးမှ လေ့ကျင့်ခန်း ဆင်းတဲ့ပုံစံ ကျင့်သုံးနေတယ်။

Unai-Emery-and-Alexandre-Lacazette-in-training

Unai-Emery-and-Alexandre-Lacazette-in-training

ထူးခြားတာ နောက်တစ်ခုက အမ်မရီဟာ ပွဲထွက်လူစာရင်းကို ပွဲရှိတဲ့ရက် မနက်ပိုင်းမှ ကစားသမားတွေကို အသိပေးတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပွဲထွက်လူစာရင်းကို ကြိုအသိမပေးရင် ကစားသမားတွေကြားမှာ ပွဲထွက်ခွင့်ရဖို့အတွက် ပိုပြီး အကြိတ်အနယ်ကြိုးစားယှဉ်ပြိုင်စေချင်လို့ပဲဖြစ်ပါတယ်။

No more Mr Nice Guy
အူနိုင်းအမ်မရီက လေ့ကျင့်ရေးကွင်းမှာ အာစင်ဝင်းဂါးလို လေပြေသွေးပြီး ကစားသမားတွေ စိတ်ကြိုက်ဖြစ်အောင် နေတတ်တဲ့သူ မဟုတ်ပါဘူး။ အမ်မရီဟာ သူ့ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ကစားသမားတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်နေတတ်သူပါ။ အဲဒီအတွက် တချို့ကစားသမားတွေကတော့ အူနိုင်အမ်မရီကို သိပ်သဘောမတွေ့ကျဘူး။

Ozil-and-Emery

Ozil-and-Emery

အမ်မရီဟာ စကားကို ဘွင်းဘွင်းပြောတတ်သူဖြစ်ပြီး တကယ်လို့ ကစားသမားဘက်ကလည်း ပြောစရာရှိရင် သူဆီ တဲ့တိုး ပြောခွင့်ရှိတယ်။ နောက်တစ်ခုက အမ်မရီဟာ အသင်းမှာ Untouchable Player မထားဘဲ အိုဇေးလ် Ozil ၊ ရမ်ဆေး Ramsey တို့လို ကစားသမားတွေကို လိုအပ်ရင် လူစားလဲဖို့ ဝန်မလေးပါဘူး။

အသေးစိတ်ကအစ ဂရုစိုက်တတ်သူ
အူနိုင်းအမ်မရီက အာစင်ဝင်းဂါးထက် ပိုပြီး အသင်းကိစ္စရပ်တွေမှာ ထဲထဲဝင်ဝင် သိအောင်ကြိုးပမ်းလေ့ရှိတယ်။ လေ့ကျင့်ခန်းအစီအစဉ်မှာ အမ်မရီရဲ့ Training Sessions တွေက အာစင်ဝင်းဂါးတုန်းကလို တစ်ခါလာ မွဲပြာပုဆိုး မဟုတ်ပါဘူး။ နည်းစနစ်ပိုင်းနဲ့ ပတ်သက်လို့လည်း ကစားသမားတွေကို အချိန်ယူ အသေးစိတ်ရှင်းပြလေ့ရှိတယ်။

Unai-Emery-and-Players

Unai-Emery-and-Players

ဝင်းဂါးနဲ့ ကွဲပြားသွားတာ နောက်တစ်ခုက အူနိုင်းအမ်မရီဟာ ကိုယ်နဲ့ကစားမယ့် ပြိုင်ဘက် နည်းစနစ်တွေကို ဝင်းဂါးထက် ပိုပြီး အာရုံစိုက်လေ့လာတာပါ။ မန်စီးတီးနဲ့ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲမတိုင်ခင် အူနိုင်းအမ်မရီက မန်စီးတီးအသင်းရဲ့ နည်းစနစ်အကြောင်းကို အသေးစိတ် ပြောပြခဲ့ချိန်မှာ ကစားသမားတွေတောင် အံ့အားသင့်ခဲ့ရတယ်။ ဒါဟာ အာစင်ဝင်းဂါး လက်ထက်မှာ တစ်ခါမှ မရှိခဲ့ဘူး။

ဒါတွေကတော့ အာဆင်နယ်အသင်းရဲ့ နောက်ကွယ်က အူနိုင်းအမ်မရီရဲ့ လျှို့ဝှက်ချက် အပိုင်း(၁)ဖြစ်ပါတယ်။ အပိုင်း(၂)ကိုလည်း ဆက်ပြီးဖော်ပြသွားမှာဖြစ်လို့ ပရိသတ်တွေ စောင့်မျှော်ဖတ်ရှုကြပါဦး . .

REF:Daily Mail
Photo:Fox Sports,squawka,Sky Sports,Getty Images,Arsenal True Fans,Arsenal.com
Naing Linn(Akhayar)
www.akhayar.com