[Zawgyi]

အာဆင္နယ္အသင္းကုိ အေကာင္းဆုံး ဦးေဆာင္ေနတဲ့ Unai Emery ရဲ႕ လွ်ိဳ႕၀ွက္ခ်က္က ဘာမ်ားလဲ (၂)

ဒီရာသီမွာ အာဆင္နယ္အသင္းကုိ ရလဒ္ေကာင္းေတြ ရယူေပးေနတဲ့ နည္းျပအူႏုိင္းအမ္မရီ Unai Emery ရဲ႕ လွ်ိဳ႕၀ွက္ခ်က္ အပုိင္း(၁)ကုိ ေဖာ္ျပခဲ့ၿပီးပါၿပီ။ အခု အပုိင္း(၂)ကုိ ဆက္လက္ေဖာ္ျပလုိက္ပါတယ္ . .

ေပါက္ကဲြအား ပုိျပင္းထန္လာတဲ့ Aubameyang နဲ႔ Lacazette

Aubameyang-and-Alexandre-Lacazette

Aubameyang-and-Alexandre-Lacazette

လန္ဒန္ေျမကုိ စတင္ေျခခ်ခဲ့ကတည္းက အူႏုိင္းအမ္မရီရဲ႕ အဓိက လုပ္ေဆာင္ရမယ့္ ကိစၥေတြထဲမွာ အူဘာမီယန္း Aubameyang နဲ႔ လာကာဇက္ Lacazette တို႔ရဲ႕ အေကာင္းဆုံးေျခစြမ္းကုိ ေဖာ္ထုတ္ႏုိင္ဖုိ႔ပါပဲ။ ဒီကစားသမားႏွစ္ဦးအတြက္ အာဆင္နယ္အသင္းက ေပါင္သန္း(၁၀၀)နီးပါး သုံးစဲြခဲ့ရၿပီး သူတို႔ႏွစ္ဦး တဲြဖက္ညီညီ ကစားႏုိင္ဖုိ႔က အူႏုိင္းအမ္မရီရဲ႕ ေခါင္းေပၚက်လာခဲ့တယ္။ ဒီရာသီမွာ အူဘာမီယန္းနဲ႔ လာကာဇက္တို႔ ႏွစ္ဦးေပါင္းသြင္းဂုိးက (၁၁)ဂုိးအထိရွိလာၿပီျဖစ္လုိ႔ အူႏုိင္းအမ္မရီရဲ႕ လုပ္ေဆာင္ခ်က္ေတြက မွန္ကန္ခဲ့ၿပီလုိ႔ ဆုိရမယ္။ အာဆင္နယ္အသင္းရဲ႕ ဘ႑ာေရးအေျခအေနက အကန္႔အသတ္ရွိေနတာေၾကင့္လည္း အမ္မရီဟာ ကစားသမားသစ္ေတြကုိ ေၾကးႀကီးႀကီးေပး ေခၚယူဖုိ႔ထက္ အသင္းရဲ႕ လက္ရွိကမၻာ႔အဆင့္ ကစားသမားေတြဆီက အေကာင္းဆုံးအရည္အေသြးေတြကုိ ညႇစ္ထုတ္ဖုိ႔ပဲ ႀကိဳးစားရမယ့္အေျခအေနပါ။ ေနာက္တစ္ခုက အမ္မရီဟာ လူငယ္အသင္းနည္းျပေတြနဲ႔ ပုံမွန္ေတြ႕ဆုံေလ့ရွိၿပီး အကယ္ဒမီက လူငယ္ကစားသမားေတြရဲ႕ အေနအထားကုိလည္း စုံစမ္းေမးျမန္းေလ့ရွိပါတယ္။

နည္းဗ်ဴဟာအေျပာင္းအလဲ

Unai-Emery-Tactic

Unai-Emery-Tactic

အမ္မရီဟာ သူ သေဘာက်တဲ့ Possession Game နည္းဗ်ဴဟာထဲမွာ ကစားသမားေတြ အံ၀င္ေအာင္ ကစားႏုိင္ဖုိ႔ ႀကိဳးစားျပင္ဆင္ေနတယ္။ သူလုိခ်င္တဲ့ ပုံစံက ရွင္းရွင္းေလးပါပဲ။ ဂုိးသမားဆီက စတင္တဲ့ တိုက္စစ္က ခံစစ္၊ ကြင္းလယ္ကေန ေရွ႕တန္းဆီကုိ ေဘာလုံးဆုံး႐ႈံးမႈ အနည္းဆုံးျဖစ္ေအာင္ ေရာက္ရွိဖုိ႔ပါ။ အရင္လုိ ဂုိးေရွ႕မွာ Wasteful Passing ေတြနဲ႔ ကစားမယ့္အစား ထိေရာက္မႈရွိတဲ့ Possession-based Style ကုိ ေျပာင္းလဲပစ္ခဲ့တယ္။ ဒါေၾကာင့္ အခု အာဆင္နယ္ကစားပုံက Entertainment ျဖစ္တဲ့အျပင္ Effective လည္းျဖစ္ေနတာကုိ ပရိသတ္ေတြ အသိပဲျဖစ္ပါလိမ့္မယ္။

သၾကားဓာတ္ပါတဲ့ အခ်ိဳရည္ေတြ မေသာက္ရဘူး

Emery-has-banned-sugary-drinks

Emery-has-banned-sugary-drinks

အမ္မရီဟာ ေလ့က်င့္ေရးကြင္းမွာ သၾကားဓာတ္ပါတဲ့ အခ်ိဳရည္ေတြ ေသာက္သုံးတာကုိ တင္းတင္းၾကပ္ၾကပ္ ပိတ္ပင္ထားတယ္။ အာဆင္နယ္အသင္းကုိ အာစင္၀င္းဂါး ကုိင္တြယ္ခဲ့တုန္းက ကစားသမားတစ္ဦးဟာ ကုိကာကုိလာဗူးကုိ ကုိင္ၿပီး ေလ့က်င့္ေရးကြင္းထဲ ၀င္လာခဲ့ေပမယ့္ အာစင္၀င္းဂါးဟာ လ်စ္လ်ဴရႈခဲ့ဖူးတယ္။ အခုအခ်ိန္မွာ အဲဒီလုိ လုပ္ရပ္မ်ိဳးကုိ အမ္မရီက သည္းခံေနမွာ မဟုတ္ပါဘူး။

Arsenal

Arsenal

၂၀၀၃-၀၄ ရာသီမွာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ႐ႈံးပဲြမရွိစံခ်ိန္နဲ႔ ခ်န္ပီယံဆု ရရွိခဲ့တဲ့ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကုိ ကုိင္ေျမႇာက္ခြင့္မရတာက (၁၀)စုႏွစ္ တစ္ခုေက်ာ္သြားပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း FA ဖလားနဲ႔သာ ေခၽြးသိပ္ေနရတဲ့ အာဆင္နယ္ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကုိ အမ္မရီတစ္ေယာက္ ျဖည့္ဆည္းေပးႏုိင္မလားဆုိတာကေတာ့ . . .

REF:Daily Mail
Photo:The Sun,The Telegraph,i Newspaper,Racing Post
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အာဆင်နယ်အသင်းကို အကောင်းဆုံး ဦးဆောင်နေတဲ့ Unai Emery ရဲ့ လျှို့ဝှက်ချက်က ဘာများလဲ (၂)

ဒီရာသီမှာ အာဆင်နယ်အသင်းကို ရလဒ်ကောင်းတွေ ရယူပေးနေတဲ့ နည်းပြအူနိုင်းအမ်မရီ Unai Emery ရဲ့ လျှို့ဝှက်ချက် အပိုင်း(၁)ကို ဖော်ပြခဲ့ပြီးပါပြီ။ အခု အပိုင်း(၂)ကို ဆက်လက်ဖော်ပြလိုက်ပါတယ် . .

ပေါက်ကွဲအား ပိုပြင်းထန်လာတဲ့ Aubameyang နဲ့ Lacazette

Aubameyang-and-Alexandre-Lacazette

Aubameyang-and-Alexandre-Lacazette

လန်ဒန်မြေကို စတင်ခြေချခဲ့ကတည်းက အူနိုင်းအမ်မရီရဲ့ အဓိက လုပ်ဆောင်ရမယ့် ကိစ္စတွေထဲမှာ အူဘာမီယန်း Aubameyang နဲ့ လာကာဇက် Lacazette တို့ရဲ့ အကောင်းဆုံးခြေစွမ်းကို ဖော်ထုတ်နိုင်ဖို့ပါပဲ။ ဒီကစားသမားနှစ်ဦးအတွက် အာဆင်နယ်အသင်းက ပေါင်သန်း(၁၀၀)နီးပါး သုံးစွဲခဲ့ရပြီး သူတို့နှစ်ဦး တွဲဖက်ညီညီ ကစားနိုင်ဖို့က အူနိုင်းအမ်မရီရဲ့ ခေါင်းပေါ်ကျလာခဲ့တယ်။ ဒီရာသီမှာ အူဘာမီယန်းနဲ့ လာကာဇက်တို့ နှစ်ဦးပေါင်းသွင်းဂိုးက (၁၁)ဂိုးအထိရှိလာပြီဖြစ်လို့ အူနိုင်းအမ်မရီရဲ့ လုပ်ဆောင်ချက်တွေက မှန်ကန်ခဲ့ပြီလို့ ဆိုရမယ်။ အာဆင်နယ်အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေက အကန့်အသတ်ရှိနေတာကြေင့်လည်း အမ်မရီဟာ ကစားသမားသစ်တွေကို ကြေးကြီးကြီးပေး ခေါ်ယူဖို့ထက် အသင်းရဲ့ လက်ရှိကမ္ဘာ့အဆင့် ကစားသမားတွေဆီက အကောင်းဆုံးအရည်အသွေးတွေကို ညှစ်ထုတ်ဖို့ပဲ ကြိုးစားရမယ့်အခြေအနေပါ။ နောက်တစ်ခုက အမ်မရီဟာ လူငယ်အသင်းနည်းပြတွေနဲ့ ပုံမှန်တွေ့ဆုံလေ့ရှိပြီး အကယ်ဒမီက လူငယ်ကစားသမားတွေရဲ့ အနေအထားကိုလည်း စုံစမ်းမေးမြန်းလေ့ရှိပါတယ်။

နည်းဗျူဟာအပြောင်းအလဲ

Unai-Emery-Tactic

Unai-Emery-Tactic

အမ်မရီဟာ သူ သဘောကျတဲ့ Possession Game နည်းဗျူဟာထဲမှာ ကစားသမားတွေ အံဝင်အောင် ကစားနိုင်ဖို့ ကြိုးစားပြင်ဆင်နေတယ်။ သူလိုချင်တဲ့ ပုံစံက ရှင်းရှင်းလေးပါပဲ။ ဂိုးသမားဆီက စတင်တဲ့ တိုက်စစ်က ခံစစ်၊ ကွင်းလယ်ကနေ ရှေ့တန်းဆီကို ဘောလုံးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ရောက်ရှိဖို့ပါ။ အရင်လို ဂိုးရှေ့မှာ Wasteful Passing တွေနဲ့ ကစားမယ့်အစား ထိရောက်မှုရှိတဲ့ Possession-based Style ကို ပြောင်းလဲပစ်ခဲ့တယ်။ ဒါကြောင့် အခု အာဆင်နယ်ကစားပုံက Entertainment ဖြစ်တဲ့အပြင် Effective လည်းဖြစ်နေတာကို ပရိသတ်တွေ အသိပဲဖြစ်ပါလိမ့်မယ်။

သကြားဓာတ်ပါတဲ့ အချိုရည်တွေ မသောက်ရဘူး

Emery-has-banned-sugary-drinks

Emery-has-banned-sugary-drinks

အမ်မရီဟာ လေ့ကျင့်ရေးကွင်းမှာ သကြားဓာတ်ပါတဲ့ အချိုရည်တွေ သောက်သုံးတာကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားတယ်။ အာဆင်နယ်အသင်းကို အာစင်ဝင်းဂါး ကိုင်တွယ်ခဲ့တုန်းက ကစားသမားတစ်ဦးဟာ ကိုကာကိုလာဗူးကို ကိုင်ပြီး လေ့ကျင့်ရေးကွင်းထဲ ဝင်လာခဲ့ပေမယ့် အာစင်ဝင်းဂါးဟာ လျစ်လျူရှုခဲ့ဖူးတယ်။ အခုအချိန်မှာ အဲဒီလို လုပ်ရပ်မျိုးကို အမ်မရီက သည်းခံနေမှာ မဟုတ်ပါဘူး။

Arsenal

Arsenal

၂၀၀၃-၀၄ ရာသီမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဆု ရရှိခဲ့တဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကိုင်မြှောက်ခွင့်မရတာက (၁၀)စုနှစ် တစ်ခုကျော်သွားပါပြီ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း FA ဖလားနဲ့သာ ချွေးသိပ်နေရတဲ့ အာဆင်နယ်ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို အမ်မရီတစ်ယောက် ဖြည့်ဆည်းပေးနိုင်မလားဆိုတာကတော့ . . .

REF:Daily Mail
Photo:The Sun,The Telegraph,i Newspaper,Racing Post
Naing Linn(Akhayar)
www.akhayar.com