[Zawgyi]

အတြင္းေရးမွဴးမေလးျဖစ္တဲ့ မင္းသမီး Park Min Young လိုဖက္ရွင္က်ခ်င္ရင္ေတာ့

What’s Wrong with Secretary Kim(2018) ဇာတ္ကားထဲမွ မင္းသမီးေလး Park Min Young ဝတ္ဆင္တဲ့ ဖက္ရွင္ဒီဇိုင္းေလးေတြ ကို အနည္းငယ္ေဖာ္ျပေပးခ်င္ပါတယ္။ ဒီဇာတ္ကားထဲမွာ မင္းသမီးေလးဝတ္တဲ့ ဝတ္စံုဒီဇိုင္းေလးေတြကေပါ့ေပါ့ပါးပါးနဲ႔ ခ်စ္စရာေကာင္းသလို လက္ေတြ႔မွာလုပ္ငန္းခြင္ကိုသြားလာေနတဲ့ မမေတြ ညီမေလးေတြ အတြက္လည္း ဝတ္ဆင္နိုင္တဲ့ ပံုစံေလးေတြ ျဖစ္လို႔ အခုလိုျပန္လည္ေဖာ္ျပေပးလိုက္တာလည္း ျဖစ္ပါတယ္။

 

Park Min Young ကေတာ့ဒီဇာတ္ကားနဲ႔ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ ႔စိတ္ဝင္စားမႈကို ရရွိထားတဲ့ အတြင္းေရးမႈးမေလးျဖစ္ပါတယ္။ ဒီဇာတ္ကားမတိုင္ခင္မွာလည္း သူမဟာ Sunkyunkwan Scandal(2010) ၊ City Hunter(2011) စတဲ့ဇာတ္ကားေတြနဲ႔ နာမည္ႀကီးခဲ့တဲ့မင္းသမီးတစ္လက္ျဖစ္ပါတယ္။

 

ဒီဇာတ္ကားမွာေတာ့ သူမဝတ္ဆင္တဲ့ ဖက္ရွင္ေတြကအျခားဇာတ္ကားေတြထက္ ပိုမိုဆန္းသစ္ၿပီး ေခတ္လူငယ္အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ သြက္သြက္လက္လက္လုပ္ေဆာင္ရတဲ့ ဇာတ္ေကာင္မို႔ ပရိသတ္ရဲ ႔ခ်စ္ခင္အားေပးမႈကို ပိုရရွိတယ္လို႔ေတာင္ေျပာလို႔ရပါတယ္။

ဒီဇာတ္ကားေလးကို ၾကည့္ၿပီးသူတိုင္းအႀကိဳက္ေတြ႕ၾကသလို သူမရဲ ႔အဝတ္အစားဒီဇိုင္းေလးေတြကိုလည္း ႀကိဳက္နွစ္သက္ၾကလိမ့္မယ္လို႔ထင္ပါတယ္။

Photo Credit:Kpopmap

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အတွင်းရေးမှူးမလေးဖြစ်တဲ့ မင်းသမီး Park Min Young လိုဖက်ရှင်ကျချင်ရင်တော့

What’s Wrong with Secretary Kim(2018) ဇာတ်ကားထဲမှ မင်းသမီးလေး Park Min Young ဝတ်ဆင်တဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေ ကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသမီးလေးဝတ်တဲ့ ဝတ်စုံဒီဇိုင်းလေးတွေကပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းသလို လက်တွေ့မှာလုပ်ငန်းခွင်ကိုသွားလာနေတဲ့ မမတွေ ညီမလေးတွေ အတွက်လည်း ဝတ်ဆင်နိုင်တဲ့ ပုံစံလေးတွေ ဖြစ်လို့ အခုလိုပြန်လည်ဖော်ပြပေးလိုက်တာလည်း ဖြစ်ပါတယ်။

 

Park Min Young ကတော့ဒီဇာတ်ကားနဲ့ ပရိသတ်တော်တော်များများရဲ့စိတ်ဝင်စားမှုကို ရရှိထားတဲ့ အတွင်းရေးမှုးမလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်မှာလည်း သူမဟာ Sunkyunkwan Scandal(2010) ၊ City Hunter(2011) စတဲ့ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။

 

ဒီဇာတ်ကားမှာတော့ သူမဝတ်ဆင်တဲ့ ဖက်ရှင်တွေကအခြားဇာတ်ကားတွေထက် ပိုမိုဆန်းသစ်ပြီး ခေတ်လူငယ်အမျိုးသမီးတစ်ယောက်အနေနဲ့ သွက်သွက်လက်လက်လုပ်ဆောင်ရတဲ့ ဇာတ်ကောင်မို့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ပိုရရှိတယ်လို့တောင်ပြောလို့ရပါတယ်။

ဒီဇာတ်ကားလေးကို ကြည့်ပြီးသူတိုင်းအကြိုက်တွေ့ကြသလို သူမရဲ့အဝတ်အစားဒီဇိုင်းလေးတွေကိုလည်း ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။

Photo Credit:Kpopmap

ကြည်သာ (Akhayar)

www.akhayar.com