[Zawgyi]

လက္သည္းနီဆိုးနည္း လ်ွိဳ႕ဝွက္ခ်က္မ်ား

အလွအပၾကိဳက္တဲ႔ခ်စ္ေလးတို႔အတြက္ လက္သည္းနီဆိုးတဲ႔အခါ အဆင္ေျပေစမယ္႔ နည္းေလးတခ်ိဳ႕ကို ျပန္မ်ွေဝပါဦးမယ္။  သာမန္ထက္ဆန္းသစ္တဲ႔ ဒီဇိုင္းေလးေတြကို အိမ္မွာပဲ ကိုယ္တိုင္ဖန္တီးမယ္ဆိုရင္ ဒီအခ်က္ေလးေတြက အေထာက္အကူေပးႏိုင္မွာ ေသခ်ာပါတယ္။

၁) လက္သည္းပံုစံက အခ်ြန္း၊ ေလးေထာင္႔၊ ဗာဒံသီးပံု၊ အဝိုင္း၊ ဘဲဥပံု စသျဖင္႔ အမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။ ဒါေၾကာင္႔ ကိုယ္႔ရဲ႕နဂိုလက္သည္းပံုစံနဲ႔ ဘယ္လိုပံုမ်ိဳးက အဆင္အေျပဆံုးျဖစ္မလဲေရြးပါ။

၂) လက္သည္းကိုလံုးဝေျပာင္စင္ေစခ်င္ရင္ သြားတိုက္ေဆးနဲ႔ပြတ္တိုက္ေပးလို႔ရပါတယ္တဲ႔ေနာ။

၃) တိပ္အၾကည္ေလးေတြ ေရာင္စံုတိပ္ေသးေသးေလးေတြက အေရာင္ေရာစပ္ ဆိုးတဲ႔အခါ တစ္ေရာင္နဲ႔တစ္ေရာင္မထိဘဲ သပ္သပ္ရပ္ရပ္ရွိေစဖို႔ သံုးႏိုင္ပါတယ္။

၄) ဆံညွပ္အမည္းရဲ႕ ထိပ္ေခါင္းေလးေတြ၊ သြားၾကားထိုးတံ နဲ႔ Eyeliner စုတ္တံေလးေတြက လက္သည္းကို ပံုေဖာ္ျခယ္သရာမွာ အသံုးဝင္ပါတယ္။

၅) လက္သည္းဆိုးျပီးခ်ိန္ ခ်က္ခ်င္းေျခာက္ေစခ်င္ရင္ လက္သည္းကို ေရခဲေရထဲႏွစ္ထားပါ။

၆) လက္ေဆာင္ပစၥည္းေလးေတြလုပ္တဲ႔ေနရာမွာသံုးတဲ႔ အလက္အမႈန္ Glitter ေလးေတြကို လက္သည္းအလွဆင္တဲ႔ေနရာမွာလည္း သံုးႏိုင္ပါတယ္ေနာ္။

၇) လက္သည္းနီကို ထူပိတ္ပိတ္ေလးျဖစ္ေစခ်င္ရင္ ေျပာင္းဖူးမႈန္႔ျဖစ္ျဖစ္ ဂ်ံဳမႈန္႔ျဖစ္ျဖစ္ လက္သည္းဆိုးေဆးထဲေရာေပးပါ။

၈)လက္သည္းဆိုးေဆးပုလင္း ဖြင္႔မရျဖစ္ေနတာမ်ိဳးဆိုရင္ ေရေႏြးထဲ ေဇာက္ထိုးႏွစ္ထားေပးႏိုင္ပါတယ္။

၉) ေျမြေရခြံလက္သည္းေလးရခ်င္ရင္ အေရာင္ဆိုးျပီးခ်ိန္ ဆန္ခါေပါက္အစေလးနဲ႔ ဖိကပ္ေပးလို႔ရပါတယ္။

၁၀) ကိုယ္႔လက္သည္းနီအေရာင္ကို အေရာင္မွန္ ေတာက္ေတာက္ပပေလးထြက္ေစခ်င္ရင္ အျဖဴေရာင္ Base Coat တစ္ထပ္ခံျပီးမွ အေပၚကထပ္ဆိုးပါ။

၁၁) အနာကပ္ပလာစတာကလည္း လက္သည္းပံုေဖာ္ရာမွာ အသံုးဝင္ပါေသးတယ္။ ပလာစတာမွာရွိတဲ႔ အေပါက္ေလးေတြက အစက္အေျပာက္ပံုေလးေတြလိုခ်င္တဲ႔အခါ အဆင္ေျပပါတယ္ေနာ္။

ဂ်ဴဂ်ဳး (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လက်သည်းနီဆိုးနည်း လျှို့ဝှက်ချက်များ

အလှအပကြိုက်တဲ့ချစ်လေးတို့အတွက် လက်သည်းနီဆိုးတဲ့အခါ အဆင်ပြေစေမယ့် နည်းလေးတချို့ကို ပြန်မျှဝေပါဦးမယ်။  သာမန်ထက်ဆန်းသစ်တဲ့ ဒီဇိုင်းလေးတွေကို အိမ်မှာပဲ ကိုယ်တိုင်ဖန်တီးမယ်ဆိုရင် ဒီအချက်လေးတွေက အထောက်အကူပေးနိုင်မှာ သေချာပါတယ်။

၁) လက်သည်းပုံစံက အချွန်း၊ လေးထောင့်၊ ဗာဒံသီးပုံ၊ အဝိုင်း၊ ဘဲဥပုံ စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့နဂိုလက်သည်းပုံစံနဲ့ ဘယ်လိုပုံမျိုးက အဆင်အပြေဆုံးဖြစ်မလဲရွေးပါ။

၂) လက်သည်းကိုလုံးဝပြောင်စင်စေချင်ရင် သွားတိုက်ဆေးနဲ့ပွတ်တိုက်ပေးလို့ရပါတယ်တဲ့နော။

၃) တိပ်အကြည်လေးတွေ ရောင်စုံတိပ်သေးသေးလေးတွေက အရောင်ရောစပ် ဆိုးတဲ့အခါ တစ်ရောင်နဲ့တစ်ရောင်မထိဘဲ သပ်သပ်ရပ်ရပ်ရှိစေဖို့ သုံးနိုင်ပါတယ်။

၄) ဆံညှပ်အမည်းရဲ့ ထိပ်ခေါင်းလေးတွေ၊ သွားကြားထိုးတံ နဲ့ Eyeliner စုတ်တံလေးတွေက လက်သည်းကို ပုံဖော်ခြယ်သရာမှာ အသုံးဝင်ပါတယ်။

၅) လက်သည်းဆိုးပြီးချိန် ချက်ချင်းခြောက်စေချင်ရင် လက်သည်းကို ရေခဲရေထဲနှစ်ထားပါ။

၆) လက်ဆောင်ပစ္စည်းလေးတွေလုပ်တဲ့နေရာမှာသုံးတဲ့ အလက်အမှုန် Glitter လေးတွေကို လက်သည်းအလှဆင်တဲ့နေရာမှာလည်း သုံးနိုင်ပါတယ်နော်။

၇) လက်သည်းနီကို ထူပိတ်ပိတ်လေးဖြစ်စေချင်ရင် ပြောင်းဖူးမှုန့်ဖြစ်ဖြစ် ဂျုံမှုန့်ဖြစ်ဖြစ် လက်သည်းဆိုးဆေးထဲရောပေးပါ။

၈)လက်သည်းဆိုးဆေးပုလင်း ဖွင့်မရဖြစ်နေတာမျိုးဆိုရင် ရေနွေးထဲ ဇောက်ထိုးနှစ်ထားပေးနိုင်ပါတယ်။

၉) မြွေရေခွံလက်သည်းလေးရချင်ရင် အရောင်ဆိုးပြီးချိန် ဆန်ခါပေါက်အစလေးနဲ့ ဖိကပ်ပေးလို့ရပါတယ်။

၁၀) ကိုယ့်လက်သည်းနီအရောင်ကို အရောင်မှန် တောက်တောက်ပပလေးထွက်စေချင်ရင် အဖြူရောင် Base Coat တစ်ထပ်ခံပြီးမှ အပေါ်ကထပ်ဆိုးပါ။

၁၁) အနာကပ်ပလာစတာကလည်း လက်သည်းပုံဖော်ရာမှာ အသုံးဝင်ပါသေးတယ်။ ပလာစတာမှာရှိတဲ့ အပေါက်လေးတွေက အစက်အပြောက်ပုံလေးတွေလိုချင်တဲ့အခါ အဆင်ပြေပါတယ်နော်။

ဂျူဂျုး (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။