[ZawGyi]

Smoothie ေကာင္းတစ္ခြက္ရဲ႕လွ်ိဳ႕ဝွက္ခ်က္ ၇ ခ်က္

အသီးအႏွံမ်ိဳးစံုလိႈင္လိႈင္ေပါတဲ႔ ဒီရာသီကေတာ႔ အသီးေဖ်ာ္ရည္ေတြ၊ Smoothie ေတြစပါယ္ရွယ္ေဖ်ာ္ေသာက္ဖုိ႔အေကာင္းဆံုးအခ်ိန္ပါပဲ။ က်န္းမာေရးလုိက္စားသူေတြအတြက္ေရာ၊ ေတာင္႔တင္းလွပခ်င္၊ ဝိတ္က်ခ်င္သူေတြအတြက္ပါ Smoothie ေလးေတြကအေရးပါပါတယ္။
Healthy Meal Plan ျပင္ဆင္ရင္ မပါမျဖစ္လည္းျဖစ္၊ ေသာက္ရသူလည္းၾကိဳက္တဲ႔ Smoothie ေကာင္းတစ္ခြက္ရဖုိ႔ လွ်ိဳ႕ဝွက္ခ်က္ေတြေတာ႔ရွိပါတယ္ေနာ္။ ဒါေၾကာင္႔ Smoothie ခ်စ္သူေလးေတြသိထားသင္႔တဲ႔ Smoothie ေဖ်ာ္နည္းလွ်ိဳ႕ဝွက္ခ်က္ေတြကို မွ်ေဝေပးလိုက္ပါတယ္။

၁) အသီးအရြက္နဲ႔အသီးအႏွံေတြကို အေရာင္အေသြးမတူ၊ အရသာမတူ၊ အာဟာရတန္ဖိုးမတူတာေတြကို ေရြးခ်ယ္ပါ။ သင္႔ခႏၶာကိုယ္ရဲ႕လိုအပ္ခ်က္ကို ၾကည္႔ျပီး Smoothie အတြဲအစပ္အမ်ိဳးမ်ိဳးကိုေရြးခ်ယ္ႏိုင္ပါတယ္။ Ingredients ေတြကိုအမ်ိဳးမ်ိဴးေျပာင္းလဲအသံုးျပဳႏိုင္ပါတယ္။ Base အေနနဲ႔ကေတာ႔ ပန္းသီး၊ ငွက္ေပ်ာသီး၊ နာနတ္သီးေတြက အေကာင္းဆံုးပါ။

၂) ေသာက္လုိ႔ေကာင္းတဲ႔ Smoothie ေကာင္းတစ္ခြက္ကေအးျမမႈရွိေနဖို႔လုိပါတယ္။ Blender နဲ႔ မၾကိတ္ခင္မွာ အသီးအႏွံေတြကို ၾကိဳတင္အေအးခံထားတာကပိုေကာင္းပါတယ္။ ဒါမွေရခဲထည္႔ၾကိတ္စရာမလုိ ေရခဲေၾကာင္႔ အရသာေပါ႔သြားတာမ်ိဳးမျဖစ္ေစဘဲ ခ်ိဳခ်ိဳေအးေအးေလးေသာက္ႏိုင္မွာျဖစ္ပါတယ္။ အသီးအႏွံေအးေအးေလးေတြဆုိရင္ Smoothie ကိုပ်စ္ပ်စ္ေလးျဖစ္ေစျပီး အရသာလည္းပိုရွိေစပါတယ္။

Green-Smoothie-Ingredients

Green-Smoothie-Ingredients

၃) သၾကား အစားပ်ားရည္ ဒါမွမဟုတ္ သကာရည္သံုးပါ။ သၾကားမသံုးသင္႔ပါဘူး။ အေကာင္းဆံုးကေတာ႔ အခ်ိဳဓာတ္ေပးႏိုင္တဲ႔ အသီးအႏွံကိုေရြးထည္႔ျပီး သဘာဝအခ်ိဳဓာတ္ကိုရယူျခင္းပါပဲ။

၄) ေရအစား ဒိန္ခ်ဥ္၊ ႏြားႏို႔၊ ပဲႏို႔၊ အုန္းရည္စတာေတြကို ေျပာင္းလဲထည္႔ပါ။ ဒါက Smoothie ကိုပိုေသာက္လုိ႔ေကာင္းေစပါတယ္။

mango-banana-smoothie

mango-banana-smoothie

၅) Smoothie ေကာင္းေကာင္းေလးေတြေဖ်ာ္တတ္ဖုိ႔ Recipe ကအေရးၾကီးပါတယ္။ ရွိျပီးသား Recipe အတိုင္းေဖ်ာ္တာကပါဝင္ပစၥည္းေတြခ်င္းဓာတ္မတည္႔တာကိုေရွာင္ရွားႏိုင္ျပီး တခ်ိဳ႕ေသာ Super Food ေတြကိုလည္းအလြန္အကၽြံမသံုးမိေအာင္ထိန္းျပီးသားျဖစ္ေစပါတယ္။ Smoothie အရသာမေကာင္းမွာကိုလည္းပူစရာမလုိေတာ႔ပါဘူး။ အြန္လုိင္းမွာ Smoothie Recipe ေပါင္းမ်ားစြာရွိတာမုိ႔ ပူစရာေတာ႔မလုိပါဘူးေနာ္။

၆) Smoothie ေကာင္းတစ္ခြက္ရဖုိ႔ အရြက္စိမ္းေတြထည္႔ဖုိ႔ ဝန္မေလးသင္႔ပါဘူး။ အန႔ံမခံႏိုင္ရင္ သံပရာရည္၊ ပူစီနံေလးေတြ ထည္႔ၾကိတ္ႏိုင္ပါတယ္။

၇) အာဟာရျပည္႔တဲ႔ Smoothie တစ္ခြက္ကိုရဖုိ႔ က်န္းမာတဲ႔အဆီကိုလည္း ထည္႔တတ္ရပါမယ္။ ေထာပတ္သီး၊ ေျမပဲေထာပတ္၊Coconut Cream ၊ အေစ႔အဆံ ေတြထည္႔ႏိုင္ပါတယ္။ တစ္ခုသတိထားရမွာက ပမာဏနည္းနည္းပဲထည္႔ဖုိ႔ပါ။

ဒီအခ်က္ေလးေတြက သာမန္ထက္ပိုေကာင္းတဲ႔၊ အာဟာရဓာတ္ပိုျပည္႔ဝတဲ႔ Smoothie ေကာင္းတစ္ခြက္ရဖုိ႔ လွိ်႕ဝွက္ခ်က္ေလးေတြပါပဲ။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

Smoothie ကောင်းတစ်ခွက်ရဲ့လျှို့ဝှက်ချက် ၇ ချက်

အသီးအနှံမျိုးစုံလှိုင်လှိုင်ပေါတဲ့ ဒီရာသီကတော့ အသီးဖျော်ရည်တွေ၊ Smoothie တွေစပါယ်ရှယ်ဖျော်သောက်ဖို့အကောင်းဆုံးအချိန်ပါပဲ။ ကျန်းမာရေးလိုက်စားသူတွေအတွက်ရော၊ တောင့်တင်းလှပချင်၊ ဝိတ်ကျချင်သူတွေအတွက်ပါ Smoothie လေးတွေကအရေးပါပါတယ်။
Healthy Meal Plan ပြင်ဆင်ရင် မပါမဖြစ်လည်းဖြစ်၊ သောက်ရသူလည်းကြိုက်တဲ့ Smoothie ကောင်းတစ်ခွက်ရဖို့ လျှို့ဝှက်ချက်တွေတော့ရှိပါတယ်နော်။ ဒါကြောင့် Smoothie ချစ်သူလေးတွေသိထားသင့်တဲ့ Smoothie ဖျော်နည်းလျှို့ဝှက်ချက်တွေကို မျှဝေပေးလိုက်ပါတယ်။

၁) အသီးအရွက်နဲ့အသီးအနှံတွေကို အရောင်အသွေးမတူ၊ အရသာမတူ၊ အာဟာရတန်ဖိုးမတူတာတွေကို ရွေးချယ်ပါ။ သင့်ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို ကြည့်ပြီး Smoothie အတွဲအစပ်အမျိုးမျိုးကိုရွေးချယ်နိုင်ပါတယ်။ Ingredients တွေကိုအမျိုးမျိူးပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Base အနေနဲ့ကတော့ ပန်းသီး၊ ငှက်ပျောသီး၊ နာနတ်သီးတွေက အကောင်းဆုံးပါ။

၂) သောက်လို့ကောင်းတဲ့ Smoothie ကောင်းတစ်ခွက်ကအေးမြမှုရှိနေဖို့လိုပါတယ်။ Blender နဲ့ မကြိတ်ခင်မှာ အသီးအနှံတွေကို ကြိုတင်အအေးခံထားတာကပိုကောင်းပါတယ်။ ဒါမှရေခဲထည့်ကြိတ်စရာမလို ရေခဲကြောင့် အရသာပေါ့သွားတာမျိုးမဖြစ်စေဘဲ ချိုချိုအေးအေးလေးသောက်နိုင်မှာဖြစ်ပါတယ်။ အသီးအနှံအေးအေးလေးတွေဆိုရင် Smoothie ကိုပျစ်ပျစ်လေးဖြစ်စေပြီး အရသာလည်းပိုရှိစေပါတယ်။

Green-Smoothie-Ingredients

Green-Smoothie-Ingredients

၃) သကြား အစားပျားရည် ဒါမှမဟုတ် သကာရည်သုံးပါ။ သကြားမသုံးသင့်ပါဘူး။ အကောင်းဆုံးကတော့ အချိုဓာတ်ပေးနိုင်တဲ့ အသီးအနှံကိုရွေးထည့်ပြီး သဘာဝအချိုဓာတ်ကိုရယူခြင်းပါပဲ။

၄) ရေအစား ဒိန်ချဉ်၊ နွားနို့၊ ပဲနို့၊ အုန်းရည်စတာတွေကို ပြောင်းလဲထည့်ပါ။ ဒါက Smoothie ကိုပိုသောက်လို့ကောင်းစေပါတယ်။

mango-banana-smoothie

mango-banana-smoothie

၅) Smoothie ကောင်းကောင်းလေးတွေဖျော်တတ်ဖို့ Recipe ကအရေးကြီးပါတယ်။ ရှိပြီးသား Recipe အတိုင်းဖျော်တာကပါဝင်ပစ္စည်းတွေချင်းဓာတ်မတည့်တာကိုရှောင်ရှားနိုင်ပြီး တချို့သော Super Food တွေကိုလည်းအလွန်အကျွံမသုံးမိအောင်ထိန်းပြီးသားဖြစ်စေပါတယ်။ Smoothie အရသာမကောင်းမှာကိုလည်းပူစရာမလိုတော့ပါဘူး။ အွန်လိုင်းမှာ Smoothie Recipe ပေါင်းများစွာရှိတာမို့ ပူစရာတော့မလိုပါဘူးနော်။

၆) Smoothie ကောင်းတစ်ခွက်ရဖို့ အရွက်စိမ်းတွေထည့်ဖို့ ဝန်မလေးသင့်ပါဘူး။ အနံ့မခံနိုင်ရင် သံပရာရည်၊ ပူစီနံလေးတွေ ထည့်ကြိတ်နိုင်ပါတယ်။

၇) အာဟာရပြည့်တဲ့ Smoothie တစ်ခွက်ကိုရဖို့ ကျန်းမာတဲ့အဆီကိုလည်း ထည့်တတ်ရပါမယ်။ ထောပတ်သီး၊ မြေပဲထောပတ်၊Coconut Cream ၊ အစေ့အဆံ တွေထည့်နိုင်ပါတယ်။ တစ်ခုသတိထားရမှာက ပမာဏနည်းနည်းပဲထည့်ဖို့ပါ။

ဒီအချက်လေးတွေက သာမန်ထက်ပိုကောင်းတဲ့၊ အာဟာရဓာတ်ပိုပြည့်ဝတဲ့ Smoothie ကောင်းတစ်ခွက်ရဖို့ လျှိ့ဝှက်ချက်လေးတွေပါပဲ။

ဂျူဂျူး(Akhayar)

www.akhayar.com