[Zawgyi]

Kylie Jenner လိမ္းျပလိုက္တဲ့ ျပစ္မ်ိဳးမွဲ႔မထင္မိတ္ကပ္လိမ္းနည္းလ်ိဳ႕ဝွက္ခ်က္

ကမၻာေက်ာ္အမ်ိဳးသမီးထုအသည္းစြဲ Kylie Cosmetics ရဲ႕ ပဲ့ကိုင္ရွင္ျဖစ္သူ အသက္ ၂၀ေက်ာ္ေလးနဲ႔ အလွဖူးေတြႂကြယ္ေနတဲ့ Kylie Jenner ကေတာ့ အလွဆံုးနဲ႔အေခ်ာေမြ႕ဆံုးမိတ္ကပ္လိမ္းျခယ္နည္းကို ရွာေဖြေတြ႕ရွိထားသူပါ။

လူတိုင္းအားက်ရတဲ့ မ်က္ႏွာေခ်ာေခ်ာလွလွေလးကို ပိုင္ဆိုင္ထားတဲ့အျပင္ပြဲလမ္းသဘင္၊ ပါတီေတြနဲ႔ ထသြားထလာအျပင္အဆင္ေတြမွာကအစ တကယ့္ Perfect Make Up Look ကို လိမ္းျခယ္ႏိုင္သူပါ။

အဲ့လို မိတ္ကပ္လိမ္းတဲ့အခါ သူမဘယ္လိုလ်ိဳ႕ဝွက္ခ်က္ေတြနဲ႔ လိမ္းလဲဆိုတာကို ဇြန္လ၂၈ရက္ေန႔မွာ သူမရဲ႕ ကိုယ္ပိုင္ YouTube Channel ေပၚမွာတင္ခဲ့ပါတယ္။ သူမလိမ္းျခယ္ေနက် မႈန္ေနေအာင္လွတဲ့မိတ္ကပ္လိမ္းဖို႔အတြက္ကေတာ့ ဒီလိုပါတဲ့။

(၁) သူမ မိတ္ကပ္ျပင္ရာမွာေတာ့ ပထမဆံုး Eyeshadow နဲ႔ Eyebrow ကို စျခယ္ေလ့ရွိပါတယ္။ အဲ့လိုမွ မ်က္လံုးေအာက္ေတြေပတာမ်ိဳးရွိရင္ Make Up Cleanser နဲ႔ဖ်က္လို႔ရေအာင္ပါ။

(၂) အၿမဲတမ္း Foundation ကို ေလးစက္ပဲညႇစ္ပါတယ္။ ၿပီးရင္ေတာ့ေသခ်ာႏွံ႔ေအာင္ Foundation Brush နဲ႔လိမ္းၿပီးမွ Make up blender နဲ႔ထပ္အေခ်ာသတ္ပါတယ္။ မိတ္ကပ္လိမ္းရာမွာ သူမရဲ႕လည္ပင္းသားကိုလည္း လံုးဝမေမ့တတ္ပါဘူး။

(၃) ေနာက္ထပ္ Foundation နည္းနည္းကိုေတာ့ မ်က္ခံုးသားေလးေသသပ္ဖို႔အနားသိပ္ရာမွာ သံုးပါတယ္။

(၄) မ်က္လံုးေအာက္ေျခတစ္ဝိုက္ကို Concealer သံုးၿပီးတာနဲ႔ Setting Powder နဲ႔ အသားသိပ္ေအာင္ဖံုးပါတယ္။

(၅) Contouring လုပ္တဲ့အပိုင္းၿပီးရင္ေတာ့ ေမး႐ိုးပိုသြယ္သြားဖို႔ ပါး႐ိုးေအာက္ေျခနားကို Powder ထပ္တင္ပါတယ္။

(၆) ႏႈတ္ခမ္းနီဆိုးရာမွာလည္း Lip Liner ဆြဲၿပီးမွ တစ္ထပ္ဆိုးၿပီးေတာ့ အေပၚမွာ Gloss ထပ္အုပ္ပါတယ္။

(၇) Kylie ဟာ မ်က္ႏွာတစ္ခုလံုး ညီညာေခ်ာေမြ႕ေစခ်င္တဲ့အတြက္ မ်က္လံုးေအာက္နားက ပါး႐ိုး ၂ဖက္ကို Highlighter တင္ၿပီးတာနဲ႔ မ်က္ႏွာတစ္ခုလံုးကို Blend ေသခ်ာလုပ္ပါတယ္တဲ့။ Blend လုပ္တာဟာသူမအတြက္ မိတ္ကပ္သားေခ်ာေမြ႕ဖို႔ မရွိမျဖစ္လိုတဲ့အပိုင္းပါ။

(၈) ေနာက္ဆံုးတစ္ေနကုန္အလွမပ်က္တဲ့မိတ္ကပ္သားလ်ိဳ႕ဝွက္ခ်က္ကေတာ့ Facial Spray ပါပဲ။

ဒီေလာက္ဆို ကမၻာေက်ာ္ Kylie Cosmetics ရဲ႕ ပင္တိုင္ပဲ့ကိုင္ရွင္ Kylie တစ္ေယာက္ပြဲတိုင္းမွာ အမ်ားၾကားထဲထင္းေနေအာင္လွေနသလို ပ်ိဳပ်ိဳေမတို႔အားလံုးလည္း ညီညာေခ်ာေမြ႕တဲ့မ်က္ႏွာအလွကို ပိုင္ဆိုင္ဖို႔ Kylie ရဲ႕ Beauty Tips ေတြအတိုင္း မိတ္ကပ္ျပင္ဆင္လို႔ရပါၿပီ။

EiEiKhineMinn (Akhayar)

www.akhayar.com

[Unicode]

Kylie Jenner လိမ်းပြလိုက်တဲ့ ပြစ်မျိုးမှဲ့မထင်မိတ်ကပ်လိမ်းနည်းလျို့ဝှက်ချက်

ကမ္ဘာကျော်အမျိုးသမီးထုအသည်းစွဲ Kylie Cosmetics ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ အသက် ၂၀ကျော်လေးနဲ့ အလှဖူးတွေကြွယ်နေတဲ့ Kylie Jenner ကတော့ အလှဆုံးနဲ့အချောမွေ့ဆုံးမိတ်ကပ်လိမ်းခြယ်နည်းကို ရှာဖွေတွေ့ရှိထားသူပါ။

လူတိုင်းအားကျရတဲ့ မျက်နှာချောချောလှလှလေးကို ပိုင်ဆိုင်ထားတဲ့အပြင်ပွဲလမ်းသဘင်၊ ပါတီတွေနဲ့ ထသွားထလာအပြင်အဆင်တွေမှာကအစ တကယ့် Perfect Make Up Look ကို လိမ်းခြယ်နိုင်သူပါ။

အဲ့လို မိတ်ကပ်လိမ်းတဲ့အခါ သူမဘယ်လိုလျို့ဝှက်ချက်တွေနဲ့ လိမ်းလဲဆိုတာကို ဇွန်လ၂၈ရက်နေ့မှာ သူမရဲ့ ကိုယ်ပိုင် YouTube Channel ပေါ်မှာတင်ခဲ့ပါတယ်။ သူမလိမ်းခြယ်နေကျ မှုန်နေအောင်လှတဲ့မိတ်ကပ်လိမ်းဖို့အတွက်ကတော့ ဒီလိုပါတဲ့။

(၁) သူမ မိတ်ကပ်ပြင်ရာမှာတော့ ပထမဆုံး Eyeshadow နဲ့ Eyebrow ကို စခြယ်လေ့ရှိပါတယ်။ အဲ့လိုမှ မျက်လုံးအောက်တွေပေတာမျိုးရှိရင် Make Up Cleanser နဲ့ဖျက်လို့ရအောင်ပါ။

(၂) အမြဲတမ်း Foundation ကို လေးစက်ပဲညှစ်ပါတယ်။ ပြီးရင်တော့သေချာနှံ့အောင် Foundation Brush နဲ့လိမ်းပြီးမှ Make up blender နဲ့ထပ်အချောသတ်ပါတယ်။ မိတ်ကပ်လိမ်းရာမှာ သူမရဲ့လည်ပင်းသားကိုလည်း လုံးဝမမေ့တတ်ပါဘူး။

(၃) နောက်ထပ် Foundation နည်းနည်းကိုတော့ မျက်ခုံးသားလေးသေသပ်ဖို့အနားသိပ်ရာမှာ သုံးပါတယ်။

(၄) မျက်လုံးအောက်ခြေတစ်ဝိုက်ကို Concealer သုံးပြီးတာနဲ့ Setting Powder နဲ့ အသားသိပ်အောင်ဖုံးပါတယ်။

(၅) Contouring လုပ်တဲ့အပိုင်းပြီးရင်တော့ မေးရိုးပိုသွယ်သွားဖို့ ပါးရိုးအောက်ခြေနားကို Powder ထပ်တင်ပါတယ်။

(၆) နှုတ်ခမ်းနီဆိုးရာမှာလည်း Lip Liner ဆွဲပြီးမှ တစ်ထပ်ဆိုးပြီးတော့ အပေါ်မှာ Gloss ထပ်အုပ်ပါတယ်။

(၇) Kylie ဟာ မျက်နှာတစ်ခုလုံး ညီညာချောမွေ့စေချင်တဲ့အတွက် မျက်လုံးအောက်နားက ပါးရိုး ၂ဖက်ကို Highlighter တင်ပြီးတာနဲ့ မျက်နှာတစ်ခုလုံးကို Blend သေချာလုပ်ပါတယ်တဲ့။ Blend လုပ်တာဟာသူမအတွက် မိတ်ကပ်သားချောမွေ့ဖို့ မရှိမဖြစ်လိုတဲ့အပိုင်းပါ။

(၈) နောက်ဆုံးတစ်နေကုန်အလှမပျက်တဲ့မိတ်ကပ်သားလျို့ဝှက်ချက်ကတော့ Facial Spray ပါပဲ။

ဒီလောက်ဆို ကမ္ဘာကျော် Kylie Cosmetics ရဲ့ ပင်တိုင်ပဲ့ကိုင်ရှင် Kylie တစ်ယောက်ပွဲတိုင်းမှာ အများကြားထဲထင်းနေအောင်လှနေသလို ပျိုပျိုမေတို့အားလုံးလည်း ညီညာချောမွေ့တဲ့မျက်နှာအလှကို ပိုင်ဆိုင်ဖို့ Kylie ရဲ့ Beauty Tips တွေအတိုင်း မိတ်ကပ်ပြင်ဆင်လို့ရပါပြီ။

EiEiKhineMinn (Akhayar)

www.akhayar.com