ပထမ (၃) ပတ္အတြင္းမွာ ရူပီး (၆ဝ) ကုေဋအထိ ဝင္ေငြရွိလာတဲ့ “Secret Superstar”

Secret Superstar' box-office collection week 3 Aamir Khan and Zaira Wasim starrer reaches Rs 60 crore

[Zawgyi]

ပထမ (၃) ပတ္အတြင္းမွာ ရူပီး (၆ဝ) ကုေဋအထိ ဝင္ေငြရွိလာတဲ့ “Secret Superstar”

၂ဝ၁၇ခုႏွစ္ ေအာက္တုိဘာလ (၁၉) ရက္ေန႔က ရုံတင္ခဲ့တဲ့ “Secret Superstar” ရုပ္ရွင္ဇာတ္ကားဟာ ပထမ(၃) ပတ္အတြင္းမွာတင္ ဝင္ေငြ ရူပီး (၆ဝ) ကုေဋရွိလာၿပီလုိ႔ Box Office India ဝက္ဘ္ဆုိက္ရဲ႕အဆုိအရ သိရပါတယ္။ စူပါစတားမင္းသားႀကီး အမီရ္ခန္း (Aamir Khan) ပါဝင္သရုပ္ေဆာင္ထားတဲ့ ဇာတ္ကားႀကီးဟာ ရုံတင္တဲ့ ပထမအပတ္မွာတင္ ရူပီး (၄၁) ကုေဋ ရတဲ့အထိ ေအာင္ျမင္ခဲ့ၿပီး ဒုတိယအပတ္မွာ ရူပီး (၁၄) ကုေဋအထိ ရရွိခဲ့တာပါ။ တတိယအပတ္မွာ ရူပီး (၅) ကုေဋအထိ ရရွိတာျဖစ္တဲ့အတြက္ ပထမ (၃) ပတ္အတြင္းမွာတင္ ရူပီး (၆ဝ) ကုေဋရွိလာတာပါ။

“Secret Superstar” အတြက္ ပရုိမုိးရွင္းလုပ္ေနတဲ့ အမီရ္ခန္း (Aamir Khan)
“Secret Superstar” အတြက္ ပရုိမုိးရွင္းလုပ္ေနတဲ့ အမီရ္ခန္း (Aamir Khan)

ဒီကားမွာ ဒါရုိက္တာ အက္္ဒ္ဗိတ္ခ်န္ဒန္ (Advait Chandan) က ရုိက္ကူးၿပီး အမီရ္ခန္းဟာ သရုပ္ေဆာင္အျဖစ္ေရာ ထုတ္လုပ္သူအျဖစ္ေရာ အစြမ္းျပထားပါတယ္။ ရူပီး (၁၅) ကုေဋသာ အကုန္က်ခံၿပီး ရုိက္ကူးထားေပမယ့္ ဇာတ္လမ္းနဲ႔ပတ္သက္ၿပီး ပရိသတ္ရဲ႕ပဲ့တင္သံက အံ့မခန္းေအာင္ျမင္ခဲ့ပါတယ္။

အမ်ိဳးသမီးဇာတ္ပုိ႔ဆုကုိ လက္ခံေနတဲ့ ဇုိင္ရာဝါစင္ (Zaira Wasim)
အမ်ိဳးသမီးဇာတ္ပုိ႔ဆုကုိ လက္ခံေနတဲ့ ဇုိင္ရာဝါစင္ (Zaira Wasim)

ဒီဇာတ္ကားမွာ ကေလးသရုပ္ေဆာင္ ဇုိင္ရာဝါစင္ (Zaira Wasim) က ဦးေဆာင္ပါဝင္ခဲ့တာပါ။ “Dangal” ဇာတ္ကားမွာ ကေလးသရုပ္ေဆာင္အေနနဲ႔ ျမန္မာပရိသတ္ေတြ သိၿပီးသားျဖစ္မွာပါ။ “Dangal” ဇာတ္ကားမွာ သူမဟာ အမ်ိဳးသမီးဇာတ္ပုိ႔ဆု (National Film Award for Best Supporting Actress) ကုိေတာင္ ရရွိခဲ့ပါတယ္။ ဒုတိယေျမာက္ဇာတ္ကားျဖစ္တဲ့ “Secret Superstar” မွာလည္း အလားတူစြမ္းေဆာင္ရည္ေတြကုိ ျမင္ေတြ႕ရပါတယ္။

(၁၇) ႏွစ္အရြယ္ မင္းသမီးေခ်ာ ဇုိင္ရာဝါစင္ (Zaira Wasim)
(၁၇) ႏွစ္အရြယ္ မင္းသမီးေခ်ာ ဇုိင္ရာဝါစင္ (Zaira Wasim)

ကမၻာေက်ာ္ရုပ္ရွင္ဝက္ဘ္ဆုိက္ IMDb မွာ  “Secret Superstar” ဇာတ္ကားကုိ (8.5 Rating) အထိေပးထားရေလာက္တဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။ ဂီတကုိ ဝါသနာႀကီးတဲ့ ဆယ္ေက်ာ္သက္အရြယ္ ေကာင္မေလးတစ္ေယာက္ရဲ႕အေျခအေန၊ အယူသီးမႈေတြၾကားမွ ရုန္းကန္မႈ၊ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြနည္းတူ စြမ္းေဆာင္ႏုိ္င္တဲ့ အေျခအေနနဲ႔ နာမည္ေက်ာ္စတားျဖစ္ဖုိ႔ ေငြေၾကးအေထာက္အပံ့ဆုိတာထက္ ပါရမီရယ္ ႀကိဳးစားအားထုတ္မႈရယ္ပဲ လုိအပ္တယ္ဆုိတဲ့အေၾကာင္း ဒီဇာတ္ကားမွာ ျမင္ေတြ႕ႏုိင္မွာပါ။ ဒီဇာတ္ကားဟာ ေဘာလီးဝုဒ္ပရိသတ္ေတြတင္ ၾကည့္သင့္တဲ့ ဇာတ္ကားမ်ိဳး မဟုတ္ဘဲ ရုပ္ရွင္ခ်စ္သူတုိင္း အခ်ိန္ေပးၾကည့္သင့္တဲ့ ဇာတ္ကားေကာင္းႀကီးလုိ႔သာ ဆုိခ်င္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ပထမ (၃) ပတ်အတွင်းမှာ ရူပီး (၆ဝ) ကုဋေအထိ ဝင်ငွေရှိလာတဲ့ “Secret Superstar”

၂ဝ၁၇ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့က ရုံတင်ခဲ့တဲ့ “Secret Superstar” ရုပ်ရှင်ဇာတ်ကားဟာ ပထမ(၃) ပတ်အတွင်းမှာတင် ဝင်ငွေ ရူပီး (၆ဝ) ကုဋေရှိလာပြီလို့ Box Office India ဝက်ဘ်ဆိုက်ရဲ့အဆိုအရ သိရပါတယ်။ စူပါစတားမင်းသားကြီး အမီရ်ခန်း (Aamir Khan) ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကြီးဟာ ရုံတင်တဲ့ ပထမအပတ်မှာတင် ရူပီး (၄၁) ကုဋေ ရတဲ့အထိ အောင်မြင်ခဲ့ပြီး ဒုတိယအပတ်မှာ ရူပီး (၁၄) ကုဋေအထိ ရရှိခဲ့တာပါ။ တတိယအပတ်မှာ ရူပီး (၅) ကုဋေအထိ ရရှိတာဖြစ်တဲ့အတွက် ပထမ (၃) ပတ်အတွင်းမှာတင် ရူပီး (၆ဝ) ကုဋေရှိလာတာပါ။

“Secret Superstar” အတြက္ ပရုိမုိးရွင္းလုပ္ေနတဲ့ အမီရ္ခန္း (Aamir Khan)

ဒီကားမှာ ဒါရိုက်တာ အက်ဒ်ဗိတ်ချန်ဒန် (Advait Chandan) က ရိုက်ကူးပြီး အမီရ်ခန်းဟာ သရုပ်ဆောင်အဖြစ်ရော ထုတ်လုပ်သူအဖြစ်ရော အစွမ်းပြထားပါတယ်။ ရူပီး (၁၅) ကုဋေသာ အကုန်ကျခံပြီး ရိုက်ကူးထားပေမယ့် ဇာတ်လမ်းနဲ့ပတ်သက်ပြီး ပရိသတ်ရဲ့ပဲ့တင်သံက အံ့မခန်းအောင်မြင်ခဲ့ပါတယ်။

အမျိုးသမီးဇာတ်ပို့ဆုကို လက်ခံနေတဲ့ ဇိုင်ရာဝါစင် (Zaira Wasim)
အမျိုးသမီးဇာတ်ပို့ဆုကို လက်ခံနေတဲ့ ဇိုင်ရာဝါစင် (Zaira Wasim)

ဒီဇာတ်ကားမှာ ကလေးသရုပ်ဆောင် ဇိုင်ရာဝါစင် (Zaira Wasim) က ဦးဆောင်ပါဝင်ခဲ့တာပါ။ “Dangal” ဇာတ်ကားမှာ ကလေးသရုပ်ဆောင်အနေနဲ့ မြန်မာပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ “Dangal” ဇာတ်ကားမှာ သူမဟာ အမျိုးသမီးဇာတ်ပို့ဆု (National Film Award for Best Supporting Actress) ကိုတောင် ရရှိခဲ့ပါတယ်။ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ “Secret Superstar” မှာလည်း အလားတူစွမ်းဆောင်ရည်တွေကို မြင်တွေ့ရပါတယ်။

(၁၇) နှစ်အရွယ် မင်းသမီးချော ဇိုင်ရာဝါစင် (Zaira Wasim)
(၁၇) နှစ်အရွယ် မင်းသမီးချော ဇိုင်ရာဝါစင် (Zaira Wasim)

ကမ္ဘာကျော်ရုပ်ရှင်ဝက်ဘ်ဆိုက် IMDb မှာ  “Secret Superstar” ဇာတ်ကားကို (8.5 Rating) အထိပေးထားရလောက်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဂီတကို ဝါသနာကြီးတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်ရဲ့အခြေအနေ၊ အယူသီးမှုတွေကြားမှ ရုန်းကန်မှု၊ အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ စွမ်းဆောင်နိုင်တဲ့ အခြေအနေနဲ့ နာမည်ကျော်စတားဖြစ်ဖို့ ငွေကြေးအထောက်အပံ့ဆိုတာထက် ပါရမီရယ် ကြိုးစားအားထုတ်မှုရယ်ပဲ လိုအပ်တယ်ဆိုတဲ့အကြောင်း ဒီဇာတ်ကားမှာ မြင်တွေ့နိုင်မှာပါ။ ဒီဇာတ်ကားဟာ ဘောလီးဝုဒ်ပရိသတ်တွေတင် ကြည့်သင့်တဲ့ ဇာတ်ကားမျိုး မဟုတ်ဘဲ ရုပ်ရှင်ချစ်သူတိုင်း အချိန်ပေးကြည့်သင့်တဲ့ ဇာတ်ကားကောင်းကြီးလို့သာ ဆိုချင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com