[Zawgyi]

Dua Lipa အေၾကာင္း လူမသိေသးတဲ့ လ်ိဳ႕ဝွက္ခ်က္မ်ား

“New Rules” တို႔ “IDGAF” တို႔လို ရည္းစားေဟာင္းကို အထိနာေစမယ့္ သီခ်င္းေတြနဲ႔ လူငယ္မိန္းကေလးေရာ၊ ေယာက္်ားေလး ပရိသတ္ပါ အခိုင္အမာရရွိလာတဲ့ အသက္ ၂၂ ႏွစ္အရြယ္ Pop Star Dua Lipa ကေတာ့ ဒီႏွစ္ပိုင္းေလးအတြင္းမွာကို အႏုပညာေလာကမွာ ဟုန္းဟုန္းေတာက္ေက်ာ္ၾကားလာပါၿပီ။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

အႏုပညာေလာကကို ေမာ္ဒယ္လ္ ဘဝနဲ႔ဝင္ေရာက္ခဲ့ၿပီး ထိပ္တန္း Brand ေတြရဲ႕ ပင္တိုင္ေမာ္ဒယ္လ္အထိျဖစ္ခဲ့သူ Dua ဟာ ခုခ်ိန္မွာေတာ့ ဂီတေလာကမွာ ေနရာတစ္ေနရာအခိုင္အမာရရွိေနပါၿပီ။ ခပ္မာမာေယာက္်ားဆန္ဆန္အသြင္အျပင္ေတြ၊ သာမန္ အေနာက္ႏိုင္ငံသူေတြရဲ႕ မ်က္ႏွာက်ေတြနဲ႔မတူဘဲ ခြဲထြက္ေနတဲ့ အသံစူးအက္အက္ပိုင္ရွင္တစ္ဦးျဖစ္သူ ညိဳ႕ဓါတ္အျပည့္နဲ႔သီခ်င္းဆိုတတ္တဲ့ Dua Lipa ရဲ႕ ေအာင္ျမင္မႈကေတာ့ ခုေနာက္ဆံုး 2018 ရဲ႕ UEFA Champians League ရဲ႕ ေနာက္ဆံုးပြဲအဖြင့္မွာေတာင္ ေဖ်ာ္ေျဖသီဆိုခြင့္ရတဲ့အထိပါပဲ။
Dark Pop လို႔ သူမကိုယ္တိုင္ခံယူထားတဲ့ ဂီတအမ်ိဳးအစားနဲ႔ သီခ်င္းတစ္ပုဒ္ဆိုတစ္ပုဒ္ထိမိေစခဲ့သူ Dua မွာ လည္း သူေတြ သိပ္မသိၾကေသးတဲ့ လ်ိဳ႕ဝွက္ခ်က္ေတြ ရွိပါေသးသတဲ့။

(၁) သူမနဲ႔ သူမရဲ႕ ပရိသတ္တစ္ေယာက္မွာ ဆင္တူတက္တူး တူတူထိုးထားတာရွိပါတယ္တဲ့။ Madrid ၿမိဳ႕မွာတုန္းက ပရိသတ္တစ္ေယာက္က လာႏႈတ္ဆက္ရင္းနဲ႔ သူမနဲ႔ အတူ ၂ေယာက္လံုးရဲ႕ လက္ေမာင္းရင္းမွာ “Angel” ဆိုၿပီး တက္တူးထိုးခဲ့တဲ့အထိပါပဲတဲ့။

(၂) စကားလံုးအသံထြက္ရြတ္ဆိုရာမွာေတာ့ Dua Lipa က ဆရာပါပဲ။ သီခ်င္းဆိုတာကလြဲၿပီး တျခား Talent ေတာ္ေတာ္မ်ားမ်ားမရွိတဲ့ သူမအတြက္ စကားလံုးတိုင္းကို မွန္မွန္ျမန္ျမန္အသံထြက္ႏိုင္တာကေတာ့ သူမရဲ႕ ကြ်မ္းက်င္ရာပိုင္ႏိုင္ရာလို႔ ဆိုရမလိုပါပဲ။ Interview တစ္ခုထဲမွာဆိုသူမဟာ “pterodactyl” ကိုေတာင္ခ်က္ခ်င္းအသံထြက္တတ္ပါသတဲ့။ မဆိုးဘူးလို႔ေျပာရမလိုပါပဲ။

(၃) Dua ဟာ ငယ္ရြယ္စဥ္က London ၿမိဳ႕ရဲ႕ Night Club တစ္ခုမွာလည္း အလုပ္လုပ္ခဲ့ဖူးပါတယ္။ Night Club ထဲ လူေတြ ဝင္ခြင့္ ရမရကို တံခါးဝမွာ စစ္ေဆးေပးရတဲ့ အလုပ္ျဖစ္ၿပီး Dua ကိုယ္တိုင္ အဆိုးရြားဆံုးအလုပ္ျဖစ္ခဲ႔ပါတယ္လို႔ မွတ္ခ်က္ခ်ခဲ့ပါတယ္။

(၄) Dua Lipa ရဲ႕ ပထမအေရွ႕နာမည္က Albanian စကားအရ အခ်စ္လို႔ အဓိပၸာယ္ရေပမယ့္ အဲ့နာမည္ကို ငယ္ငယ္တုန္းကအရမ္းမုန္းခဲ့ပါတယ္လို႔ ေျဖခဲ့ပါတယ္။

(၅) Dua ဟာ အသက္ ၁၅ ႏွစ္မွာ ဂီတနဲ႔ ပတ္သက္တဲ့ အသက္ေမြးဝမ္းေက်ာင္းအလုပ္ေတြစလုပ္ဖို႔အတြက္ သူမေနထိုင္တဲ့ Kosovo ၿမိဳ႕မွ London ၿမိဳ႕သို႔ ေျပာင္းေရႊ႕ခဲ့ပါတယ္။ ဘဝတစ္သက္တာလံုး ဟင္းခ်က္၊ အိမ္သန္႔ရွင္းေရးလုပ္ရင္းျဖတ္သန္းရတဲ့မိန္းမသားအလုပ္ေတြဟာ Dua အတြက္ေတာ့ အရမ္းခက္ခဲခဲ့ပါတယ္တဲ့။

(၆) Dua ဟာအသက္ ၁၅ႏွစ္အရြယ္ကပဲ ရဲတပ္ဖြဲ႕ဝင္တစ္ဦးကို ထိခိုက္ေစမႈနဲ႔ ဖမ္းဆီးခံရေတာ့မလိုျဖစ္ခဲ့ဖူးပါတယ္။ သူမနဲ႔ သူမရဲ႕ သူငယ္ခ်င္းတို႔ ၂ဦးသားဟာ အိမ္အေပၚထပ္ဝရန္တာကေနၿပီး ဆပ္ျပာေရျမဳပ္အပိုအလွ်ံေတြအားလံုးကို ေအာက္ကိုေလာင္းခ်ခဲ့တာပါ။ ကံဆိုးခ်င္ေတာ့ ေအာက္မွာရဲတပ္ဖြဲ႕ဝင္တစ္ဦးရွိေနၿပီး အကုန္သူ႔ေပၚက်ခဲ့တာမို႔ စည္းကမ္းမဲ့စြန္႔ပစ္မႈနဲ႔ အဖမ္းခံရမလိုျဖစ္ခဲ့ေပမယ့္ ငယ္ရြယ္လြန္းေသးလို႔ ရဲဝန္ထမ္းႀကီးရဲ႕သတိေပးမႈနဲ႔တင္ လြတ္ေျမာက္ခဲ့ပါတယ္တဲ့။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

(၇) သူမရဲ႕ အသံဟာ အၿမဲတမ္းေတာ့ လူလက္ခံအားေပးမႈ မရခဲ့ပါဘူး။ Dua အသက္ ၁၁ ႏွစ္အရြယ္မွာ ေက်ာင္းရဲ႕သံစံုဂီတအဖြဲ႕ကိုဝင္ခ်င္ခဲ့ေပမယ့္ တာဝန္ခံဆရာမက သူမအေနနဲ႔ ေကာင္းေကာင္းသီခ်င္းမဆိုႏိုင္ေလာက္ဘူးလို႔ ေျပာခဲ့တာခံခဲ့ရပါတယ္။ ခုခ်ိန္မွာေတာ့ ကမ႓ာေက်ာ္အဆိုေတာ္ေတာင္ ျဖစ္ေနခဲ့ၿပီဆိုေတာ့ ဝံ့ႂကြားစရာပါပဲ။

Dua Lipa ကေတာ့ အႏုပညာေလာကထဲ ဝင္ေရာက္တာမၾကာေသးတာမို႔ နာမည္ပ်က္ေတြ၊ အရႈပ္အရွင္းနည္းပါးၿပီး ေအးေဆးေနတတ္တဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ အသည္းကြဲေနတဲ့မိန္းကေလးေတြအတြက္ သီခ်င္းေတြနဲ႔ကုစားေစခဲ့သူ Pop အဆိုေတာ္မေလးကေတာ့ အျပင္ေလာကမွာလည္း သတင္းမဆူတတ္သလို တျခားနာမည္ေက်ာ္ေတြလို လ်ိဳ႕ဝွက္ခ်က္ေတြလည္း မ်ားမ်ားစားစားမရွိတဲ့ပံုပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

Dua Lipa အကြောင်း လူမသိသေးတဲ့ လျို့ဝှက်ချက်များ

“New Rules” တို့ “IDGAF” တို့လို ရည်းစားဟောင်းကို အထိနာစေမယ့် သီချင်းတွေနဲ့ လူငယ်မိန်းကလေးရော၊ ယောက်ျားလေး ပရိသတ်ပါ အခိုင်အမာရရှိလာတဲ့ အသက် ၂၂ နှစ်အရွယ် Pop Star Dua Lipa ကတော့ ဒီနှစ်ပိုင်းလေးအတွင်းမှာကို အနုပညာလောကမှာ ဟုန်းဟုန်းတောက်ကျော်ကြားလာပါပြီ။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

အနုပညာလောကကို မော်ဒယ်လ် ဘဝနဲ့ဝင်ရောက်ခဲ့ပြီး ထိပ်တန်း Brand တွေရဲ့ ပင်တိုင်မော်ဒယ်လ်အထိဖြစ်ခဲ့သူ Dua ဟာ ခုချိန်မှာတော့ ဂီတလောကမှာ နေရာတစ်နေရာအခိုင်အမာရရှိနေပါပြီ။ ခပ်မာမာယောက်ျားဆန်ဆန်အသွင်အပြင်တွေ၊ သာမန် အနောက်နိုင်ငံသူတွေရဲ့ မျက်နှာကျတွေနဲ့မတူဘဲ ခွဲထွက်နေတဲ့ အသံစူးအက်အက်ပိုင်ရှင်တစ်ဦးဖြစ်သူ ညို့ဓါတ်အပြည့်နဲ့သီချင်းဆိုတတ်တဲ့ Dua Lipa ရဲ့ အောင်မြင်မှုကတော့ ခုနောက်ဆုံး 2018 ရဲ့ UEFA Champians League ရဲ့ နောက်ဆုံးပွဲအဖွင့်မှာတောင် ဖျော်ဖြေသီဆိုခွင့်ရတဲ့အထိပါပဲ။
Dark Pop လို့ သူမကိုယ်တိုင်ခံယူထားတဲ့ ဂီတအမျိုးအစားနဲ့ သီချင်းတစ်ပုဒ်ဆိုတစ်ပုဒ်ထိမိစေခဲ့သူ Dua မှာ လည်း သူတွေ သိပ်မသိကြသေးတဲ့ လျို့ဝှက်ချက်တွေ ရှိပါသေးသတဲ့။

(၁) သူမနဲ့ သူမရဲ့ ပရိသတ်တစ်ယောက်မှာ ဆင်တူတက်တူး တူတူထိုးထားတာရှိပါတယ်တဲ့။ Madrid မြို့မှာတုန်းက ပရိသတ်တစ်ယောက်က လာနှုတ်ဆက်ရင်းနဲ့ သူမနဲ့ အတူ ၂ယောက်လုံးရဲ့ လက်မောင်းရင်းမှာ “Angel” ဆိုပြီး တက်တူးထိုးခဲ့တဲ့အထိပါပဲတဲ့။

(၂) စကားလုံးအသံထွက်ရွတ်ဆိုရာမှာတော့ Dua Lipa က ဆရာပါပဲ။ သီချင်းဆိုတာကလွဲပြီး တခြား Talent တော်တော်များများမရှိတဲ့ သူမအတွက် စကားလုံးတိုင်းကို မှန်မှန်မြန်မြန်အသံထွက်နိုင်တာကတော့ သူမရဲ့ ကျွမ်းကျင်ရာပိုင်နိုင်ရာလို့ ဆိုရမလိုပါပဲ။ Interview တစ်ခုထဲမှာဆိုသူမဟာ “pterodactyl” ကိုတောင်ချက်ချင်းအသံထွက်တတ်ပါသတဲ့။ မဆိုးဘူးလို့ပြောရမလိုပါပဲ။

(၃) Dua ဟာ ငယ်ရွယ်စဉ်က London မြို့ရဲ့ Night Club တစ်ခုမှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။ Night Club ထဲ လူတွေ ဝင်ခွင့် ရမရကို တံခါးဝမှာ စစ်ဆေးပေးရတဲ့ အလုပ်ဖြစ်ပြီး Dua ကိုယ်တိုင် အဆိုးရွားဆုံးအလုပ်ဖြစ်ခဲ့ပါတယ်လို့ မှတ်ချက်ချခဲ့ပါတယ်။

(၄) Dua Lipa ရဲ့ ပထမအရှေ့နာမည်က Albanian စကားအရ အချစ်လို့ အဓိပ္ပာယ်ရပေမယ့် အဲ့နာမည်ကို ငယ်ငယ်တုန်းကအရမ်းမုန်းခဲ့ပါတယ်လို့ ဖြေခဲ့ပါတယ်။

(၅) Dua ဟာ အသက် ၁၅ နှစ်မှာ ဂီတနဲ့ ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေစလုပ်ဖို့အတွက် သူမနေထိုင်တဲ့ Kosovo မြို့မှ London မြို့သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဘဝတစ်သက်တာလုံး ဟင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်ရင်းဖြတ်သန်းရတဲ့မိန်းမသားအလုပ်တွေဟာ Dua အတွက်တော့ အရမ်းခက်ခဲခဲ့ပါတယ်တဲ့။

(၆) Dua ဟာအသက် ၁၅နှစ်အရွယ်ကပဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိခိုက်စေမှုနဲ့ ဖမ်းဆီးခံရတော့မလိုဖြစ်ခဲ့ဖူးပါတယ်။ သူမနဲ့ သူမရဲ့ သူငယ်ချင်းတို့ ၂ဦးသားဟာ အိမ်အပေါ်ထပ်ဝရန်တာကနေပြီး ဆပ်ပြာရေမြုပ်အပိုအလျှံတွေအားလုံးကို အောက်ကိုလောင်းချခဲ့တာပါ။ ကံဆိုးချင်တော့ အောက်မှာရဲတပ်ဖွဲ့ဝင်တစ်ဦးရှိနေပြီး အကုန်သူ့ပေါ်ကျခဲ့တာမို့ စည်းကမ်းမဲ့စွန့်ပစ်မှုနဲ့ အဖမ်းခံရမလိုဖြစ်ခဲ့ပေမယ့် ငယ်ရွယ်လွန်းသေးလို့ ရဲဝန်ထမ်းကြီးရဲ့သတိပေးမှုနဲ့တင် လွတ်မြောက်ခဲ့ပါတယ်တဲ့။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

(၇) သူမရဲ့ အသံဟာ အမြဲတမ်းတော့ လူလက်ခံအားပေးမှု မရခဲ့ပါဘူး။ Dua အသက် ၁၁ နှစ်အရွယ်မှာ ကျောင်းရဲ့သံစုံဂီတအဖွဲ့ကိုဝင်ချင်ခဲ့ပေမယ့် တာဝန်ခံဆရာမက သူမအနေနဲ့ ကောင်းကောင်းသီချင်းမဆိုနိုင်လောက်ဘူးလို့ ပြောခဲ့တာခံခဲ့ရပါတယ်။ ခုချိန်မှာတော့ ကမ္ဘာကျော်အဆိုတော်တောင် ဖြစ်နေခဲ့ပြီဆိုတော့ ဝံ့ကြွားစရာပါပဲ။

Dua Lipa ကတော့ အနုပညာလောကထဲ ဝင်ရောက်တာမကြာသေးတာမို့ နာမည်ပျက်တွေ၊ အရှုပ်အရှင်းနည်းပါးပြီး အေးဆေးနေတတ်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အသည်းကွဲနေတဲ့မိန်းကလေးတွေအတွက် သီချင်းတွေနဲ့ကုစားစေခဲ့သူ Pop အဆိုတော်မလေးကတော့ အပြင်လောကမှာလည်း သတင်းမဆူတတ်သလို တခြားနာမည်ကျော်တွေလို လျို့ဝှက်ချက်တွေလည်း များများစားစားမရှိတဲ့ပုံပါပဲ။

EiEiKhineMinn (Akhayar)