[ZawGyi]

အသက္၅၀ ရွိေပမယ့္ အပ်ိဳရံႈးေအာင္လွေနတဲ့ ဂ်ပန္က အႏုပ်ိဳဆံုးအမ်ိဳးသမီးရဲ႕ လ်ိဳ႕ဝွက္ခ်က္

ဂ်ပန္လူမ်ိဳးေတြဟာ ေနထိုင္စားေသာက္မႈနဲ႔ က်န္းမာတဲ့ လူေနမႈပံုစံေတြေၾကာင့္ ကမ႓ာေပၚမွာ အသက္ရွည္ဆံုးလူမ်ိဳးေတြအျဖစ္ နာမည္ႀကီးပါတယ္။ ဒါေပမယ့္ အသက္ရွည္ရံုသာမက ႏုပ်ိဳလွပေနဖို႔ ဆိုတာကေတာ့ တစ္ကယ့္ကို ဘုရားေပးတဲ့ဆုပါပဲ။ ဒါ့အျပင္ အသက္ ၅၀ အရြယ္နဲ႔ ၂၀ ေက်ာ္အရြယ္မိန္းမငယ္ေလးေတြ ရံႈးေအာင္လွပႏုပ်ိဳေနဖို႔ဆိုတာကေတာ့ ပိုလို႔ေတာင္မျဖစ္ႏိုင္ပါေသးတယ္။ ဒါေပမယ့္ အဲ့စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့တဲ့ ဂ်ပန္က အမ်ိဳးသမီးတစ္ေယာက္ကေတာ့ ဂ်ပန္ႏိုင္ငံရဲ႕ “အဆံုးမရွိ ႏုပ်ိဳမႈတို႔ရဲ႕ ပိုင္ရွင္” ဆိုၿပီး တဟုန္ထိုး နာမည္ႀကီးေလာက္ေအာင္ကို ႏုပ်ိဳလွပလြန္းသူပါပဲ။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

၂၀၁၂ ခုႏွစ္ သူမအသက္ ၄၄ႏွစ္အရြယ္တည္းက နာမည္ႀကီးခဲ့တဲ့ Masako Mizutani ကေတာ့ အဲ့ဒီ အခ်ိန္မွာ အသက္ ၂၀ အရြယ္ သမီးတစ္ေယာက္ကိုပိုင္ဆိုင္ထားတာေတာင္ အံ့မခန္း သမီးထက္အေမက ပိုႏုပ်ိဳလွပေနပါသတဲ့။

အသက္ ၂၀ အရြယ္ သမီး (ဘယ္) ႏွင့္ Masako Mizutani ( ညာ)

အဲ့ေနာက္ သူမဟာ Japan Brand အဝတ္အထည္ေတြနဲ႔ အလွအပထုတ္ကုန္ေတြအတြက္ Model လည္း လုပ္ေပးခဲ့ၿပီး ၂၀၁၅ မွာေတာ့ ဂ်ပန္ႏိုင္ငံမွာ က်င္းပတဲ့ အႏုပ်ိဳဆံုးအလွမယ္ၿပိဳင္ပြဲမွာ အႏိုင္ရခဲ့တာကစၿပီး တစ္ႏိုင္ငံလံုးအႏွံ႔ လူသိမ်ား နာမည္ႀကီးလာေတာ့တာပါပဲ။

Masako Mizutani

အခု ၂၀၁၈ မွာ အသက္ ၅၀ အရြယ္ထဲ ခ်ဥ္းနင္းဝင္ေရာက္လာေပမယ့္ တစ္ရက္စာေလးမွေတာင္ မအိုမင္းလာတဲ့ Masako ရဲ႕ အလွကေတာ့ ၾသခ်ေလာက္စရာပါပဲ။

Masako Mizutami

သူမရဲ႕ အလွအပလ်ိဳ႕ဝွက္ခ်က္နဲ႔ပတ္သက္ၿပီး ေမးျမန္းတဲ့အခါမွာ သူမကိုယ္တိုင္က အသီးအရြက္ပဲစားတဲ့ Diet ကို ခုခ်ိန္ထိ အၿမဲတမ္း တင္းတင္းၾကပ္ၾကပ္ အေလ့က်င့္လုပ္ခဲ့ၿပီး ေဆးလိပ္ေတြနဲ႔ Alcohol မွန္သမွ်ကို ေရွာင္ခဲ့လို႔ပါတဲ့။ ေနေရာင္ကိုလည္း တတ္ႏိုင္သမွ်ေရွာင္ၾကဥ္ၿပီး ေန႔တိုင္း သူမရဲ႕ ခႏၶာကိုယ္နဲ႔ အသားအေရကို ေကာင္းေကာင္းဂ႐ုစိုက္ဖို႔ အခ်ိန္ ၅ နာရီခန္႔ ေပးပါတယ္တဲ့။

Masako Mizutani

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

အၿမဲတမ္းလည္း ေလ့က်င့္ခန္းလႈပ္ရွားမႈေတြလုပ္ၿပီး သူမရဲ႕ မွတ္ဉာဏ္စြမ္းအားတိုးတက္ဖို႔အတြက္ Pacman လိုမ်ိဳး Game ေတြ ေဆာ့ေလ့ရွိပါတယ္တဲ့။ အခုေတာ့ “Masako’s Salon” ဆိုတဲ့ သူမကိုယ္ပိုင္ Website တစ္ခုကို ေထာင္ထားၿပီး အလွအပေရးရာ ေဆာင္ရန္ေရွာင္ရန္ Review ေတြ၊ ပစၥည္းထုတ္ကုန္ေတြ Review ေပးၿပီး ေရာင္းခ်တဲ့ လုပ္ငန္းကိုလုပ္ေနပါတယ္။

Masako Mizutani

လူေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီေလာက္ႏုပ်ိဳလွပေနတဲ့ သူမမွာ အလွအပလ်ိဳ႕ဝွက္ခ်က္ေတြ ရွိေနဦးမယ္ထင္ေပမယ့္ အသက္အရြယ္နဲ႔မလိုက္တဲ့ ႏုပ်ိဳလွပျခင္းအတြက္ေတာ့ အသားအေရ ကို အၿမဲတမ္း ထိန္းသိမ္းေနရတာေတြ၊ ကုန္က်စရိတ္ေတြ၊ အၿမဲမပ်က္ က်န္းမာေရးဂ႐ုစိုက္မႈေတြလိုအပ္ေနမွာကေတာ့အမွန္ပါပဲ။

Misako Mizutani

အသက္ ၅၀ အရြယ္ေရာက္တာေတာင္ သမီးထက္ေမေမအလွပိုတဲ့၊ အပ်ိဳေလးရံႈးေလာက္ေအာင္ ႏုပ်ိဳလြန္းတဲ့၊ ဂ်ပန္ႏိုင္ငံရဲ႕ ႏုပ်ိဳမႈတို႔ရဲ႕ သခင္မ Masako Mizutani ရဲ႕ အလွကေတာ့ မိန္းမခ်င္းေတာင္ ေႂကြေလာက္စရာမို႔ ႏုပ်ိဳမႈနဲ႔ အလွအပေရးရာမွာေတာ့ မိန္းကေလးတိုင္းရဲ႕ ေရွ႕ေဆာင္စံျပတစ္ေယာက္ပါပဲ။

Masako Mizutani

EiEiKhineMinn ( Akhayar )

www.akhayar.com

[Unicode]

အသက်၅၀ ရှိပေမယ့် အပျိုရှုံးအောင်လှနေတဲ့ ဂျပန်က အနုပျိုဆုံးအမျိုးသမီးရဲ့ လျို့ဝှက်ချက်

ဂျပန်လူမျိုးတွေဟာ နေထိုင်စားသောက်မှုနဲ့ ကျန်းမာတဲ့ လူနေမှုပုံစံတွေကြောင့် ကမ္ဘာပေါ်မှာ အသက်ရှည်ဆုံးလူမျိုးတွေအဖြစ် နာမည်ကြီးပါတယ်။ ဒါပေမယ့် အသက်ရှည်ရုံသာမက နုပျိုလှပနေဖို့ ဆိုတာကတော့ တစ်ကယ့်ကို ဘုရားပေးတဲ့ဆုပါပဲ။ ဒါ့အပြင် အသက် ၅၀ အရွယ်နဲ့ ၂၀ ကျော်အရွယ်မိန်းမငယ်လေးတွေ ရှုံးအောင်လှပနုပျိုနေဖို့ဆိုတာကတော့ ပိုလို့တောင်မဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် အဲ့စံချိန်ကို ချိုးဖျက်ခဲ့တဲ့ ဂျပန်က အမျိုးသမီးတစ်ယောက်ကတော့ ဂျပန်နိုင်ငံရဲ့ “အဆုံးမရှိ နုပျိုမှုတို့ရဲ့ ပိုင်ရှင်” ဆိုပြီး တဟုန်ထိုး နာမည်ကြီးလောက်အောင်ကို နုပျိုလှပလွန်းသူပါပဲ။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

၂၀၁၂ ခုနှစ် သူမအသက် ၄၄နှစ်အရွယ်တည်းက နာမည်ကြီးခဲ့တဲ့ Masako Mizutani ကတော့ အဲ့ဒီ အချိန်မှာ အသက် ၂၀ အရွယ် သမီးတစ်ယောက်ကိုပိုင်ဆိုင်ထားတာတောင် အံ့မခန်း သမီးထက်အမေက ပိုနုပျိုလှပနေပါသတဲ့။

အသက် ၂၀ အရွယ် သမီး (ဘယ်) နှင့် Masako Mizutani ( ညာ)

အဲ့နောက် သူမဟာ Japan Brand အဝတ်အထည်တွေနဲ့ အလှအပထုတ်ကုန်တွေအတွက် Model လည်း လုပ်ပေးခဲ့ပြီး ၂၀၁၅ မှာတော့ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အနုပျိုဆုံးအလှမယ်ပြိုင်ပွဲမှာ အနိုင်ရခဲ့တာကစပြီး တစ်နိုင်ငံလုံးအနှံ့ လူသိများ နာမည်ကြီးလာတော့တာပါပဲ။

Masako Mizutani

အခု ၂၀၁၈ မှာ အသက် ၅၀ အရွယ်ထဲ ချဉ်းနင်းဝင်ရောက်လာပေမယ့် တစ်ရက်စာလေးမှတောင် မအိုမင်းလာတဲ့ Masako ရဲ့ အလှကတော့ သြချလောက်စရာပါပဲ။

Masako Mizutami

သူမရဲ့ အလှအပလျို့ဝှက်ချက်နဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ သူမကိုယ်တိုင်က အသီးအရွက်ပဲစားတဲ့ Diet ကို ခုချိန်ထိ အမြဲတမ်း တင်းတင်းကြပ်ကြပ် အလေ့ကျင့်လုပ်ခဲ့ပြီး ဆေးလိပ်တွေနဲ့ Alcohol မှန်သမျှကို ရှောင်ခဲ့လို့ပါတဲ့။ နေရောင်ကိုလည်း တတ်နိုင်သမျှရှောင်ကြဉ်ပြီး နေ့တိုင်း သူမရဲ့ ခန္ဓာကိုယ်နဲ့ အသားအရေကို ကောင်းကောင်းဂရုစိုက်ဖို့ အချိန် ၅ နာရီခန့် ပေးပါတယ်တဲ့။

Masako Mizutani

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

အမြဲတမ်းလည်း လေ့ကျင့်ခန်းလှုပ်ရှားမှုတွေလုပ်ပြီး သူမရဲ့ မှတ်ဉာဏ်စွမ်းအားတိုးတက်ဖို့အတွက် Pacman လိုမျိုး Game တွေ ဆော့လေ့ရှိပါတယ်တဲ့။ အခုတော့ “Masako’s Salon” ဆိုတဲ့ သူမကိုယ်ပိုင် Website တစ်ခုကို ထောင်ထားပြီး အလှအပရေးရာ ဆောင်ရန်ရှောင်ရန် Review တွေ၊ ပစ္စည်းထုတ်ကုန်တွေ Review ပေးပြီး ရောင်းချတဲ့ လုပ်ငန်းကိုလုပ်နေပါတယ်။

Masako Mizutani

လူတော်တော်များများကတော့ ဒီလောက်နုပျိုလှပနေတဲ့ သူမမှာ အလှအပလျို့ဝှက်ချက်တွေ ရှိနေဦးမယ်ထင်ပေမယ့် အသက်အရွယ်နဲ့မလိုက်တဲ့ နုပျိုလှပခြင်းအတွက်တော့ အသားအရေ ကို အမြဲတမ်း ထိန်းသိမ်းနေရတာတွေ၊ ကုန်ကျစရိတ်တွေ၊ အမြဲမပျက် ကျန်းမာရေးဂရုစိုက်မှုတွေလိုအပ်နေမှာကတော့အမှန်ပါပဲ။

Misako Mizutani

အသက် ၅၀ အရွယ်ရောက်တာတောင် သမီးထက်မေမေအလှပိုတဲ့၊ အပျိုလေးရှုံးလောက်အောင် နုပျိုလွန်းတဲ့၊ ဂျပန်နိုင်ငံရဲ့ နုပျိုမှုတို့ရဲ့ သခင်မ Masako Mizutani ရဲ့ အလှကတော့ မိန်းမချင်းတောင် ကြွေလောက်စရာမို့ နုပျိုမှုနဲ့ အလှအပရေးရာမှာတော့ မိန်းကလေးတိုင်းရဲ့ ရှေ့ဆောင်စံပြတစ်ယောက်ပါပဲ။

Masako Mizutani

EiEiKhineMinn ( Akhayar )

www.akhayar.com