[Zawgyi]

မိသားစုမွာ ဒုတိယေျမာက္ သားသမီးေတြက တျခားေမြးခ်င္းေတြထက္ ပုိဆုိးၾကသတဲ့

မိသားစုမွာ အႀကီးဆုံးသားသမီးေတြက ဥာဏ္ေကာင္းတတ္တယ္၊ ပုိေအာင္ျမင္ၾကတယ္လုိ႔ ၂ဝဝ၇ခုႏွစ္ ေနာ္ေဝးႏုိင္ငံမွာ ျပဳလုပ္တဲ့ သုေတသနအရ သိရပါတယ္။ အႀကီးဆုံးသားသမီးေတြဟာ ‘သားဦး၊ သမီးဦး’ ျဖစ္တဲ့အတြက္ မိဘႏွစ္ပါးဟာ လုိေလေသးမရွိေအာင္ ဂရုစုိက္တတ္၊ ေထာက္ပံ့ထားၾကၿပီး ပညာေရးမွာ ထူးခြ်န္တတ္ၾကပါတယ္လုိ႔ အဆုိပါသုေတသနမွာ ထပ္ေလာင္းေဖာ္ျပထားပါတယ္။

Heineken Beer

Heineken Beer

Heineken Facebook Page သို႔

အႀကီးဆုံးသားသမီးေတြဟာ မိသားစုမွာ ကံေကာင္းတတ္ေပမယ့္ ဒုတိယသားသမီးေတြက (အထူးသျဖင့္ ဒုတိယသားေတြ) တျခားေမြးခ်င္းေတြနဲ႔ ႏႈိင္းယွဥ္ရင္ ဆုိးရြားၾကတယ္လုိ႔ ၂ဝ၁၇ခုႏွစ္မွာ ျပဳလုပ္တဲ့သုေတသနမွာ ေဖာ္ျပထားပါတယ္။ ဒိန္းမတ္နဲ႔ အေမရိကန္ႏုိင္ငံေတြမွာရွိတဲ့ ညီအစ္ကုိေထာင္ေပါင္းမ်ားစြာကုိ စစ္တမ္းေကာက္ယူခဲ့ၿပီး ဒုတိယသားသမီးေတြဟာ တျခားေမြးခ်င္းေတြနဲ႔စာရင္ ၂ဝရာခုိင္ႏႈန္းမွ ၄ဝရာခုိင္ႏႈန္းအထိ ပညာေရးမွာ ညံ့ဖ်င္းရုံမက ရာဇဝတ္မႈေတြကုိ ပုိလုပ္ၾကတယ္လုိ႔ သိရပါတယ္။

ဆုိးသြမ္းတတ္တဲ့ ဒုတိယသားသမီး

ဆုိးသြမ္းတတ္တဲ့ ဒုတိယသားသမီး

သုေတသနကုိ ဦးေဆာင္ခဲ့တဲ့ ပါေမာကၡ ဂြ်န္ဒြိဳင္း (John Doyle) ကေတာ့ “ဒုတိယသားသမီးေတြ အထူးသျဖင့္ေတာ့ ေယာက္်ားေလးေတြေပါ့ဗ်ာ။ သူတုိ႔ေတြက တျခားေမြးခ်င္းေတြထက္ ၄ဝရာခုိင္ႏႈန္းေလာက္အထိ ပုိဆုိးၾကတယ္ဗ်။ ဒုစရုိက္မႈေတြ ျပဳလုပ္ၾကၿပီး ေထာင္ေတြ ဘာေတြေတာင္ က်သြားတတ္တယ္။” လုိ႔ ဆုိထားပါတယ္။

အႀကီးဆုံးသားသမီးေတြဟာ လူႀကီးေတြကုိ သူတုိ႔ရဲ႕စံျပပုဂိၢဳလ္အျဖစ္ သတ္မွတ္ထားၾကေပမယ့္ ဒုတိယသားသမီးေတြဟာ အနီးစပ္ဆုံး အသက္ (၂) ႏွစ္ ဒါမွမဟုတ္ (၃) ႏွစ္ေလာက္သာ ကြာျခားတဲ့ ေမြးခ်င္းေတြဆီကပဲ သင္ယူတာေၾကာင့္ ဆုိးရြားသြားတယ္လုိ႔ သိရပါတယ္။ ၿပီးေတာ့ အႀကီးဆုံးသားသမီးေတြကုိ မိဘေတြက ပုိဂရုစုိက္ႏုိင္ၾကၿပီး ေနာက္ေမြးတဲ့ သားသမီးေတြဟာ သူတုိ႔ေလာက္ ဂရုစုိက္မခံရရွာပါဘူး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မိသားစုမှာ ဒုတိယမြောက် သားသမီးတွေက တခြားမွေးချင်းတွေထက် ပိုဆိုးကြသတဲ့

မိသားစုမှာ အကြီးဆုံးသားသမီးတွေက ဉာဏ်ကောင်းတတ်တယ်၊ ပိုအောင်မြင်ကြတယ်လို့ ၂ဝဝ၇ခုနှစ် နော်ဝေးနိုင်ငံမှာ ပြုလုပ်တဲ့ သုတေသနအရ သိရပါတယ်။ အကြီးဆုံးသားသမီးတွေဟာ ‘သားဦး၊ သမီးဦး’ ဖြစ်တဲ့အတွက် မိဘနှစ်ပါးဟာ လိုလေသေးမရှိအောင် ဂရုစိုက်တတ်၊ ထောက်ပံ့ထားကြပြီး ပညာရေးမှာ ထူးချွန်တတ်ကြပါတယ်လို့ အဆိုပါသုတေသနမှာ ထပ်လောင်းဖော်ပြထားပါတယ်။

Heineken Beer

Heineken Beer

Heineken Facebook Page သို့

အကြီးဆုံးသားသမီးတွေဟာ မိသားစုမှာ ကံကောင်းတတ်ပေမယ့် ဒုတိယသားသမီးတွေက (အထူးသဖြင့် ဒုတိယသားတွေ) တခြားမွေးချင်းတွေနဲ့ နှိုင်းယှဉ်ရင် ဆိုးရွားကြတယ်လို့ ၂ဝ၁၇ခုနှစ်မှာ ပြုလုပ်တဲ့သုတေသနမှာ ဖော်ပြထားပါတယ်။ ဒိန်းမတ်နဲ့ အမေရိကန်နိုင်ငံတွေမှာရှိတဲ့ ညီအစ်ကိုထောင်ပေါင်းများစွာကို စစ်တမ်းကောက်ယူခဲ့ပြီး ဒုတိယသားသမီးတွေဟာ တခြားမွေးချင်းတွေနဲ့စာရင် ၂ဝရာခိုင်နှုန်းမှ ၄ဝရာခိုင်နှုန်းအထိ ပညာရေးမှာ ညံ့ဖျင်းရုံမက ရာဇဝတ်မှုတွေကို ပိုလုပ်ကြတယ်လို့ သိရပါတယ်။

ဆိုးသွမ်းတတ်တဲ့ ဒုတိယသားသမီး

ဆိုးသွမ်းတတ်တဲ့ ဒုတိယသားသမီး

သုတေသနကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ ဂျွန်ဒွိုင်း (John Doyle) ကတော့ “ဒုတိယသားသမီးတွေ အထူးသဖြင့်တော့ ယောက်ျားလေးတွေပေါ့ဗျာ။ သူတို့တွေက တခြားမွေးချင်းတွေထက် ၄ဝရာခိုင်နှုန်းလောက်အထိ ပိုဆိုးကြတယ်ဗျ။ ဒုစရိုက်မှုတွေ ပြုလုပ်ကြပြီး ထောင်တွေ ဘာတွေတောင် ကျသွားတတ်တယ်။” လို့ ဆိုထားပါတယ်။

အကြီးဆုံးသားသမီးတွေဟာ လူကြီးတွေကို သူတို့ရဲ့စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြပေမယ့် ဒုတိယသားသမီးတွေဟာ အနီးစပ်ဆုံး အသက် (၂) နှစ် ဒါမှမဟုတ် (၃) နှစ်လောက်သာ ကွာခြားတဲ့ မွေးချင်းတွေဆီကပဲ သင်ယူတာကြောင့် ဆိုးရွားသွားတယ်လို့ သိရပါတယ်။ ပြီးတော့ အကြီးဆုံးသားသမီးတွေကို မိဘတွေက ပိုဂရုစိုက်နိုင်ကြပြီး နောက်မွေးတဲ့ သားသမီးတွေဟာ သူတို့လောက် ဂရုစိုက်မခံရရှာပါဘူး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။