One cannot think well, love well, sleep well, if one has not dined well.

– Virginia Woolf

တလိပ္လိပ္တက္လာတဲ့ မိုးသားမည္းမည္းေတြနဲ႔ အံု႔ဆိုင္းေနတဲ့ ကိုယ့္စိတ္ကိုယ္ ယွဥ္ၾကည့္ေနမိတယ္ ။ ကန္ေရျပင္ကို ျဖတ္တိုက္လာတဲ့ မိုးနံ႔သင္းေနတဲ့ ေလထုထဲ အရာရာဟာ ေပ်ာက္ဆံုးေနသလိုပဲ ။ အင္း အားလံုးဟာ ကိုယ္နဲ႔ ဘာမွ မသက္ဆိုင္ဘူး ။ ေဟာဒီ ညေနခင္းၾကီး တစ္ခုလံုးဟာ ကိုယ္နဲ႕မသက္ဆိုင္ဘူး။ လတ္လတ္ဆတ္ဆတ္ၾကီး ေၾကကြဲေနတဲ့ လူတစ္ေယာက္ဟာ လူေတြ႐ႈပ္ေထြးေနတဲ့ အင္းလ်ားကန္ေဘာင္ေပၚမွာ တစ္ေယာက္တည္း ေပ်ာက္ဆံုးေနရတယ္ ။

ဘယ့္ႏွယ္ကြာ ဒီမွာ ေၾကကြဲေရဆြဲေနပါတယ္ဆိုမွ ဒီေျခေထာက္က လူကို ဒီေနရာေခၚလာရသတုန္း ။ အင္းေလ သူလည္း အက်င့္ပါေနတာေနမွာေပါ့။ အရင္ဆို ႐ံုးဆင္းရင္ အတူလာ လမ္းေလွ်ာက္ေနက်ေနရာမဟုတ္လား ေဟာ ေရွ႕က ထိုင္ခံုေလးမွာ သူက ကိုယ့္ကို ဟာ မေတြးဘူး မေတြးဘူး :’( ။ ဒီေနရာဟာ အမွတ္တရေတြနဲ႔ ကိုယ့္ကို ျပႆနာ ထပ္မရွာေစရဘူး။ သတိဝင္လာတာနဲ႔ ကန္ေဘာင္ေပၚက ေျပးဆင္းျပီး ေျခဦးတည္႔ရာ ဆက္ေလွ်ာက္ေနလိုက္တယ္။ သတိ ကပ္တစ္ခ်က္ မကပ္တစ္ခ်က္နဲ႕ ေလွ်ာက္ေနရင္း ဂြီ ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။ ဂြီ ဂလြီ ။ ဟင္ ထပ္ၾကားရျပန္ျပီ ဘာသံလဲဟ ။ ဂြီ ။ ဪ ငါ့ဗိုက္ေလးရဲ့ အသံပါလား ။ ငါ ဗိုက္ဆာေနျပီပဲ -_- ။  ” One cannot think well, love well, sleep well, if one has not dined well.” ဆိုတဲ့ စာေရးဆရာမ Virginia Woolf  ရဲ့ အဆိုအမိန္႕တစ္ခုကို သတိရမိတယ္။ ဟုတ္တယ္ အစားအေသာက္ေကာင္းေလးမ်ားမစားရရင္ အသဲေတာင္ကြဲလို႕မေကာင္းဘူး ။  ဪ အသဲကြဲရင္း ဗိုက္ဆာေနတဲ့ ဖီလင္ကို မင္း နားလည္ေအာင္ ကိုယ့္မွာ ရွင္းျပႏိုင္စြမ္းမရွိေတာ့ပါလား (ဟယ္ ဘာမွလည္း မဆိုင္ဘူး)။

ေဘးဘီဝဲယာကို ၾကည့္လိုက္ေတာ့ ညာဘက္မယ္ ထင္းထင္းလင္းလင္းၾကီးနဲ႔ marketplace တဲ့ ။ ဒါ ျပည္လမ္း ၆မိုင္ခြဲပဲ ။ တစ္ခုခု စားဦးမွပါေလဆိုျပီး ဝင္သြားလိုက္တယ္ ။ အေပၚတက္လိုက္ ေအာက္ဆင္းလိုက္နဲ႕ ဆိုင္ေတြေလွ်ာက္ၾကည့္ ၊ ေနရာတိုင္းမွာ အတူ စားေသာက္ ၾကည္ႏူးေနတဲ့ စံုတြဲေတြ ၊ ေပ်ာ္ေနၾကတဲ့ ခ်စ္သူေတြ မင္းေလး ေတြ႔တဲ႔အခါ (ဟာ လခြမ္းထဲမွ)။ အူေၾကာင္ေၾကာင္နဲ႔ ရပ္ေနရင္း ေနာက္နားက “နည္းနည္းေလာက္” ဆိုတဲ့အသံကို ၾကားရတယ္။ လွည့္ၾကည့္လိုက္ေတာ့ မိန္းကေလးတစ္ေယာက္ ။ ဪ ကိုယ့္မွာ ေပးစရာ ဘာမွ မရွိေတာ့ပါဘူးကြယ္ အဲေလ မဟုတ္ေသးပါဘူး သူ ငါ့ကို လမ္းေတာင္းေနတာပဲ 😛 ။ ေဆာရီးဆိုျပီး ဖယ္ေလးလိုက္ေတာ့ ကိုယ္ပိတ္ရပ္ေနတဲ့ မွန္တံခါးကို ဖြင့္ျပီးဝင္သြားတယ္ ။ ဒီေတာ့မွ ဆိုင္နာမည္ကိုၾကည့္လိုက္မိတယ္ ။ Seasons Bistro တဲ့ ။ ဆိုင္ထဲကို တစ္ခ်က္အကဲခတ္လိုက္ေတာ့ လူအရမ္းမ႐ႈပ္ဘူး။ အင္း မဆိုးဘူး ၊ ဘာစားရမွန္းမသိတဲ့အတူ ကိတ္မုန္႔ေလးစား ေကာ္ဖီေလးေသာက္လိုက္ရရင္ နည္းနည္းေတာ့ အလြမ္းေျပ အဲေလ အဆာေျပေလာက္ပါရဲ့ဆိုျပီး ဆိုင္ထဲကို လိုက္ဝင္သြားလိုက္တယ္။

Cake Show Case

ေမႊးၾကိဳင္ေနတဲ့ ေပါင္မုန္႔နံ႔ ေကာ္ဖီနံ႔ေတြဟာ ကိုယ့္ရဲ့ အစာအိမ္ကို ထပ္ျပီး တပ္လွန္႔လိုက္တယ္။ Show Case ေတြထဲမွာ သပ္သပ္ရပ္ရပ္ခင္းက်င္းထားတဲ့ မုန္႔ေတြ အားလံုးဟာ မစားခ်င္စရာ တစ္ခုမွ မရွိဘုး။ ေလွ်ာက္ၾကည့္ရင္း ဒူးရင္းသီးကို စိတ္ထားတဲ့ ပံုစံအတိုင္း ကိတ္မုန္႔ေလးကို သြားေတြ႔တယ္။ Rich Durian Dome Cake တဲ့ ။ လူေျပာမ်ားေနတဲ့ ဒူးရင္းကိတ္ ဆိုတာေနမယ္။ ေစ်းက တစ္တံုး သံုးေထာင္ဆိုေတာ့ ေသးေတာ့မေသးဘူး။ နာမည္ၾကီးေနတာဆိုေတာ့ေကာင္းမွာပဲေလ ဆိုျပီးမွာလိုက္တယ္။ စားခ်င္စရာကိတ္မုန္႕ေလးေတြ ထပ္ၾကည့္ရင္း Tiramisu နဲ႕ Scone တစ္ခုစီ ထပ္ယူလိုက္တယ္ (ဟယ္ အသဲက ကြဲလွခ်ည္လား 😛 ) ။

Durian Cake

ေကာ္ဖီေလးလည္း ေသာက္ဦးမွဆိုျပီး ေသာက္ေနက် Mocha Coffee တစ္ခြက္မွာလိုက္တယ္ ။ ျပီးေတာ့ ပိုက္ဆံရွင္းဖို႔ ေစာင့္ေနရင္း ေကာင္တာထိပ္မွာ ကပ္ထားတဲ့ Menu အသစ္တစ္ခုကို သြားေတြ႕တယ္ ။ Mulled Apple Cider နဲ႔ Ginger Latte တဲ့ ။ အဲဒါေတြက ဘယ္လိုလဲဟင္ဆိုေတာ့ ဆိုင္က ဝန္ထမ္းေလးေတြက ေသခ်ာရွင္းျပပါတယ္ ။ Apple Cider က ပန္းသီးအရည္ကို အေျခခံျပီး Brown Sugar တို႔ Nutmeg တို႕ သစ္ဂ်ပိုးေခါက္တို႔နဲ႔ စပ္ထားတာတဲ့။ Alcohol လံုးဝမပါဘူးတဲ့ ။ Ginger Latte ကေတာ့  Espresso ပံုစံမ်ိဳး ႏို႔တို႕ ခရင္မ္တို႔နဲ႔  ခ်င္းအရသာ ေမႊးေမႊးေလးနဲ႔တဲ့။ ဟုတ္ျပီေလ ။ အဲဒါတစ္ခြက္စီေပးပါဆိုေတာ့ ပါဆယ္လား အကို တဲ့ ။ ဟင့္အင္း ဒီမွာပဲ ေသာက္မွာ ဆိုေတာ့ ကိုယ့္ကို မ်က္လံုး အျပဴးသား ဝိုင္းၾကည့္ၾကတယ္ ။ တစ္ေယာက္တည္းနဲ႔ ၾကိတ္လွခ်ည္လားဟလို႔ ထင္မွာေပါ့ေလ ။ လူအမ်ားစုက ဝမ္းနည္းေနတဲ့အခ်ိန္ မစားႏိုင္ၾကဘူးလို႔ၾကားဖူးေပမယ့္  ကိုယ္ကေတာ့ ဝမ္းနည္းေလ ပိုစားႏိုင္ေလကိုး။ အင္း ဒီအတိုင္းလည္း စားႏိုင္တာပါပဲေလ 😀 ။

ဆိုင္ေထာင့္က ဝိုင္းေလးမွာထိုင္ျပီး မုန္႔ေတြလာခ်တာေစာင့္ရင္း ေလွ်ာက္ေငးမိေတာ့ ဆိုင္အျပင္အဆင္ေလးက ေတာ္ေတာ္သပ္ရပ္တာပဲ ။ တျခား Seasons ေတြကို ေရာက္ဖူးေပမယ့္ ဒီဆိုင္ေလးေလာက္ေတာ့ သေဘာမက်မိဘူး။ Lighting ေပးထားတာေလးလည္းေကာင္းတယ္။ မိသားစုလိုက္ထိုင္ဖို႕၊ စံုတြဲေတြထိုင္ဖို႕၊ တစ္ေယာက္တည္းလာတဲ့သူေတြထိုင္ဖို႕ ထိုင္ခံုပံုစံ အျပင္အဆင္ မ်ိဳးစံုနဲ႕ ။ စားေသာက္ေနၾကတဲ့သူေတြကလည္း စကားခပ္တိုးတိုးေျပာၾက ေအးေအးေဆးေဆးထိုင္ၾက ဆိုေတာ့ ဆိုင္ေလးက ကိုယ့္စိတ္ထဲ ေအးခ်မ္းေနတယ္။ သမီးရည္းစားစံုတြဲေတြေတာ့ ထိုင္လို႔သိပ္ေကာင္းပဲ ။ ဪ တိုက္ဆိုင္ရျပန္ျပီ -_-  ။

Location

မုန္႔ေတြေကာ္ဖီေတြေရာက္လာတာ နည္းနည္းေတာ့ၾကာတယ္။ လူသိပ္မ႐ႈပ္ဘဲနဲ႔ ဒီထက္ပိုျမန္သင့္တယ္လို႔ ထင္တယ္။ ဒါနဲ႔ပဲ နာမည္ၾကီးလွတဲ့ ဒူးရင္းသီးကိတ္တစ္ဖဲ့ စျမည္းလိုက္တယ္ေပါ့ေလ ။ ေတာ္ေတာ္အရသာေကာင္းပါတယ္။ ကိုယ့္လို ဒူးရင္းသီးၾကိဳက္တဲ့သူေတြအတြက္ ရွယ္ပါပဲ ။ ဒူးရင္းနံ႔သင္းေနျပီး အထဲမွာလည္း ဒူးရင္းသီးအသား အဖတ္လိုက္ပါ ပါတယ္။ ဒူးရင္းသီးကို စိတ္ထားတဲ့ပံု ျပင္ဆင္ထားေတာ့ အခြံေနရာ ဆူးခြၽန္ပံုေလးေတြက ဒူးရင္းအနံ႔အရသာပါလြန္းတဲ့ ခရင္မ္နဲ႔ ပံုေဖာ္ထားတာပါ။ အနံ႔အရသာ အျပင္အဆင္ ဘာမွအျပစ္ေျပာစရာကိုမရွိဘုး။ ဒူးရင္းသီးသရဲေတြ စားကို စားသင့္တဲ့ ကိတ္တစ္မ်ိဳးပဲ။ ေတာ္ေတာ္ေလးလည္း အီပါတယ္။ ေတာ္႐ံုလူဆို ဒူးရင္းကိတ္ တစ္တံုးနဲ႔တင္ ထမင္း လြတ္သြားႏိုင္ပါတယ္။ ဒီေတာ့ တစ္တုံးသုံးေထာင္ဆိုတာ သိပ္ၾကီးလွတယ္လို႔မဆိုႏိုင္ေတာ့ဘူး။ တန္တယ္ဆိုရမွာပဲ။

Tiramisu Cake

Tiramisu ကေတာ့ Italian Cake တစ္မ်ိဳးပါ။ ေကာ္ဖီအရသာနဲ႔ ၾကက္ဥတို႔ သၾကားတို႔နဲ႔ ဖုတ္ထားတဲ့ကိတ္ပါ ။ Cream Layer ကအတြင္းမွာပါ ။ အေပၚလႊာကိုေတာ့ Cocoa နဲ႔ အုပ္ထားပါတယ္။ ခ်ိဳခ်ိဳ ေအးေအး ေမႊးေမႊးမို႔အခ်ိဳအရသာႏွစ္သက္တဲ့ ကိုယ္လိုလူေတြ ၾကိဳက္ၾကမႇာပါ။ ေစ်းက သူလည္း သုံးေထာင္ဆိုေတာ့ နည္းနည္းေတာ့ မ်ားသလားလို႔။ Date Scone ကိုေတာ့ မၾကိဳက္ဘူး (နာမည္ကိုက ဟြန္း :3)။ ေတာ္ေတာ္လည္းမာတယ္ ။ အခ်ိဳအေပါ့ စားတဲ့သူေတြ အခ်ိဳေရွာင္တဲ့သူေတြေတာ့ၾကိဳက္လိမ့္မယ္။ ေထာပတ္န႔ံ သင္းသင္းနဲ႕ ေႏြးေႏြးေလးျဖစ္ေနရင္ေတာ့ စားေကာင္းလိမ့္မယ္ထင္တယ္။

Coffee

Mocha တစ္ငံု ယူေသာက္လိုက္တယ္။ ခ်ိခ်ိဳခါးခါး အရသာေလးနဲ႔ ပံုမွန္ပါပဲ ။ အဆင္ေျပတယ္ ။ အင္း Mocha Coffee ၾကိဳက္တဲ့သူေလး ေဘးမွာမရွိတာကလြဲလို႕ေပါ့ေလ ( မတတ္ႏိုင္ဘူး တိုက္ဆိုင္ေနတာကိုးလို႔ :’(  ။ Ginger Latte ကေတာ့ အဲဒီေလာက္မဟုတ္ဘူးရယ္ ။ ဒီထက္ ခ်င္းနံ႔ေလး ပိုသင္းျပီး အရသာေလးပိုပါသင့္တယ္ ။ အျပင္အဆင္လွတာပဲ ရွိတယ္။ အရသာရွိလွတဲ့အျပင္ ညစ္ေနတဲ့စိတ္ပါ ေလ်ာ့သြားေစတဲ့  Mulled Apple Cider ကိုေတာ့ ဒီေန႔အတြက္ Favourite လို႔ပဲဆိုပါရေစ။ အီဆိမ့္ေနတဲ့ ခံတြင္းအတြက္လည္း ေတာ္ေတာ္အဆင္ေျပသြားေစတယ္။ ခ်ိဳခ်ိဳ ခ်ဥ္ခ်ဥ္အရသာေလးနဲ႔ ပူပူ ေမႊးေမႊးေလးဗ်ာ ။ တစ္ငံုေသာက္ျပီးတာနဲ႔ ခံတြင္းေတာ္ေတာ္ရွင္းသြားတယ္။ ဒီလိုအံု႔မိႈင္းမိႈင္း ရာသီဥတုနဲ႔လည္း ကိုက္တယ္ဗ်ာ ။ လီမြန္တီးၾကိဳက္တဲ့သူေတြ ႏွစ္သက္မွာေသခ်ာတယ္။

Table and Decoration

ဗိုက္ေလးျပည့္ေတာ့  လူကလည္း နည္းနည္းျပန္လန္းလာျပီး စိတ္ေလးလည္း ၾကည္လင္လာတယ္။ Seasons Bistro ရဲ့ ေအးေဆးတဲ့ ဆိုင္အျပင္အဆင္ေလးနဲ႔ အရသာရွိတဲ့ မုန္႔ေတြေၾကာင့္လည္းပါမယ္။ စားလို႔ေသာက္လို႔ျပီးေတာ့ အိမ္အတြက္ Durian Cake နဲ႔ Chocolate Éclair ေလးဝယ္ျပီး ျပန္လာခဲ့တယ္။ Éclair ကို Size ေရာ Price ေရာ ေခါက္ခ်ိဳး ေလွ်ာ့ခ်လိုက္ရင္ စားသုံးသူေတြအတြက္ ပိုအဆင္ေျပမယ္လို႔ အၾကံေပးခ်င္စိတ္ေလးေပါက္မိတယ္။ ေတြ႕လား ၊ လူဆိုတာမ်ိဳးက အစားေကာင္းအေသာက္ေကာင္းေလးမ်ားစားရရင္ အသဲကြဲတာေတာင္ ေမ့ေတ့ေတ့ျဖစ္သြားတယ္ ။ မယံုမရွိၾကနဲ႔ ၊ ကိုယ္ေတြ႕ အဟီး 😛 ။

Overall Ratings

  • Taste                  ****
  • Price                   ***
  • Service                ****
  • Hygiene              ****
  • Location             *****
  • Transportation  **

DGA (Akhayar)

www.akhayar.com

Unicode

One cannot think well, love well, sleep well, if one has not dined well.

– Virginia Woolf

တလိပ်လိပ်တက်လာတဲ့ မိုးသားမည်းမည်းတွေနဲ့ အုံ့ဆိုင်းနေတဲ့ ကိုယ့်စိတ်ကိုယ် ယှဉ်ကြည့်နေမိတယ် ။ ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ မိုးနံ့သင်းနေတဲ့ လေထုထဲ အရာရာဟာ ပျောက်ဆုံးနေသလိုပဲ ။ အင်း အားလုံးဟာ ကိုယ်နဲ့ ဘာမှ မသက်ဆိုင်ဘူး ။ ဟောဒီ ညနေခင်းကြီး တစ်ခုလုံးဟာ ကိုယ်နဲ့မသက်ဆိုင်ဘူး။ လတ်လတ်ဆတ်ဆတ်ကြီး ကြေကွဲနေတဲ့ လူတစ်ယောက်ဟာ လူတွေရှုပ်ထွေးနေတဲ့ အင်းလျားကန်ဘောင်ပေါ်မှာ တစ်ယောက်တည်း ပျောက်ဆုံးနေရတယ် ။

ဘယ့်နှယ်ကွာ ဒီမှာ ကြေကွဲရေဆွဲနေပါတယ်ဆိုမှ ဒီခြေထောက်က လူကို ဒီနေရာခေါ်လာရသတုန်း ။ အင်းလေ သူလည်း အကျင့်ပါနေတာနေမှာပေါ့။ အရင်ဆို ရုံးဆင်းရင် အတူလာ လမ်းလျှောက်နေကျနေရာမဟုတ်လား ဟော ရှေ့က ထိုင်ခုံလေးမှာ သူက ကိုယ့်ကို ဟာ မတွေးဘူး မတွေးဘူး :’( ။ ဒီနေရာဟာ အမှတ်တရတွေနဲ့ ကိုယ့်ကို ပြဿနာ ထပ်မရှာစေရဘူး။ သတိဝင်လာတာနဲ့ ကန်ဘောင်ပေါ်က ပြေးဆင်းပြီး ခြေဦးတည့်ရာ ဆက်လျှောက်နေလိုက်တယ်။ သတိ ကပ်တစ်ချက် မကပ်တစ်ချက်နဲ့ လျှောက်နေရင်း ဂွီ ဆိုတဲ့အသံကိုကြားလိုက်ရတယ်။ ဂွီ ဂလွီ ။ ဟင် ထပ်ကြားရပြန်ပြီ ဘာသံလဲဟ ။ ဂွီ ။ ဪ ငါ့ဗိုက်လေးရဲ့ အသံပါလား ။ ငါ ဗိုက်ဆာနေပြီပဲ -_- ။  ” One cannot think well, love well, sleep well, if one has not dined well.” ဆိုတဲ့ စာရေးဆရာမ Virginia Woolf  ရဲ့ အဆိုအမိန့်တစ်ခုကို သတိရမိတယ်။ ဟုတ်တယ် အစားအသောက်ကောင်းလေးများမစားရရင် အသဲတောင်ကွဲလို့မကောင်းဘူး ။  ဪ အသဲကွဲရင်း ဗိုက်ဆာနေတဲ့ ဖီလင်ကို မင်း နားလည်အောင် ကိုယ့်မှာ ရှင်းပြနိုင်စွမ်းမရှိတော့ပါလား (ဟယ် ဘာမှလည်း မဆိုင်ဘူး)။

ဘေးဘီဝဲယာကို ကြည့်လိုက်တော့ ညာဘက်မယ် ထင်းထင်းလင်းလင်းကြီးနဲ့ Market Place တဲ့ ။ ဒါ ပြည်လမ်း ၆မိုင်ခွဲပဲ ။ တစ်ခုခု စားဦးမှပါလေဆိုပြီး ဝင်သွားလိုက်တယ် ။ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ဆိုင်တွေလျှောက်ကြည့် ၊ နေရာတိုင်းမှာ အတူ စားသောက် ကြည်နူးနေတဲ့ စုံတွဲတွေ ၊ ပျော်နေကြတဲ့ ချစ်သူတွေ မင်းလေး တွေ့တဲ့အခါ (ဟာ လခွမ်းထဲမှ)။ အူကြောင်ကြောင်နဲ့ ရပ်နေရင်း နောက်နားက “နည်းနည်းလောက်” ဆိုတဲ့အသံကို ကြားရတယ်။ လှည့်ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက် ။ ဪ ကိုယ့်မှာ ပေးစရာ ဘာမှ မရှိတော့ပါဘူးကွယ် အဲလေ မဟုတ်သေးပါဘူး သူ ငါ့ကို လမ်းတောင်းနေတာပဲ 😛 ။ ဆောရီးဆိုပြီး ဖယ်လေးလိုက်တော့ ကိုယ်ပိတ်ရပ်နေတဲ့ မှန်တံခါးကို ဖွင့်ပြီးဝင်သွားတယ် ။ ဒီတော့မှ ဆိုင်နာမည်ကိုကြည့်လိုက်မိတယ် ။ Seasons Bistro တဲ့ ။ ဆိုင်ထဲကို တစ်ချက်အကဲခတ်လိုက်တော့ လူအရမ်းမရှုပ်ဘူး။ အင်း မဆိုးဘူး ၊ ဘာစားရမှန်းမသိတဲ့အတူ ကိတ်မုန့်လေးစား ကော်ဖီလေးသောက်လိုက်ရရင် နည်းနည်းတော့ အလွမ်းပြေ အဲလေ အဆာပြေလောက်ပါရဲ့ဆိုပြီး ဆိုင်ထဲကို လိုက်ဝင်သွားလိုက်တယ်။

မွှေးကြိုင်နေတဲ့ ပေါင်မုန့်နံ့ ကော်ဖီနံ့တွေဟာ ကိုယ့်ရဲ့ အစာအိမ်ကို ထပ်ပြီး တပ်လှန့်လိုက်တယ်။ Show Case တွေထဲမှာ သပ်သပ်ရပ်ရပ်ခင်းကျင်းထားတဲ့ မုန့်တွေ အားလုံးဟာ မစားချင်စရာ တစ်ခုမှ မရှိဘုး။ လျှောက်ကြည့်ရင်း ဒူးရင်းသီးကို စိတ်ထားတဲ့ ပုံစံအတိုင်း ကိတ်မုန့်လေးကို သွားတွေ့တယ်။ Rich Durian Dome Cake တဲ့ ။ လူပြောများနေတဲ့ ဒူးရင်းကိတ် ဆိုတာနေမယ်။ ဈေးက တစ်တုံး သုံးထောင်ဆိုတော့ သေးတော့မသေးဘူး။ နာမည်ကြီးနေတာဆိုတော့ကောင်းမှာပဲလေ ဆိုပြီးမှာလိုက်တယ်။ စားချင်စရာကိတ်မုန့်လေးတွေ ထပ်ကြည့်ရင်း Tiramisu နဲ့ Scone တစ်ခုစီ ထပ်ယူလိုက်တယ် (ဟယ် အသဲက ကွဲလှချည်လား 😛 ) ။

ကော်ဖီလေးလည်း သောက်ဦးမှဆိုပြီး သောက်နေကျ Mocha Coffee တစ်ခွက်မှာလိုက်တယ် ။ ပြီးတော့ ပိုက်ဆံရှင်းဖို့ စောင့်နေရင်း ကောင်တာထိပ်မှာ ကပ်ထားတဲ့ Menu အသစ်တစ်ခုကို သွားတွေ့တယ် ။ Mulled Apple Cider နဲ့ Ginger Latte တဲ့ ။ အဲဒါတွေက ဘယ်လိုလဲဟင်ဆိုတော့ ဆိုင်က ဝန်ထမ်းလေးတွေက သေချာရှင်းပြပါတယ် ။ Apple Cider က ပန်းသီးအရည်ကို အခြေခံပြီး Brown Sugar တို့ Nutmeg တို့ သစ်ဂျပိုးခေါက်တို့နဲ့ စပ်ထားတာတဲ့။ Alcohol လုံးဝမပါဘူးတဲ့ ။ Ginger Latte ကတော့  Espresso ပုံစံမျိုး နို့တို့ ခရင်မ်တို့နဲ့  ချင်းအရသာ မွှေးမွှေးလေးနဲ့တဲ့။ ဟုတ်ပြီလေ ။ အဲဒါတစ်ခွက်စီပေးပါဆိုတော့ ပါဆယ်လား အကို တဲ့ ။ ဟင့်အင်း ဒီမှာပဲ သောက်မှာ ဆိုတော့ ကိုယ့်ကို မျက်လုံး အပြူးသား ဝိုင်းကြည့်ကြတယ် ။ တစ်ယောက်တည်းနဲ့ ကြိတ်လှချည်လားဟလို့ ထင်မှာပေါ့လေ ။ လူအများစုက ဝမ်းနည်းနေတဲ့အချိန် မစားနိုင်ကြဘူးလို့ကြားဖူးပေမယ့်  ကိုယ်ကတော့ ဝမ်းနည်းလေ ပိုစားနိုင်လေကိုး။ အင်း ဒီအတိုင်းလည်း စားနိုင်တာပါပဲလေ 😀 ။

ဆိုင်ထောင့်က ဝိုင်းလေးမှာထိုင်ပြီး မုန့်တွေလာချတာစောင့်ရင်း လျှောက်ငေးမိတော့ ဆိုင်အပြင်အဆင်လေးက တော်တော်သပ်ရပ်တာပဲ ။ တခြား Seasons တွေကို ရောက်ဖူးပေမယ့် ဒီဆိုင်လေးလောက်တော့ သဘောမကျမိဘူး။ Lighting ပေးထားတာလေးလည်းကောင်းတယ်။ မိသားစုလိုက်ထိုင်ဖို့၊ စုံတွဲတွေထိုင်ဖို့၊ တစ်ယောက်တည်းလာတဲ့သူတွေထိုင်ဖို့ ထိုင်ခုံပုံစံ အပြင်အဆင် မျိုးစုံနဲ့ ။ စားသောက်နေကြတဲ့သူတွေကလည်း စကားခပ်တိုးတိုးပြောကြ အေးအေးဆေးဆေးထိုင်ကြ ဆိုတော့ ဆိုင်လေးက ကိုယ့်စိတ်ထဲ အေးချမ်းနေတယ်။ သမီးရည်းစားစုံတွဲတွေတော့ ထိုင်လို့သိပ်ကောင်းပဲ ။ ဪ တိုက်ဆိုင်ရပြန်ပြီ -_-  ။

မုန့်တွေကော်ဖီတွေရောက်လာတာ နည်းနည်းတော့ကြာတယ်။ လူသိပ်မရှုပ်ဘဲနဲ့ ဒီထက်ပိုမြန်သင့်တယ်လို့ ထင်တယ်။ ဒါနဲ့ပဲ နာမည်ကြီးလှတဲ့ ဒူးရင်းသီးကိတ်တစ်ဖဲ့ စမြည်းလိုက်တယ်ပေါ့လေ ။ တော်တော်အရသာကောင်းပါတယ်။ ကိုယ့်လို ဒူးရင်းသီးကြိုက်တဲ့သူတွေအတွက် ရှယ်ပါပဲ ။ ဒူးရင်းနံ့သင်းနေပြီး အထဲမှာလည်း ဒူးရင်းသီးအသား အဖတ်လိုက်ပါ ပါတယ်။ ဒူးရင်းသီးကို စိတ်ထားတဲ့ပုံ ပြင်ဆင်ထားတော့ အခွံနေရာ ဆူးချွန်ပုံလေးတွေက ဒူးရင်းအနံ့အရသာပါလွန်းတဲ့ ခရင်မ်နဲ့ ပုံဖော်ထားတာပါ။ အနံ့အရသာ အပြင်အဆင် ဘာမှအပြစ်ပြောစရာကိုမရှိဘုး။ ဒူးရင်းသီးသရဲတွေ စားကို စားသင့်တဲ့ ကိတ်တစ်မျိုးပဲ။ တော်တော်လေးလည်း အီပါတယ်။ တော်ရုံလူဆို ဒူးရင်းကိတ် တစ်တုံးနဲ့တင် ထမင်း လွတ်သွားနိုင်ပါတယ်။ ဒီတော့ တစ်တုံးသုံးထောင်ဆိုတာ သိပ်ကြီးလှတယ်လို့မဆိုနိုင်တော့ဘူး။ တန်တယ်ဆိုရမှာပဲ။

Tiramisu ကတော့ Italian Cake တစ်မျိုးပါ။ ကော်ဖီအရသာနဲ့ ကြက်ဥတို့ သကြားတို့နဲ့ ဖုတ်ထားတဲ့ကိတ်ပါ ။ Cream Layer ကအတွင်းမှာပါ ။ အပေါ်လွှာကိုတော့ Cocoa နဲ့ အုပ်ထားပါတယ်။ ချိုချို အေးအေး မွှေးမွှေးမို့အချိုအရသာနှစ်သက်တဲ့ ကိုယ်လိုလူတွေ ကြိုက်ကြမှာပါ။ ဈေးက သူလည်း သုံးထောင်ဆိုတော့ နည်းနည်းတော့ များသလားလို့။ Date Scone ကိုတော့ မကြိုက်ဘူး (နာမည်ကိုက ဟွန်း :3)။ တော်တော်လည်းမာတယ် ။ အချိုအပေါ့ စားတဲ့သူတွေ အချိုရှောင်တဲ့သူတွေတော့ကြိုက်လိမ့်မယ်။ ထောပတ်နံ့ သင်းသင်းနဲ့ နွေးနွေးလေးဖြစ်နေရင်တော့ စားကောင်းလိမ့်မယ်ထင်တယ်။

Mocha တစ်ငုံ ယူသောက်လိုက်တယ်။ ချိချိုခါးခါး အရသာလေးနဲ့ ပုံမှန်ပါပဲ ။ အဆင်ပြေတယ် ။ အင်း Mocha Coffee ကြိုက်တဲ့သူလေး ဘေးမှာမရှိတာကလွဲလို့ပေါ့လေ( မတတ်နိုင်ဘူး တိုက်ဆိုင်နေတာကိုးလို့ :’(  ။ Ginger Latte ကတော့ အဲဒီလောက်မဟုတ်ဘူးရယ် ။ ဒီထက် ချင်းနံ့လေး ပိုသင်းပြီး အရသာလေးပိုပါသင့်တယ် ။ အပြင်အဆင်လှတာပဲ ရှိတယ်။ အရသာရှိလှတဲ့အပြင် ညစ်နေတဲ့စိတ်ပါ လျော့သွားစေတဲ့  Mulled Apple Cider ကိုတော့ ဒီနေ့အတွက် Favourite လို့ပဲဆိုပါရစေ။ အီဆိမ့်နေတဲ့ ခံတွင်းအတွက်လည်း တော်တော်အဆင်ပြေသွားစေတယ်။ ချိုချို ချဉ်ချဉ်အရသာလေးနဲ့ ပူပူ မွှေးမွှေးလေးဗျာ ။ တစ်ငုံသောက်ပြီးတာနဲ့ ခံတွင်းတော်တော်ရှင်းသွားတယ်။ ဒီလိုအုံ့မှိုင်းမှိုင်း ရာသီဥတုနဲ့လည်း ကိုက်တယ်ဗျာ ။ လီမွန်တီးကြိုက်တဲ့သူတွေ နှစ်သက်မှာသေချာတယ်။

ဗိုက်လေးပြည့်တော့  လူကလည်း နည်းနည်းပြန်လန်းလာပြီး စိတ်လေးလည်း ကြည်လင်လာတယ်။ Seasons Bistro ရဲ့ အေးဆေးတဲ့ ဆိုင်အပြင်အဆင်လေးနဲ့ အရသာရှိတဲ့ မုန့်တွေကြောင့်လည်းပါမယ်။ စားလို့သောက်လို့ပြီးတော့ အိမ်အတွက် Durian Cake နဲ့ Chocolate Éclair လေးဝယ်ပြီး ပြန်လာခဲ့တယ်။ Éclair ကို Size ရော Price ရော ခေါက်ချိုး လျှော့ချလိုက်ရင် စားသုံးသူတွေအတွက် ပိုအဆင်ပြေမယ်လို့ အကြံပေးချင်စိတ်လေးပေါက်မိတယ်။ တွေ့လား ၊ လူဆိုတာမျိုးက အစားကောင်းအသောက်ကောင်းလေးများစားရရင် အသဲကွဲတာတောင် မေ့တေ့တေ့ဖြစ်သွားတယ် ။ မယုံမရှိကြနဲ့ ၊ ကိုယ်တွေ့ အဟီး 😛 ။

Overall Ratings

  • Taste                  ****
  • Price                   ***
  • Service                ****
  • Hygiene              ****
  • Location             *****
  • Transportation  **

DGA (Akhayar)

www.akhayar.com