[Zawgyi]






Ref: beIN SPORTS
Photo: beIN SPORTS
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လှောင်ပြောင်သူတွေကို တုံ့ပြန်လိုက်တဲ့ ဆီးမင်း Seaman

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ဂိုးသမား ဆီးမင်း Seaman ဟာ ဒီနေ့မနက်အစောပိုင်းက ကျင်းပခဲ့တဲ့ FIFA The Best ဆုပေးပွဲမှာ မထင်မှတ်တဲ့ အပြုအမူ တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ လှောင်ပြောင်သူတွေဟာ ဆီးမင်းကို ရော်နယ်ဒင်ဟို Ronaldinho ဆိုပြီးခေါ်ကာ လှောင်ပြောင်ခဲ့ကြတာပါ။ ဆီးမင်းဟာ ပြုံးပြုံးရွှင်ရွှင်နဲ့ လှောင်ပြောင်သူတွေကို လက်ခလယ်ထောင်ပြခဲ့ပါတယ်။

Seaman-gives-the-middle-finger-to-hecklers

Seaman-gives-the-middle-finger-to-hecklers

၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီးမင်းကိုကျော်ပြီး ကန်သွင်းယူခဲ့တဲ့ ရော်နယ်ဒင်ဟို ရဲ့ ဖရီးကစ်ကန်ချက်ကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ လှောင်ပြောင်သူတွေဟာ ဒီဖြစ်ရပ်ကို ရည်ရွယ်ပြီး လှောင်ပြောင်ခဲ့ကြတာဖြစ်ပေမယ့် ဆီးမင်းရဲ့ တုံ့ပြန်ပုံကတော့ ငိုအားထက် ရယ်အားသန်ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ FIFA The Best ဆုပေးပွဲမှာတော့ ဒီအရာဟာ ပြောစရာတစ်ခုဖြစ်ခဲ့ပါတယ်။

Ref: beIN SPORTS
Photo: beIN SPORTS
Ko Kyue(Akhayar)
www.akhayar.com