[Zawgyi]

စေကာ့တလန္က အမ်ိဳးသမီးလစဥ္သံုးပစၥည္းလႈပ္ရွားမႈဆိုတာ ဘယ္လိုမ်ားလဲ

၂၁ရာစုအတြင္း ကမာၻေပၚမွာ အမ်ိဳးသမီးအေရးလႈပ္ရွားမႈေတြဟာ တျဖည္းျဖည္းပိုမိုက်ယ္ေလာင္လာၿပီး အမ်ိဳးသမီးနဲ႔ တန္းတူညီမွ်ေရး၊ အမ်ိဳးသမီးနဲ႔ပညာေရး၊ အမ်ိဳးသမီးနဲ႔က်န္းမာေရး၊ အမ်ိဳးသမီးနဲ႔အလုပ္အကိုင္အခြင့္အလမ္း၊ အမ်ိဳးသမီးနဲ႔ ထိပါးေႏွာက္ယွက္မႈမ်ား စတဲ့ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္တဲ့အေၾကာင္းကိစၥေတြအားလံုးကို သာတူညီမွ်မႈရရွိဖို႔အတြက္ ႀကိဳးစားလာၾကတာကို ျမင္ရၾကားရပါတယ္။ တကယ္လည္း ေက်နပ္စရာပါပဲ။ အခုေျပာျပခ်င္တာကေတာ့ စေကာ့တလန္ဟာ အခုဆိုရင္ မွတ္တိုင္တစ္ခုစိုက္ထူႏုိင္ခဲ့ၿပီဆိုတာပါပဲ။ ဒါဟာဘာလဲဆိုရင္ စေကာ့တလန္မွာသာ သင္ ေက်ာင္းသူတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ လစဥ္သံုးပစၥည္းေတြကို လိုအပ္တဲ့အခ်ိန္မွာ အလကားရႏိုင္ပါၿပီ။ လံုး၀ အခမဲ့ပါပဲ။ စေကာ့တလန္က အလယ္တန္း၊ အထက္တန္းေက်ာင္းသူေတြ၊ ေကာလိပ္ေက်ာင္းသူေတြ၊ တကၠသိုလ္ေက်ာင္းသူေတြအားလံုးကို လစဥ္သံုးပစၥည္းေတြ အခမဲ့ေပးေ၀တဲ့ ကမာၻ႕ပထမဦးဆံုးႏုိင္ငံ ျဖစ္သြားပါၿပီ။

Scotland

Scotland

ဒီလႈပ္ရွားမႈကို စၿပီးတရား၀င္ထုတ္ျပန္လိုက္တာကေတာ့၂၀၁၈ခုႏွစ္၊ ၾသဂုတ္လ ၂၄ရက္ေန႔ကပါ။ မိန္းကေလးတိုင္း လစဥ္သံုးပစၥည္းေတြ အတူတူသံုးႏုိင္ဖို႔နဲ႔ လစဥ္ႀကံဳေတြ႕ရတဲ့ ဓမၼတာစက္၀န္းေၾကာင့္ ပညာေရးမွာ ဘယ္လိုအေႏွာင့္အယွက္မွမေတြ႕ရေလေအာင္ ေနာက္ၿပီး “Period Tax” လို႔ေခၚတဲ့ အခြန္ေပးေဆာင္ရျခင္းက ကင္းလြတ္ႏုိင္ေအာင္ စီစဥ္လိုက္တာပါ။ The Guardian ရဲ႕ ထုတ္ျပန္ခ်က္ကေတာ့ Young Scot ဆိုတဲ့ လူမႈအက်ိဳးျပဳအဖြဲ႕အစည္းက ေလ့လာဆန္းစစ္မႈေတြျပဳလုပ္လိုက္တဲ့အခ်ိန္မွာ လစဥ္သံုးပစၥည္းကို အသံုးျပဳသူေတြရဲ႕ (၂၅) ရာခိုင္ႏႈန္းဟာ ဒီပစၥည္းကို ၀ယ္ယူဖို႔ အခက္အခဲရွိတယ္လို႔ ေျပာပါတယ္။ စေကာ့တလန္မွာ ေက်ာင္းသူေပါင္း (၄၀၀,၀၀၀) နီးပါးရွိၿပီး ဒီထဲက မိန္းကေလးတခ်ိဳ႕ကေတာ့ လစဥ္သံုးပစၥည္းကို ၀ယ္ယူဖို႔ အခက္အခဲရွိေနတဲ့အတြက္ ဓမၼတာလာခ်ိန္တုိင္း အတန္းေတြ၊ ေက်ာင္းေတြပ်က္ေနၾကရပါတယ္။

အခုမွ ဖြံ႕ၿဖိဳးဆဲႏုိင္ငံေတြနဲ႔ ႏြမ္းပါးတဲ့ႏုိင္ငံေတြမွာဆို ဘယ္ေလာက္ဆိုးလိုက္မလဲ။ အမ်ိဳးသမီးငယ္ေလးေတြဟာ ဓမၼတာလာတဲ့အခ်ိန္မွာ လစဥ္သံုးပစၥည္းကို ၀ယ္ယူသံုးစြဲဖို႔ အခက္အခဲရွိေနတာေၾကာင့္ ေန႔စဥ္လူေနမႈဘ၀မွာ အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနၾကရမွာပါ။

Free Sanitary Products of Scotland

Free Sanitary Products of Scotland

အေမရိကန္ႏုိင္ငံမွာဆိုရင္ အသက္ (၁၆) ႏွစ္ကေန (၂၄) ႏွစ္အတြင္း မိန္းကေလး (၂၀) ရာခိုင္ႏႈန္းဟာ ဒီကိစၥေၾကာင့္ပဲ အလုပ္ေတြ၊ ေက်ာင္းေတြပ်က္ေနၾကပါတယ္။ ဒီလိုႏုိင္ငံႀကီးေတြမွာေတာင္ ဒီလိုကိစၥေတြဟာ ရွိေနတုန္းပဲဆိုရင္ ဆင္းရဲႏြမ္းပါးတဲ့ႏုိင္ငံငယ္ေလးေတြမွာ ဘယ္လိုေနၾကမလဲ။ အိႏၵိယမွာဆိုရင္လည္း (၂၀၀၅) ခုနစ္ကတည္းက အစိုးရဟာ National Guidelines on Menstrual Hygiene Management Plan ဆိုတဲ့အစီအစဥ္ကို ထုတ္ျပန္ခဲ့ၿပီး ဆယ္ေက်ာ္သက္မိန္းကေလးေပါင္း (၁၀၀) မီလီယံေက်ာ္ကို သူတို႔ရဲ႕ ပထမဆံုးဓမၼတာအေတြ႕အႀကံဳအတြက္ လိုအပ္တဲ့အကူအညီေတြ ေပးႏုိင္ခဲ့ပါတယ္။

စေကာ့တလန္က အခုလို လစဥ္သံုးပစၥည္းေတြ ေထာက္ပံ့ေပးေနတဲ့အစီအစဥ္ဟာ တခ်ိဳ႕ႏုိင္ငံေတြနဲ႔ ေဒသေတြမွာ အမ်ိဳးသမီးရာသီစက္၀န္းနဲ႔ ဓမၼတာေသြးဆင္းတာနဲ႔ပတ္သက္လို႔ ရြံရွာစရာေကာင္းတယ္၊ မေျပာအပ္၊ မထုတ္ေဖာ္အပ္ဘူးလို႔ တားျမစ္ထားတဲ့ မွားယြင္းတဲ့ဓေလ့ထံုးစမ္းေတြကို ရွံဳ႕ခ်ၿပီး အသိပညာေပးခ်င္တဲ့ရည္ရြယ္ခ်က္လည္း ပါ၀င္ေနပါတယ္။

Sanitary Products

Sanitary Products

ဆက္လက္ၿပီးေတာ့လည္း ဓမၼတာလာတဲ့အခါ အသံုးျပဳရတဲ့ Tampon ေတြနဲ႔ လစဥ္သံုးပစၥည္းေတြကို ေက်ာင္းသူေတြအတြက္တင္မကဘဲ မိန္းကေလးတုိင္းကို ေပးေ၀ႏုိင္ဖို႔ တြန္းအားေပးလုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

ဒီလိုေကာင္းမြန္တဲ့လႈပ္ရွားမႈမ်ိဳးကို ႏုိင္ငံတိုင္းမွာ လုပ္ႏုိင္ရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲေနာ္။ စေကာ့တလန္က လႈပ္ရွားမႈမ်ိဳးကို ႏုိင္ငံတကာမွာလည္း ျမင္ခ်င္မိပါရဲ႕။

Moethaesay (Akhayar)

[Unicode]

စကော့တလန်က အမျိုးသမီးလစဉ်သုံးပစ္စည်းလှုပ်ရှားမှုဆိုတာ ဘယ်လိုများလဲ

၂၁ရာစုအတွင်း ကမ္ဘာပေါ်မှာ အမျိုးသမီးအရေးလှုပ်ရှားမှုတွေဟာ တဖြည်းဖြည်းပိုမိုကျယ်လောင်လာပြီး အမျိုးသမီးနဲ့ တန်းတူညီမျှရေး၊ အမျိုးသမီးနဲ့ပညာရေး၊ အမျိုးသမီးနဲ့ကျန်းမာရေး၊ အမျိုးသမီးနဲ့အလုပ်အကိုင်အခွင့်အလမ်း၊ အမျိုးသမီးနဲ့ ထိပါးနှောက်ယှက်မှုများ စတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့အကြောင်းကိစ္စတွေအားလုံးကို သာတူညီမျှမှုရရှိဖို့အတွက် ကြိုးစားလာကြတာကို မြင်ရကြားရပါတယ်။ တကယ်လည်း ကျေနပ်စရာပါပဲ။ အခုပြောပြချင်တာကတော့ စကော့တလန်ဟာ အခုဆိုရင် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပြီဆိုတာပါပဲ။ ဒါဟာဘာလဲဆိုရင် စကော့တလန်မှာသာ သင် ကျောင်းသူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် လစဉ်သုံးပစ္စည်းတွေကို လိုအပ်တဲ့အချိန်မှာ အလကားရနိုင်ပါပြီ။ လုံး၀ အခမဲ့ပါပဲ။ စကော့တလန်က အလယ်တန်း၊ အထက်တန်းကျောင်းသူတွေ၊ ကောလိပ်ကျောင်းသူတွေ၊ တက္ကသိုလ်ကျောင်းသူတွေအားလုံးကို လစဉ်သုံးပစ္စည်းတွေ အခမဲ့ပေးဝေတဲ့ ကမ္ဘာ့ပထမဦးဆုံးနိုင်ငံ ဖြစ်သွားပါပြီ။

Scotland

Scotland

ဒီလှုပ်ရှားမှုကို စပြီးတရားဝင်ထုတ်ပြန်လိုက်တာကတော့၂၀၁၈ခုနှစ်၊ သြဂုတ်လ ၂၄ရက်နေ့ကပါ။ မိန်းကလေးတိုင်း လစဉ်သုံးပစ္စည်းတွေ အတူတူသုံးနိုင်ဖို့နဲ့ လစဉ်ကြုံတွေ့ရတဲ့ ဓမ္မတာစက်ဝန်းကြောင့် ပညာရေးမှာ ဘယ်လိုအနှောင့်အယှက်မှမတွေ့ရလေအောင် နောက်ပြီး “Period Tax” လို့ခေါ်တဲ့ အခွန်ပေးဆောင်ရခြင်းက ကင်းလွတ်နိုင်အောင် စီစဉ်လိုက်တာပါ။ The Guardian ရဲ့ ထုတ်ပြန်ချက်ကတော့ Young Scot ဆိုတဲ့ လူမှုအကျိုးပြုအဖွဲ့အစည်းက လေ့လာဆန်းစစ်မှုတွေပြုလုပ်လိုက်တဲ့အချိန်မှာ လစဉ်သုံးပစ္စည်းကို အသုံးပြုသူတွေရဲ့ (၂၅) ရာခိုင်နှုန်းဟာ ဒီပစ္စည်းကို ဝယ်ယူဖို့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။ စကော့တလန်မှာ ကျောင်းသူပေါင်း (၄၀၀,၀၀၀) နီးပါးရှိပြီး ဒီထဲက မိန်းကလေးတချို့ကတော့ လစဉ်သုံးပစ္စည်းကို ဝယ်ယူဖို့ အခက်အခဲရှိနေတဲ့အတွက် ဓမ္မတာလာချိန်တိုင်း အတန်းတွေ၊ ကျောင်းတွေပျက်နေကြရပါတယ်။

အခုမှ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ နွမ်းပါးတဲ့နိုင်ငံတွေမှာဆို ဘယ်လောက်ဆိုးလိုက်မလဲ။ အမျိုးသမီးငယ်လေးတွေဟာ ဓမ္မတာလာတဲ့အချိန်မှာ လစဉ်သုံးပစ္စည်းကို ဝယ်ယူသုံးစွဲဖို့ အခက်အခဲရှိနေတာကြောင့် နေ့စဉ်လူနေမှုဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရမှာပါ။

Free Sanitary Products of Scotland

Free Sanitary Products of Scotland

အမေရိကန်နိုင်ငံမှာဆိုရင် အသက် (၁၆) နှစ်ကနေ (၂၄) နှစ်အတွင်း မိန်းကလေး (၂၀) ရာခိုင်နှုန်းဟာ ဒီကိစ္စကြောင့်ပဲ အလုပ်တွေ၊ ကျောင်းတွေပျက်နေကြပါတယ်။ ဒီလိုနိုင်ငံကြီးတွေမှာတောင် ဒီလိုကိစ္စတွေဟာ ရှိနေတုန်းပဲဆိုရင် ဆင်းရဲနွမ်းပါးတဲ့နိုင်ငံငယ်လေးတွေမှာ ဘယ်လိုနေကြမလဲ။ အိန္ဒိယမှာဆိုရင်လည်း (၂၀၀၅) ခုနစ်ကတည်းက အစိုးရဟာ National Guidelines on Menstrual Hygiene Management Plan ဆိုတဲ့အစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီး ဆယ်ကျော်သက်မိန်းကလေးပေါင်း (၁၀၀) မီလီယံကျော်ကို သူတို့ရဲ့ ပထမဆုံးဓမ္မတာအတွေ့အကြုံအတွက် လိုအပ်တဲ့အကူအညီတွေ ပေးနိုင်ခဲ့ပါတယ်။

စကော့တလန်က အခုလို လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့အစီအစဉ်ဟာ တချို့နိုင်ငံတွေနဲ့ ဒေသတွေမှာ အမျိုးသမီးရာသီစက်ဝန်းနဲ့ ဓမ္မတာသွေးဆင်းတာနဲ့ပတ်သက်လို့ ရွံရှာစရာကောင်းတယ်၊ မပြောအပ်၊ မထုတ်ဖော်အပ်ဘူးလို့ တားမြစ်ထားတဲ့ မှားယွင်းတဲ့ဓလေ့ထုံးစမ်းတွေကို ရှုံ့ချပြီး အသိပညာပေးချင်တဲ့ရည်ရွယ်ချက်လည်း ပါဝင်နေပါတယ်။

Sanitary Products

Sanitary Products

ဆက်လက်ပြီးတော့လည်း ဓမ္မတာလာတဲ့အခါ အသုံးပြုရတဲ့ Tampon တွေနဲ့ လစဉ်သုံးပစ္စည်းတွေကို ကျောင်းသူတွေအတွက်တင်မကဘဲ မိန်းကလေးတိုင်းကို ပေးဝေနိုင်ဖို့ တွန်းအားပေးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီလိုကောင်းမွန်တဲ့လှုပ်ရှားမှုမျိုးကို နိုင်ငံတိုင်းမှာ လုပ်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ စကော့တလန်က လှုပ်ရှားမှုမျိုးကို နိုင်ငံတကာမှာလည်း မြင်ချင်မိပါရဲ့။

Moethaesay (Akhayar)