[Zawgyi]

လကမာၻေပၚမွာ ၿဂိဳလ္သားေတြ ေနခဲ့ဖူးတယ္လို႔ သုေတသီေတြေျပာလိုက္ၿပီ

ၿဂိဳလ္သားေတြနဲ႔ ပတ္သက္လို႔ ဘယ္သူမွ မျမင္ဖူးဘူးဆိုမယ့္ သုေတသီေတြကေတာ့ တကယ္ရွိတယ္လို႔ လက္ခံထားဆဲပါ။ အခုလည္း လကမာၻမွာ သက္ရွိေတြ ရွင္သန္ေနထိုင္ခဲ့ဖူးတယ္ဆိုတာကို Dirk Schulze-Makuch နဲ႔ Ian Crawford ဆိုတဲ့ သုေတသီႏွစ္ေယာက္က ေျပာဆိုလိုက္ပါၿပီ။ ဒါဆိုရင္ အာကာသထဲ ၿဂိဳလ္သားေတြ တကယ္ရွိမရွိဆိုတဲ့ ေမးခြန္းက ထပ္ၿပီး အျငင္းပြားစရာျဖစ္လာေတာ့မွာပါ။

Moon, A nice place to visit?

ဘာလို႔လဲဆိုရင္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃.၇ ဘီလီယံေလာက္တုန္းက လေပၚမွာ အင္မတန္ျပင္းထန္တဲ့ မီးေတာင္ေပါက္ကြဲမႈ ျဖစ္ပြားခဲ့မယ္လို႔ သုေတသီႏွစ္ေယာက္ ေျပာဆိုထားပါတယ္။ ဒီမတိုင္ခင္ လမ်က္ႏွာျပင္မွာ အပူေငြ႕ေတြ အဆက္မျပတ္မႈတ္ထုတ္ခဲ့ပုံရၿပီး ေရေႏြးေငြ႕ေတြျဖစ္ႏိုင္သလို ဒီအခ်က္ေၾကာင့္လည္း လေပၚမွာ ေရမ်က္ႏွာျပင္ေတြ ျဖစ္ထြန္းခဲ့ပုံရပါတယ္။ ဒါဆိုရင္ ေျမမ်က္ႏွာသြင္ျပင္အရ ေလထုလည္းရွိခဲ့ပုံရၿပီး ဒီအခ်က္ေတြဟာ သက္ရွိေတြ ေနလို႔ရမယ္ဆိုတဲ့ လကၡဏာေတြပါ။

It was once a home for aliens

ေနာက္ၿပီး အာကာသကလာေနတဲ့ Cosmic Ray လို စြမ္းအားျပင္းဓာတ္ေရာင္ျခည္ေတြ ကာကြယ္ႏိုင္မယ့္ Magnetic Field ေတြ လပတ္ပတ္လည္မွာ တည္ရွိခဲ့ဦးမယ္လို႔ သုံးသပ္ထားပါတယ္။ ဘာလို႔ဒီလိုေျပာရသလဲဆိုရင္ ကမာၻေပၚမွာ သက္ရွိေတြ စေပၚခဲ့တဲ့အခ်ိန္ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃.၈ ဘီလီယံေလာက္ကျဖစ္ၿပီး Cyanobacteria ေတြျဖစ္မယ္လို႔  သုံးသပ္ထားပါတယ္။ အဲ့အခ်ိန္တုန္းက ေနအဖြဲ႕အစည္း မတည္ၿမဲေသးသလို လႊင့္စင္လာတဲ့ ဥကၠာပ်ံေတြဝင္တိုက္ခဲ့မႈေၾကာင့္ အဲ့ဒီသတၱဝါေတြ လကမာၻေပၚ ေရာက္ရွိသြားခဲ့တာ ျဖစ္မယ္လို႔ သုံးသပ္ထားပါတယ္။

Meteorite from space may have hit according to expert says

ဒီလို အပူအခ်ိန္ အတက္အက် အရမ္းျမန္လြန္းတဲ့ လမ်က္ႏွာျပင္မွာ ဘယ္သက္ရွိမွ မေနႏိုင္သလို သုေတသီႏွစ္ေယာက္ ေျပာၾကားထားခ်က္နဲ႔ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ အဲ့ဒီသတၱဝါေတြကို ေက်ာက္ျဖစ္႐ုပ္ႂကြင္း ဆိုတဲ့အေျဖကေန ရွာၾကည့္လို႔ ရႏိုင္မွာပါ။ တကယ္လို႔ သူတို႔ထြက္္ဆိုခ်က္ မွန္ကန္ေနခဲ့မယ္ဆိုရင္ NASA အတြက္ မဟာသတင္းျဖစ္လာႏိုင္ၿပီး ၿဂိဳလ္သားေတြ တကယ္ရွိမရွိဆိုတာ သက္ေသျပလာနိင္မယ့္ အခ်က္တစ္ခ်က္ ျဖစ္လာႏိုင္မွာပါ။

2B (Akhayar)

Source: Independent News

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လကမ္ဘာပေါ်မှာ ဂြိုလ်သားတွေ နေခဲ့ဖူးတယ်လို့ သုတေသီတွေပြောလိုက်ပြီ

ဂြိုလ်သားတွေနဲ့ ပတ်သက်လို့ ဘယ်သူမှ မမြင်ဖူးဘူးဆိုမယ့် သုတေသီတွေကတော့ တကယ်ရှိတယ်လို့ လက်ခံထားဆဲပါ။ အခုလည်း လကမ္ဘာမှာ သက်ရှိတွေ ရှင်သန်နေထိုင်ခဲ့ဖူးတယ်ဆိုတာကို Dirk Schulze-Makuch နဲ့ Ian Crawford ဆိုတဲ့ သုတေသီနှစ်ယောက်က ပြောဆိုလိုက်ပါပြီ။ ဒါဆိုရင် အာကာသထဲ ဂြိုလ်သားတွေ တကယ်ရှိမရှိဆိုတဲ့ မေးခွန်းက ထပ်ပြီး အငြင်းပွားစရာဖြစ်လာတော့မှာပါ။

Moon, A nice place to visit?

ဘာလို့လဲဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၇ ဘီလီယံလောက်တုန်းက လပေါ်မှာ အင်မတန်ပြင်းထန်တဲ့ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့မယ်လို့ သုတေသီနှစ်ယောက် ပြောဆိုထားပါတယ်။ ဒီမတိုင်ခင် လမျက်နှာပြင်မှာ အပူငွေ့တွေ အဆက်မပြတ်မှုတ်ထုတ်ခဲ့ပုံရပြီး ရေနွေးငွေ့တွေဖြစ်နိုင်သလို ဒီအချက်ကြောင့်လည်း လပေါ်မှာ ရေမျက်နှာပြင်တွေ ဖြစ်ထွန်းခဲ့ပုံရပါတယ်။ ဒါဆိုရင် မြေမျက်နှာသွင်ပြင်အရ လေထုလည်းရှိခဲ့ပုံရပြီး ဒီအချက်တွေဟာ သက်ရှိတွေ နေလို့ရမယ်ဆိုတဲ့ လက္ခဏာတွေပါ။

It was once a home for aliens

နောက်ပြီး အာကာသကလာနေတဲ့ Cosmic Ray လို စွမ်းအားပြင်းဓာတ်ရောင်ခြည်တွေ ကာကွယ်နိုင်မယ့် Magnetic Field တွေ လပတ်ပတ်လည်မှာ တည်ရှိခဲ့ဦးမယ်လို့ သုံးသပ်ထားပါတယ်။ ဘာလို့ဒီလိုပြောရသလဲဆိုရင် ကမ္ဘာပေါ်မှာ သက်ရှိတွေ စပေါ်ခဲ့တဲ့အချိန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၈ ဘီလီယံလောက်ကဖြစ်ပြီး Cyanobacteria တွေဖြစ်မယ်လို့  သုံးသပ်ထားပါတယ်။ အဲ့အချိန်တုန်းက နေအဖွဲ့အစည်း မတည်မြဲသေးသလို လွှင့်စင်လာတဲ့ ဥက္ကာပျံတွေဝင်တိုက်ခဲ့မှုကြောင့် အဲ့ဒီသတ္တဝါတွေ လကမ္ဘာပေါ် ရောက်ရှိသွားခဲ့တာ ဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။

Meteorite from space may have hit according to expert says

ဒီလို အပူအချိန် အတက်အကျ အရမ်းမြန်လွန်းတဲ့ လမျက်နှာပြင်မှာ ဘယ်သက်ရှိမှ မနေနိုင်သလို သုတေသီနှစ်ယောက် ပြောကြားထားချက်နဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အဲ့ဒီသတ္တဝါတွေကို ကျောက်ဖြစ်ရုပ်ကြွင်း ဆိုတဲ့အဖြေကနေ ရှာကြည့်လို့ ရနိုင်မှာပါ။ တကယ်လို့ သူတို့ထွက််ဆိုချက် မှန်ကန်နေခဲ့မယ်ဆိုရင် NASA အတွက် မဟာသတင်းဖြစ်လာနိုင်ပြီး ဂြိုလ်သားတွေ တကယ်ရှိမရှိဆိုတာ သက်သေပြလာနိင်မယ့် အချက်တစ်ချက် ဖြစ်လာနိုင်မှာပါ။

2B (Akhayar)

Source: Independent News

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။