[Zawgyi]

ညဥ့္နက္မွ အိပ္တဲ့သူေတြက ပိုထက္ျမက္ေၾကာင္း သိပၸံပညာရွင္ေတြ ေလ့လာေတြ႕ရွိ

“ေစာေစာထတဲ့ငွက္က အစာပိုရတယ္” ဆိုတဲ့ ငယ္ငယ္တည္းက လူႀကီးသူမေတြ မၾကာနခဏ ေၿပာဆိုဆံုးမတဲ့ စကားကို ၾကားဖူးၾကမွာပါ။ ဒါေပမယ္႔ ညအိပ္ခ်ိန္ကို ေသခ်ာစနစ္တက်ထားၿပီး ေစာေစာအိပ္၊ ေစာေစာထတာက ပိုတက္ႂကြရႊင္လန္းေနေစတယ္လို႔ လူတိုင္းစြဲစြဲၿမဲၿမဲယံုၾကည္ေနတဲ့ အယူအဆေတြဟာ လံုးဝမွားယြင္းေနခဲ့တယ္ဆို အံ့ၾသသြားၾကမွာပါ။

အမွန္ပါပဲ။ ညဆို ညဥ့္နက္မွ အိပ္ၾကတဲ့သူေတြက ေနဝင္တာနဲ႔ အလုပ္လုပ္ဖို႔ ပိုတက္ႂကြတာ၊ အလုပ္မ်ားမ်ားလုပ္ေဆာင္ႏိုင္တာအျပင္ ပိုၿပီး ဉာဏ္ေကာင္း၊ အလုပ္အကိုင္ေကာင္း၊ ဝင္ေငြေကာင္းတဲ့သူေတြျဖစ္လာပါတယ္လို႔ သိပၸံပညာရွင္ေတြက ေဖာ္ထုတ္လိုက္ပါၿပီ။

အေျခခံက်က်ေျပာရရင္ မနက္ေစာေစာပဲထထ၊ ညဥ့္နက္ထိပဲအိပ္အိပ္ ကိုယ့္ရဲ႕ အိပ္ခ်ိန္ဟာ တစ္ညကို ၇နာရီခြဲဝန္းက်င္ပဲရွိသင့္ပါတယ္။ ဘယ္ေလာက္ပဲႀကိဳးစားတဲ့သူျဖစ္ပါေစ၊အိပ္ခ်ိန္က ၆ နာရီထက္မနည္းသင့္ပါဘူး။

အဲ့ဒါေၾကာင့္မို႔ မနက္ခင္းေစာေစာထတတ္တဲ့တက္ႂကြသူေတြလိုပဲ ညဥ့္နက္မွအိပ္တဲ့သူေတြကလည္း သြက္လက္ထက္ျမက္ေနဖို႔ အခ်ိန္ကိုဘယ္လိုအသံုးခ်ရမလဲဆိုတာ တင္ျပခဲ့ပါတယ္။

(၁) ညအိပ္ခ်ိန္တိုင္းကို ပံုေသသတ္မွတ္ထားပါ။

ေစာပဲေစာေစာ၊ ေနာက္ပဲက်က် ပံုေသအိပ္ခ်ိန္သတ္မွတ္ထားတာဟာ လုပ္ငန္းေဆာင္တာလုပ္ေဆာင္ႏိုင္စြမ္းကို ျမႇင့္တင္ေစႏိုင္ပါတယ္။ ညဇီးကြက္ေတြအေနနဲ႔ သူတို႔အလုပ္ခ်ိန္နဲ႔အိပ္ခ်ိန္ကိုညွိၿပီး အိပ္ခ်င္တဲ့အခ်ိန္မွ ပံုေသဝင္အိပ္လည္း ကိစၥမရွိပါဘူးတဲ့။

(၂) အိပ္ခ်ိန္ကို အိပ္ယာထမယ့္အခ်ိန္နဲ႔တိုက္ၿပီးစီစဥ္ပါ။

အိပ္ခ်ိန္သတ္မွတ္ဖို႔ဆို ကိုယ္အိပ္ယာထမယ့္အခ်ိန္ကေန ေနာက္ျပန္ေရတြက္ၿပီး ပံုေသအိပ္ခ်ိန္ထားသင့္ပါတယ္။ မနက္ ၇ နာရီမွထမယ္ဆိုရင္ ည တစ္နာရီေလာက္ဆို အိပ္သင့္ပါၿပီ။

(၃) အိပ္ယာကပထမဆံုး တေရးႏိုးခ်င္းခ်င္း မိနစ္ ၉၀ ကို ကဖင္းဓါတ္ေသာက္တာေရွာင္ပါ။

ဒါကေတာ့ လူ၂မ်ိဳးလံုး ေရွာင္ရွားရမယ့္အရာပါ။ ပံုမွန္အားျဖင့္တေရးႏိုးတဲ့အခ်ိန္ေတြမွာ Cortisol Level လို႔ေခၚတဲ့ စိတ္ဖိစီးလာမႈျမင့္တက္ေနခ်ိန္မို႔ အဲ့ခ်ိန္ေတြမွာ ကဖင္းဓါတ္ေရွာင္ရွားသင့္ပါတယ္။

(၄) မၾကာခဏ တေရးတေမာအိပ္ပါ။

တေရးတေမာအိပ္ၿခင္းက ပင္ပန္းႏြမ္းနယ္မႈကိုေလွ်ာ့ခ်ေစတဲ့ အရာပါ။ ဒါေပမယ့္မိနစ္ ၂၀ ထက္ မေက်ာ္လြန္ေစရပါဘူး။ အဲ့လိုအိပ္တဲ့အက်င့္ေၾကာင့္ ညေနာက္က်မွအိပ္လည္း အဆင္ေျပသြားပါတယ္။

ဒါေပမယ့္ အေပၚကအခ်က္ေတြလို ကိုယ့္ရဲ႕ အိပ္၊ စား၊ အလုပ္လုပ္တဲ့အခ်ိန္ေပၚမူတည္ၿပီး ညဥ့္နက္မွအိပ္တဲ့ ညဇီးကြက္ေတြဟာ ညေစာေစာအိပ္၊ မနက္ေစာေစာထေလ့ရွိတဲ့သူေတြအျဖစ္ေတာ့ အမူအက်င္႔မေျပာင္းလဲသင့္ပါဘူးလို႔ ဆိုထားခဲ့ပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

ညဉ့်နက်မှ အိပ်တဲ့သူတွေက ပိုထက်မြက်ကြောင်း သိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိ

“စောစောထတဲ့ငှက်က အစာပိုရတယ်” ဆိုတဲ့ ငယ်ငယ်တည်းက လူကြီးသူမတွေ မကြာနခဏ ပြောဆိုဆုံးမတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒါပေမယ့် ညအိပ်ချိန်ကို သေချာစနစ်တကျထားပြီး စောစောအိပ်၊ စောစောထတာက ပိုတက်ကြွရွှင်လန်းနေစေတယ်လို့ လူတိုင်းစွဲစွဲမြဲမြဲယုံကြည်နေတဲ့ အယူအဆတွေဟာ လုံးဝမှားယွင်းနေခဲ့တယ်ဆို အံ့သြသွားကြမှာပါ။

အမှန်ပါပဲ။ ညဆို ညဉ့်နက်မှ အိပ်ကြတဲ့သူတွေက နေဝင်တာနဲ့ အလုပ်လုပ်ဖို့ ပိုတက်ကြွတာ၊ အလုပ်များများလုပ်ဆောင်နိုင်တာအပြင် ပိုပြီး ဉာဏ်ကောင်း၊ အလုပ်အကိုင်ကောင်း၊ ဝင်ငွေကောင်းတဲ့သူတွေဖြစ်လာပါတယ်လို့ သိပ္ပံပညာရှင်တွေက ဖော်ထုတ်လိုက်ပါပြီ။

အခြေခံကျကျပြောရရင် မနက်စောစောပဲထထ၊ ညဉ့်နက်ထိပဲအိပ်အိပ် ကိုယ့်ရဲ့ အိပ်ချိန်ဟာ တစ်ညကို ၇နာရီခွဲဝန်းကျင်ပဲရှိသင့်ပါတယ်။ ဘယ်လောက်ပဲကြိုးစားတဲ့သူဖြစ်ပါစေ၊အိပ်ချိန်က ၆ နာရီထက်မနည်းသင့်ပါဘူး။

အဲ့ဒါကြောင့်မို့ မနက်ခင်းစောစောထတတ်တဲ့တက်ကြွသူတွေလိုပဲ ညဉ့်နက်မှအိပ်တဲ့သူတွေကလည်း သွက်လက်ထက်မြက်နေဖို့ အချိန်ကိုဘယ်လိုအသုံးချရမလဲဆိုတာ တင်ပြခဲ့ပါတယ်။

(၁) ညအိပ်ချိန်တိုင်းကို ပုံသေသတ်မှတ်ထားပါ။

စောပဲစောစော၊ နောက်ပဲကျကျ ပုံသေအိပ်ချိန်သတ်မှတ်ထားတာဟာ လုပ်ငန်းဆောင်တာလုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်စေနိုင်ပါတယ်။ ညဇီးကွက်တွေအနေနဲ့ သူတို့အလုပ်ချိန်နဲ့အိပ်ချိန်ကိုညှိပြီး အိပ်ချင်တဲ့အချိန်မှ ပုံသေဝင်အိပ်လည်း ကိစ္စမရှိပါဘူးတဲ့။

(၂) အိပ်ချိန်ကို အိပ်ယာထမယ့်အချိန်နဲ့တိုက်ပြီးစီစဉ်ပါ။

အိပ်ချိန်သတ်မှတ်ဖို့ဆို ကိုယ်အိပ်ယာထမယ့်အချိန်ကနေ နောက်ပြန်ရေတွက်ပြီး ပုံသေအိပ္ချိန်ထားသင့်ပါတယ်။ မနက် ၇ နာရီမှထမယ်ဆိုရင် ည တစ်နာရီလောက်ဆို အိပ်သင့်ပါပြီ။

(၃) အိပ်ယာကပထမဆုံး တရေးနိုးချင်းချင်း မိနစ် ၉၀ ကို ကဖင်းဓါတ်သောက်တာရှောင်ပါ။

ဒါကတော့ လူ၂မျိုးလုံး ရှောင်ရှားရမယ့်အရာပါ။ ပုံမှန်အားဖြင့်တရေးနိုးတဲ့အချိန်တွေမှာ Cortisol Level လို့ခေါ်တဲ့ စိတ်ဖိစီးလာမှုမြင့်တက်နေချိန်မို့ အဲ့ချိန်တွေမှာ ကဖင်းဓါတ်ရှောင်ရှားသင့်ပါတယ်။

(၄) မကြာခဏ တရေးတမောအိပ်ပါ။

တရေးတမောအိပ်ခြင်းက ပင်ပန်းနွမ်းနယ်မှုကိုလျှော့ချစေတဲ့ အရာပါ။ ဒါပေမယ့်မိနစ် ၂၀ ထက် မကျော်လွန်စေရပါဘူး။ အဲ့လိုအိပ်တဲ့အကျင့်ကြောင့် ညနောက်ကျမှအိပ်လည်း အဆင်ပြေသွားပါတယ်။

ဒါပေမယ့် အပေါ်ကအချက်တွေလို ကိုယ့်ရဲ့ အိပ်၊ စား၊ အလုပ်လုပ်တဲ့အချိန်ပေါ်မူတည်ပြီး ညဉ့်နက်မှအိပ်တဲ့ ညဇီးကွက်တွေဟာ ညစောစောအိပ်၊ မနက်စောစောထလေ့ရှိတဲ့သူတွေအဖြစ်တော့ အမူအကျင့်မပြောင်းလဲသင့်ပါဘူးလို့ ဆိုထားခဲ့ပါတယ်။

EiEiKhineMinn (Akhayar)