[Zawgyi]

၇ ၾကိမ္ေျမာက္က်ငး္ပခဲ့တဲ့ စိတ္ဝင္စားဖြယ္ Science Film Festival Myanmar အေၾကာင္း

Goethe-Institut က ၾကီးမွဴးက်င္းပတဲ့ ဒီႏွစ္ရဲ႕ Science Film Festival ကို Goethe-Institute ဝင္းထဲမွာပဲ စေနေန႔၊ မနက္ ၁၀နာရီမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ၂၀၀၅ ခုႏွစ္မွာ စတင္ျပဳလုပ္ခဲ့တဲ့ ဒီ Film Festival ဟာ တျဖည္းျဖည္းနဲ႔ ၾကီးထြားလာျပီး အေရွ႕ေတာင္အာရွႏုိင္ငံေတြ၊ေျမာက္အာဖရိကနဲ႔ အေရွ႕အလယ္ပိုင္းႏုိင္ငံေတြမွာဆိုရင္ လာေရာက္ၾကည့္ရႈသူ ၁ သန္းေက်ာ္ထိ ရွိခဲ့ပါျပီ။ ပါဝင္ဆင္ႏႊဲၾကတဲ့ ႏုိင္ငံေတြကေတာ့ ကေမာၻဒီးယား၊ အီဂ်စ္၊ အင္ဒိုနီးရွား၊ ေဂ်ာ္ဒန္၊ လာအို၊ မေလးရွား၊ ျမန္မာ၊ပါလက္စတုိင္း၊ ဖိလစ္ပိုင္၊ ကာတာ၊ ဆူဒန္၊ ထိုင္း၊ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုနဲ႔ ဗီယက္နမ္ႏုိင္ငံေတြပဲ ျဖစ္ပါတယ္။

လက္ရွိ ၂၀၁၈ ခုႏွစ္မွာေတာ့ Goethe-Institut Myanmar ကေနျပီး 7th Edition အေနနဲ႔ က်င္းပတာ ျဖစ္ပါတယ္။ ဒီပြဲကို Brainworks ၊ Total Learning Academy ၊ ေမတၱာ၊ YMCA၊ Pride၊ Myanmar RC Plane Builders and Flyers Club တုိ႔က အတူပါဝင္ဆင္ႏႊဲခဲ့ပါတယ္။

ရုပ္ရွင္မျပသမီ ကြင္းထဲမွာ ကေလးေတြကို ဖိတ္ေခၚထားျပီး Brainworks က ေက်ာင္းသားေလးေတြရဲ႕ သိပၸံလက္ေတြ႔စမ္းသပ္ခ်က္ေတြကို ျပသထားတာ အေတာ္စိတ္ဝင္စားစရာေကာင္းပါတယ္။ ကေလးေတြက ကေလးေတြကို သူတို႔ရဲ႕ လက္ေတြ႔စမ္းသပ္ခ်က္ေတြကို သရုပ္ျပသျပီး ပြဲလာတဲ့ ကေလးေတြက အျပန္အလွန္ေမးခြန္းေတြ ေမးျပီး တက္ၾကြေနတာ ျမင္ရေတာ့ သိပၸံကို ဒီအရြယ္တည္းက စိတ္ဝင္စားေနတာ ျမင္သာပါတယ္။

လူအအံုဆံုးကေတာ့ MRCBF ရဲ႕ Radio Control ေလယာဥ္ငယ္ေလးေတြပဲ ျဖစ္ပါတယ္။ ေလယာဥ္ပ်ံသန္းမႈ Video ေတြ ျပသထားသလို ေလယာဥ္ငယ္ေလးေတြက အရမ္းပဲ မုိက္တာေၾကာင့္ ကေလးေတြေရာ၊ လူၾကီးေတြေရာ အံုေနတာပါပဲ။

လာၾကည့္တဲ့ ကေလးေတြကို ျပခန္းတစ္ခုစီၾကည့္ျပီးတုိင္း အမွတ္ေပးျပီး ျပခန္းအားလံုးၾကည့္ခဲ့တဲ့ ကေလးေတြကိုလည္း လက္ေဆာင္ေလးေတြ လဲလွယ္ေပးခဲ့ပါတယ္။

အဲ့ဒါျပီးေတာ့ သိပၸံနဲ႔ ဆုိင္တဲ့ ရုပ္ရွင္ဇာတ္ကားတိုေလးေတြ စတင္ျပသျပီး ပထမဆံုးျပသတဲ့ ‘How Tall is a Tree’ ဆိုတဲ့ ဇာတ္လမ္းတုိေလးဆိုရင္လည္း သစ္ပင္ေတြရဲ႕ အျမင့္ကို လက္မေလးတစ္ေခ်ာင္းနဲ႔ တုိင္းတာ ျပသသြားတာ စိတ္ဝင္စားဖို႔ေကာငး္ပါတယ္။ ဒါျပီးေတာ့ ရုပ္ရွင္ကားတိုေလးေတြ ဆက္လက္ျပသခဲ့ၾကျပီး ကေလးေတြကလည္း တက္တက္ၾကြၾကြ ၾကည့္ရႈအားေပးခဲ့ၾကတာကို ေတြ႔ရပါတယ္။

ဒါ့အျပင္တုိင္းနဲ႔ ျပည္နယ္ေတြမွာရွိတဲ့ ေက်ာင္းေတြနဲ႔လည္း ခ်ိတ္ဆက္ျပီး ဒီလို Activities ေလးေတြ လုပ္ေပးမွာမို႔ ကေလးေတြကို သိပၸံပညာနဲ႔ အကၽြမး္ဝင္ေအာင္လုပ္ေပးတဲ့ ဒီလို Film Festival မ်ိဳးေတြကို ႏွစ္တိုင္းၾကိဳဆုိလုိက္ပါရေစ။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

၇ ကြိမ်မြောက်ကျင်းပခဲ့တဲ့ စိတ်ဝင်စားဖွယ် Science Film Festival Myanmar အကြောင်း

Goethe-Institut က ကြီးမှူးကျင်းပတဲ့ ဒီနှစ်ရဲ့ Science Film Festival ကို Goethe-Institute ဝင်းထဲမှာပဲ စနေနေ့၊ မနက် ၁၀နာရီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့တဲ့ ဒီ Film Festival ဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာပြီး အရှေ့တောင်အာရှနိုင်ငံတွေ၊မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာဆိုရင် လာရောက်ကြည့်ရှုသူ ၁ သန်းကျော်ထိ ရှိခဲ့ပါပြီ။ ပါဝင်ဆင်နွှဲကြတဲ့ နိုင်ငံတွေကတော့ ကမ္ဘောဒီးယား၊ အီဂျစ်၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ လာအို၊ မလေးရှား၊ မြန်မာ၊ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ ကာတာ၊ ဆူဒန်၊ ထိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ ဗီယက်နမ်နိုင်ငံတွေပဲ ဖြစ်ပါတယ်။

လက်ရှိ ၂၀၁၈ ခုနှစ်မှာတော့ Goethe-Institut Myanmar ကနေပြီး 7th Edition အနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။ ဒီပွဲကို Brainworks ၊ Total Learning Academy ၊ မေတ္တာ၊ YMCA၊ Pride၊ Myanmar RC Plane Builders and Flyers Club တို့က အတူပါဝင်ဆင်နွှဲခဲ့ပါတယ်။

ရုပ်ရှင်မပြသမီ ကွင်းထဲမှာ ကလေးတွေကို ဖိတ်ခေါ်ထားပြီး Brainworks က ကျောင်းသားလေးတွေရဲ့ သိပ္ပံလက်တွေ့စမ်းသပ်ချက်တွေကို ပြသထားတာ အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ ကလေးတွေက ကလေးတွေကို သူတို့ရဲ့ လက်တွေ့စမ်းသပ်ချက်တွေကို သရုပ်ပြသပြီး ပွဲလာတဲ့ ကလေးတွေက အပြန်အလှန်မေးခွန်းတွေ မေးပြီး တက်ကြွနေတာ မြင်ရတော့ သိပ္ပံကို ဒီအရွယ်တည်းက စိတ်ဝင်စားနေတာ မြင်သာပါတယ်။

လူအအုံဆုံးကတော့ MRCBF ရဲ့ Radio Control လေယာဉ်ငယ်လေးတွေပဲ ဖြစ်ပါတယ်။ လေယာဉ်ပျံသန်းမှု Video တွေ ပြသထားသလို လေယာဉ်ငယ်လေးတွေက အရမ်းပဲ မိုက်တာကြောင့် ကလေးတွေရော၊ လူကြီးတွေရော အုံနေတာပါပဲ။

လာကြည့်တဲ့ ကလေးတွေကို ပြခန်းတစ်ခုစီကြည့်ပြီးတိုင်း အမှတ်ပေးပြီး ပြခန်းအားလုံးကြည့်ခဲ့တဲ့ ကလေးတွေကိုလည်း လက်ဆောင်လေးတွေ လဲလှယ်ပေးခဲ့ပါတယ်။

အဲ့ဒါပြီးတော့ သိပ္ပံနဲ့ ဆိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတိုလေးတွေ စတင်ပြသပြီး ပထမဆုံးပြသတဲ့ ‘How Tall is a Tree’ ဆိုတဲ့ ဇာတ်လမ်းတိုလေးဆိုရင်လည်း သစ်ပင်တွေရဲ့ အမြင့်ကို လက်မလေးတစ်ချောင်းနဲ့ တိုင်းတာ ပြသသွားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပြီးတော့ ရုပ်ရှင်ကားတိုလေးတွေ ဆက်လက်ပြသခဲ့ကြပြီး ကလေးတွေကလည်း တက်တက်ကြွကြွ ကြည့်ရှုအားပေးခဲ့ကြတာကို တွေ့ရပါတယ်။

ဒါ့အပြင်တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ ကျောင်းတွေနဲ့လည်း ချိတ်ဆက်ပြီး ဒီလို Activities လေးတွေ လုပ်ပေးမှာမို့ ကလေးတွေကို သိပ္ပံပညာနဲ့ အကျွမ်းဝင်အောင်လုပ်ပေးတဲ့ ဒီလို Film Festival မျိုးတွေကို နှစ်တိုင်းကြိုဆိုလိုက်ပါရစေ။

Yoe Lu (Akhayar)

www.akhayar.com