[Zawgyi]

ဘာျဖစ္လို႔ Trypophobia လို႔ ေခၚတဲ့ အေပါက္အစုအေဝးေတြကို ေၾကာက္တဲ့ စိတ္ျဖစ္တာလဲ

ေစ်းေတြ ဘာေတြ သြားဝယ္ရင္း ၾကာခြက္ကို ျမင္မိျပီး ေစ့ေစ့ၾကည့္မိတဲ့အခါ အသည္းယားတာမ်ိဳး ျဖစ္ဖူးပါသလား၊ ဒါမွမဟုတ္လည္း အင္တာနက္မွာ ေဖြရွာရင္း လက္မွာ အေပါက္ေပါက္ေတြ ျဖစ္ေအာင္ လုပ္ထားတဲ့ ပံုေတြ၊ ပ်ားအံုကို အထဲကေန အေကာင္ေလးေတြ ထြက္လာတဲ့ ပံုမ်ိဳးေတြ ျမင္ျပီး ရြံသလိုလို၊ အန္ခ်င္သလိုလို၊ ခ်က္ခ်င္းပဲ ယားလာျပီး ကုတ္ဖဲ့ပစ္ခ်င္သလို ျဖစ္တတ္ပါသလား။

ဒါမ်ိဳးကို Trypophobia လို႔ ေခၚျပီး Mental Disorder လို႔ တရားဝင္သတ္မွတ္မထားေပမယ့္ Phobia တစ္ခုလို႔ေတာ့ သတ္မွတ္ထားၾကပါတယ္။ ဒီလို ခံစားရတဲ့ သူေတြဟာ လူ ၁၀၀ မွာ ၁၆% ေလာက္ ျဖစ္ေနတာ ျဖစ္ျပီး အမ်ိဳးသမီးထဲမွာဆို ၁၈% ေလာက္နဲ႔ အမ်ိဳးသား ၁၁% ေလာက္က ဒီလို အေပါက္အစုအေဝးေတြနဲ႔ အထဲမွာ ျပဴတစ္ျပဴတစ္ျဖစ္ေနတာေလးေတြ ၾကည့္ျပီး အသည္းယားမႈ၊ရြံရွာမႈကို ခံစားေနရပါတယ္။

ခံစားရသူတစ္ေယာက္ကဆိုရင္ အဲဒီလို အေပါက္ေလးေတြ ျမင္တုိင္း ေအာ္ပစ္လိုက္ခ်င္သလိုလိုေတာင္ ျဖစ္လာျပီး တစ္ကိုယ္လံုးလည္း တုန္ေနေတာ့ပဲလို႔ ရင္ဖြင့္ခဲ့ပါတယ္။ ဒီအခ်က္ေတြဟာ ဘာလို႔ ျဖစ္ရလဲလို႔ ပညာရွင္ေတြက ဝုိင္းဆန္းစစ္ၾကတဲ့အခါ  တခ်ိဳ႕ပညာရွင္ေတြရဲ႕ မွတ္ခ်က္ကေတာ့ ဒီလိုပါ။

University of Essex ရဲ႕ Researchers Geoff Cole နဲ႔ Arnold Wilkins တို႔ကေတာ့ “ဒါဟာ ေရွးအစဥ္အဆက္တည္းက စီးဆင္းလာတဲ့ ဦးေႏွာက္ရဲ႕ ဆင့္ကဲျဖစ္စဥ္အစိတ္အပိုင္းေၾကာင့္ျဖစ္ျပီး ဒါမ်ိဳးေတြကို ျမင္လိုက္ရင္ လူေတြဟာ အဆိပ္ရွိသတၱဝါတစ္ေကာင္ကို ၾကည့္လိုက္သလို ခံစားရေစတာပါ။ ဒီအရာဟာ ဘာအရာျဖစ္လဲ ေသခ်ာမသိရင္ေတာင္မွ ရြံရွာမႈကို ခံစားရျပီး Trypophobia ကို ျဖစ္ေစေတာ့တာပါပဲ” လို႔ ထုတ္ေဖာ္ခဲ့ပါတယ္။

ဒီအခ်က္ကို ေသခ်ာေစဖို႔ Trypophobia ပံုေတြတင္တဲ့ Website ေတြကို ၾကည့္ရႈသံုးသပ္ျပီး ဒါမ်ိဳး ခံစားရတဲ့သူေတြကို အင္တာဗ်ဴးၾကည့္တဲ့အခါ Trypophobia ကို ေၾကာက္တဲ့သူေတြဟာ အဆိပ္ရွိ Blue-ringed Octopus ကိုလည္း ေၾကာက္ၾကတဲ့သူေတြ၊ Brazilian Wandering Spider နဲ႔ King Cobra Snake လို အဆိပ္ရွိ သတၱဝါေကာင္ေတြကို ေၾကာက္ၾကတဲ့သူမ်ိဳးေတြလည္း ျဖစ္ပါတယ္။

သုေတသနေတြရဲ႕ ေဖာ္ထုတ္ခ်က္အရ အဆိပ္ရွိမ်ိဳးစိတ္ေတြကို ၾကည့္ရင္လည္း ဒီလို အေပါက္အစုအေဝးေတြကို ၾကည့္တဲ့အခါ ေၾကာက္တဲ့ ေၾကာက္စိတ္မ်ိဳး အလားတူ ျဖစ္ပါတယ္တဲ့။ ေနာက္ဆက္ျပီး ေျပာခဲ့တာကေတာ့ “လူေတြဟာ သူတို႔ဘာသာ သူတို႔ သတိမထားမိေပမယ့္ Trypophobic ကေတာ့ မသိလိုက္မသိဘာသာနဲ႔ သူတို႔ စိတ္ထဲမွာ ရွိေနပါတယ္။ တကယ္လို႔ Trypophobia မရွိဘူးဆိုတဲ့ သူေတြေတာင္ အဲဒီလို ပံုေတြၾကည့္ရင္ တျခားပံုေတြကို ၾကည့္တာထက္ စိတ္မသက္မသာျဖစ္မႈကေတာ့ ပိုတာပါပဲ” တဲ့။

Trypophobia ဘာေၾကာင့္ ျဖစ္တယ္ဆိုရတဲ့ စာကို ဖတ္ေနရင္းနဲ႔ပဲ အခု စိတ္မသက္မသာခံစားေနရျပီမဟုတ္ပါလား။

Yoe Lu (Akhayar)

www.akhayar.com

Source : BusinessInsider.com
[Unicode]

ဘာဖြစ်လို့ Trypophobia လို့ ခေါ်တဲ့ အပေါက်အစုအဝေးတွေကို ကြောက်တဲ့ စိတ်ဖြစ်တာလဲ

ဈေးတွေ ဘာတွေ သွားဝယ်ရင်း ကြာခွက်ကို မြင်မိပြီး စေ့စေ့ကြည့်မိတဲ့အခါ အသည်းယားတာမျိုး ဖြစ်ဖူးပါသလား၊ ဒါမှမဟုတ်လည်း အင်တာနက်မှာ ဖွေရှာရင်း လက်မှာ အပေါက်ပေါက်တွေ ဖြစ်အောင် လုပ်ထားတဲ့ ပုံတွေ၊ ပျားအုံကို အထဲကနေ အကောင်လေးတွေ ထွက်လာတဲ့ ပုံမျိုးတွေ မြင်ပြီး ရွံသလိုလို၊ အန်ချင်သလိုလို၊ ချက်ချင်းပဲ ယားလာပြီး ကုတ်ဖဲ့ပစ်ချင်သလို ဖြစ်တတ်ပါသလား။

ဒါမျိုးကို Trypophobia လို့ ခေါ်ပြီး Mental Disorder လို့ တရားဝင်သတ်မှတ်မထားပေမယ့် Phobia တစ်ခုလို့တော့ သတ်မှတ်ထားကြပါတယ်။ ဒီလို ခံစားရတဲ့ သူတွေဟာ လူ ၁၀၀ မှာ ၁၆% လောက် ဖြစ်နေတာ ဖြစ်ပြီး အမျိုးသမီးထဲမှာဆို ၁၈% လောက်နဲ့ အမျိုးသား ၁၁% လောက်က ဒီလို အပေါက်အစုအဝေးတွေနဲ့ အထဲမှာ ပြူတစ်ပြူတစ်ဖြစ်နေတာလေးတွေ ကြည့်ပြီး အသည်းယားမှု၊ရွံရှာမှုကို ခံစားနေရပါတယ်။

ခံစားရသူတစ်ယောက်ကဆိုရင် အဲဒီလို အပေါက်လေးတွေ မြင်တိုင်း အော်ပစ်လိုက်ချင်သလိုလိုတောင် ဖြစ်လာပြီး တစ်ကိုယ်လုံးလည်း တုန်နေတော့ပဲလို့ ရင်ဖွင့်ခဲ့ပါတယ်။ ဒီအချက်တွေဟာ ဘာလို့ ဖြစ်ရလဲလို့ ပညာရှင်တွေက ဝိုင်းဆန်းစစ်ကြတဲ့အခါ  တချို့ပညာရှင်တွေရဲ့ မှတ်ချက်ကတော့ ဒီလိုပါ။

University of Essex ရဲ့ Researchers Geoff Cole နဲ့ Arnold Wilkins တို့ကတော့ “ဒါဟာ ရှေးအစဉ်အဆက်တည်းက စီးဆင်းလာတဲ့ ဦးနှောက်ရဲ့ ဆင့်ကဲဖြစ်စဉ်အစိတ်အပိုင်းကြောင့်ဖြစ်ပြီး ဒါမျိုးတွေကို မြင်လိုက်ရင် လူတွေဟာ အဆိပ်ရှိသတ္တဝါတစ်ကောင်ကို ကြည့်လိုက်သလို ခံစားရစေတာပါ။ ဒီအရာဟာ ဘာအရာဖြစ်လဲ သေချာမသိရင်တောင်မှ ရွံရှာမှုကို ခံစားရပြီး Trypophobia ကို ဖြစ်စေတော့တာပါပဲ” လို့ ထုတ်ဖော်ခဲ့ပါတယ်။

ဒီအချက်ကို သေချာစေဖို့ Trypophobia ပုံတွေတင်တဲ့ Website တွေကို ကြည့်ရှုသုံးသပ်ပြီး ဒါမျိုး ခံစားရတဲ့သူတွေကို အင်တာဗျူးကြည့်တဲ့အခါ Trypophobia ကို ကြောက်တဲ့သူတွေဟာ အဆိပ်ရှိ Blue-ringed Octopus ကိုလည်း ကြောက်ကြတဲ့သူတွေ၊ Brazilian Wandering Spider နဲ့ King Cobra Snake လို အဆိပ်ရှိ သတ္တဝါကောင်တွေကို ကြောက်ကြတဲ့သူမျိုးတွေလည်း ဖြစ်ပါတယ်။

သုတေသနတွေရဲ့ ဖော်ထုတ်ချက်အရ အဆိပ်ရှိမျိုးစိတ်တွေကို ကြည့်ရင်လည်း ဒီလို အပေါက်အစုအဝေးတွေကို ကြည့်တဲ့အခါ ကြောက်တဲ့ ကြောက်စိတ်မျိုး အလားတူ ဖြစ်ပါတယ်တဲ့။ နောက်ဆက်ပြီး ပြောခဲ့တာကတော့ “လူတွေဟာ သူတို့ဘာသာ သူတို့ သတိမထားမိပေမယ့် Trypophobic ကတော့ မသိလိုက်မသိဘာသာနဲ့ သူတို့ စိတ်ထဲမှာ ရှိနေပါတယ်။ တကယ်လို့ Trypophobia မရှိဘူးဆိုတဲ့ သူတွေတောင် အဲဒီလို ပုံတွေကြည့်ရင် တခြားပုံတွေကို ကြည့်တာထက် စိတ်မသက်မသာဖြစ်မှုကတော့ ပိုတာပါပဲ” တဲ့။

Trypophobia ဘာကြောင့် ဖြစ်တယ်ဆိုရတဲ့ စာကို ဖတ်နေရင်းနဲ့ပဲ အခု စိတ်မသက်မသာခံစားနေရပြီမဟုတ်ပါလား။

Yoe Lu (Akhayar)

www.akhayar.com

Source : BusinessInsider.com