[Zawgyi]

မိခင္မရွိတဲ့ေက်ာင္းသူကို မနက္တိုင္းက်စ္ဆံၿမီးက်စ္ၿပီး အလွျပင္ေပးတဲ့ ေက်ာင္းကားဒရိုင္ဘာ

အေမရိကန္ႏိုင္ငံ ယူးတားျပည္နယ္မွာရွိတဲ့ Alpine School District ေက်ာင္းက ေက်ာင္းကားေမာင္းတဲ့ အသက္ ၄၇ ႏွစ္အရြယ္ ဒရိုင္ဘာအမ်ိဳးသမီး Tracy Dean ဆိုသူဟာ သူမေက်ာင္းကားေမာင္းလာတဲ့ သက္တမ္းဆယ္ႏွစ္အတြင္း ထူးထူးျခားျခားအလုပ္တစ္ခု ပိုလုပ္ေနရပါတယ္။ တကယ္ေတာ့ ထေရစီဟာ ဒီအလုပ္ကို တာဝန္တစ္ရပ္အေနနဲ႔ လိုလိုလားလားပဲ လုပ္ကိုင္ေနတာျဖစ္ပါတယ္။ အဲဒါကေတာ့ သူမေမာင္းတဲ့ ေက်ာင္းကားကိုစီးတဲ့ Isabella Pieri လို႔ေခၚတဲ့ အသက္ ၁၁ ႏွစ္အရြယ္ ေက်ာင္းသူေလးကို မနက္တိုင္းဆံပင္ေတြၿဖီးသင္ၿပီး က်စ္ဆံၿမီးလွလွေလးက်စ္ေပးရတဲ့ အလုပ္ပဲျဖစ္ပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

“သူမကားေပၚတက္လာတာနဲ႔ သမီးဆံပင္ေတြကို ၿဖီးေပးတယ္ လွရဲ႕လားလို႔ ေမးေလ့ရွိတယ္၊ အဲဒီအခ်ိန္မွာ သမီးက တကယ့္ကိုလူေတာ္ပဲလို႔ ကၽြန္မကိုျပန္ေျပာေလ့ရွိတယ္”လို႔ ထေရစီက ေျပာပါတယ္။ အစ္ဇ္ဘယ္လာရဲ႕မိခင္ဟာ လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္က ဦးေႏွာက္ေရာဂါတစ္ခုနဲ႔ ကြယ္လြန္သြားတာျဖစ္ၿပီး သူမကေတာ့ ဖခင္ျဖစ္သူ Philip Pieri နဲ႔အတူ ေနထိုင္ေနတယ္လို႔ ဆိုပါတယ္။ ဖခင္က ဒီယူးတားျပည္နယ္မွာပဲ သူမတို႔ေနထိုင္ရာအိမ္အနီးက ကြန္ဗီးနီးယန္႔စတိုးမွာ အခ်ိန္ျပည့္အလုပ္လုပ္ပါတယ္။ ဇနီးျဖစ္သူကြယ္လြန္ခ်ိန္မွာ က်န္ခဲ့တဲ့သမီးေလးရဲ႕ ေဝယ်ာဝစၥအဝဝကိုလုပ္ေပးရင္း သမီးေလးကို ျပဳစုေစာင့္ေရွာက္ခဲ့ေပမဲ့ သမီးေလးရဲ႕ဝတ္စားဆင္ယင္မႈနဲ႔ ဆံပင္အလွျပင္တာေလးေတြကိုေတာ့ အတတ္ႏိုင္ဆံုး အဆင္ေျပေအာင္ ႀကိဳးစားလုပ္ေပးခဲ့ပါတယ္လို႔ ေျပာပါတယ္။

Tracy Dean

 

“သူက သူ႔ဆံပင္ေတြကို ဆြဲလြဲၿပီးလုပ္ေပးလို႔ ကၽြန္ေတာ့္ကိုစိတ္ဆိုးတယ္၊ ကၽြန္ေတာ္လည္း သူ႔ဆံပင္ကို ဘယ္လိုလွေအာင္လုပ္ေပးရမလဲ မသိခဲ့ဘူး။ တစ္ရက္ေတာ့ အစ္ဇ္ဘယ္လာ ေက်ာင္းကျပန္လာေတာ့ ဆံပင္ေတြက လွလွပပေလးျဖစ္ေနတယ္။ ကၽြန္ေတာ္ သူ႔ကို မင္းသမီးေလးလို႔ေခၚလိုက္တယ္၊ သူ႔ကိုၾကည့္ရတာ သူ႔ကိုယ္သူ ယံုၾကည္မႈရွိလာသလိုပဲ၊ ဒီဆံပင္ေလးေတြကိုပဲ တသသလုပ္ေနတယ္၊ ဒီဆံပင္ပံုစံနဲ႔ပဲ ကစားတယ္၊ ကၽြန္ေတာ္သူ႔ကို ဒီလိုပဲျဖစ္ေစခ်င္ခဲ့တာပါ” လို႔ အစ္ဇ္ဘယ္လာရဲ႕ဖခင္ျဖစ္သူက ေျပာပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ထေရစီမွာလည္း အစ္ဇ္ဘယ္လာလို အသက္ ၁၁ ႏွစ္အရြယ္တစ္ေယာက္အပါအဝင္ သားသမီးေလးေယာက္ရွိပါတယ္။ က်စ္ဆံၿမီးက်စ္တဲ့အလုပ္က သိပ္ၿပီးခက္ခဲတဲ့အလုပ္မဟုတ္တဲ့အတြက္ အစ္ဇ္ဘယ္လာကို မနက္တိုင္း က်စ္ဆံၿမီးလွလွေလးက်စ္ေပးျဖစ္တာပဲ ျဖစ္ပါတယ္။ “အစ္ဇ္ဘယ္လာဟာ သူ႔ဆံပင္ေၾကာင့္ ေတာ္ေတာ္ေလးစိတ္ရႈပ္ခဲ့ရမယ္ဆိုတာ ကၽြန္မသိတယ္။ ဒါေၾကာင့္ သူမကို ျပင္သစ္က်စ္ဆံၿမီးႏွစ္ဖက္ခြဲပံုစံ က်စ္ေပးတယ္။ ဆံပင္ကို ဘယ္လိုၿဖီးရမယ္ဆိုတာလည္း သင္ေပးလိုက္တယ္” လို႔ ထေရစီကေျပာပါတယ္။

Isabella Pieri

အခုေတာ့ အစ္ဇ္ဘယ္လာဟာ မနက္တိုင္း ထေရစီက်စ္ေပးတဲ့ က်စ္ဆံၿမီးလွလွေလးနဲ႔ ေက်ာင္းတက္ေနပါၿပီ။ အဲဒီအတြက္ သူမဖခင္ျဖစ္သူကလည္း ထေရစီကို အရမ္းပဲေက်းဇူးတင္ေနပါတယ္။ “ဒီအမ်ိဳးသမီးက ေတာ္ေတာ္ကို စိတ္ထားေကာင္းတဲ့အမ်ိဳးသမီးပဲဗ်ာ” လို႔ဆိုၿပီး ေက်းဇူးတင္စကား တဖြဖြေျပာေနပါေတာ့တယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မိခင်မရှိတဲ့ကျောင်းသူကို မနက်တိုင်းကျစ်ဆံမြီးကျစ်ပြီး အလှပြင်ပေးတဲ့ ကျောင်းကားဒရိုင်ဘာ

အမေရိကန်နိုင်ငံ ယူးတားပြည်နယ်မှာရှိတဲ့ Alpine School District ကျောင်းက ကျောင်းကားမောင်းတဲ့ အသက် ၄၇ နှစ်အရွယ် ဒရိုင်ဘာအမျိုးသမီး Tracy Dean ဆိုသူဟာ သူမကျောင်းကားမောင်းလာတဲ့ သက်တမ်းဆယ်နှစ်အတွင်း ထူးထူးခြားခြားအလုပ်တစ်ခု ပိုလုပ်နေရပါတယ်။ တကယ်တော့ ထရေစီဟာ ဒီအလုပ်ကို တာဝန်တစ်ရပ်အနေနဲ့ လိုလိုလားလားပဲ လုပ်ကိုင်နေတာဖြစ်ပါတယ်။ အဲဒါကတော့ သူမမောင်းတဲ့ ကျောင်းကားကိုစီးတဲ့ Isabella Pieri လို့ခေါ်တဲ့ အသက် ၁၁ နှစ်အရွယ် ကျောင်းသူလေးကို မနက်တိုင်းဆံပင်တွေဖြီးသင်ပြီး ကျစ်ဆံမြီးလှလှလေးကျစ်ပေးရတဲ့ အလုပ်ပဲဖြစ်ပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

“သူမကားပေါ်တက်လာတာနဲ့ သမီးဆံပင်တွေကို ဖြီးပေးတယ် လှရဲ့လားလို့ မေးလေ့ရှိတယ်၊ အဲဒီအချိန်မှာ သမီးက တကယ့်ကိုလူတော်ပဲလို့ ကျွန်မကိုပြန်ပြောလေ့ရှိတယ်”လို့ ထရေစီက ပြောပါတယ်။ အစ်ဇ်ဘယ်လာရဲ့မိခင်ဟာ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဦးနှောက်ရောဂါတစ်ခုနဲ့ ကွယ်လွန်သွားတာဖြစ်ပြီး သူမကတော့ ဖခင်ဖြစ်သူ Philip Pieri နဲ့အတူ နေထိုင်နေတယ်လို့ ဆိုပါတယ်။ ဖခင်က ဒီယူးတားပြည်နယ်မှာပဲ သူမတို့နေထိုင်ရာအိမ်အနီးက ကွန်ဗီးနီးယန့်စတိုးမှာ အချိန်ပြည့်အလုပ်လုပ်ပါတယ်။ ဇနီးဖြစ်သူကွယ်လွန်ချိန်မှာ ကျန်ခဲ့တဲ့သမီးလေးရဲ့ ဝေယျာဝစ္စအဝဝကိုလုပ်ပေးရင်း သမီးလေးကို ပြုစုစောင့်ရှောက်ခဲ့ပေမဲ့ သမီးလေးရဲ့ဝတ်စားဆင်ယင်မှုနဲ့ ဆံပင်အလှပြင်တာလေးတွေကိုတော့ အတတ်နိုင်ဆုံး အဆင်ပြေအောင် ကြိုးစားလုပ်ပေးခဲ့ပါတယ်လို့ ပြောပါတယ်။

Tracy Dean

“သူက သူ့ဆံပင်တွေကို ဆွဲလွဲပြီးလုပ်ပေးလို့ ကျွန်တော့်ကိုစိတ်ဆိုးတယ်၊ ကျွန်တော်လည်း သူ့ဆံပင်ကို ဘယ်လိုလှအောင်လုပ်ပေးရမလဲ မသိခဲ့ဘူး။ တစ်ရက်တော့ အစ်ဇ်ဘယ်လာ ကျောင်းကပြန်လာတော့ ဆံပင်တွေက လှလှပပလေးဖြစ်နေတယ်။ ကျွန်တော် သူ့ကို မင်းသမီးလေးလို့ခေါ်လိုက်တယ်၊ သူ့ကိုကြည့်ရတာ သူ့ကိုယ်သူ ယုံကြည်မှုရှိလာသလိုပဲ၊ ဒီဆံပင်လေးတွေကိုပဲ တသသလုပ်နေတယ်၊ ဒီဆံပင်ပုံစံနဲ့ပဲ ကစားတယ်၊ ကျွန်တော်သူ့ကို ဒီလိုပဲဖြစ်စေချင်ခဲ့တာပါ” လို့ အစ်ဇ်ဘယ်လာရဲ့ဖခင်ဖြစ်သူက ပြောပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

ထရေစီမှာလည်း အစ်ဇ်ဘယ်လာလို အသက် ၁၁ နှစ်အရွယ်တစ်ယောက်အပါအဝင် သားသမီးလေးယောက်ရှိပါတယ်။ ကျစ်ဆံမြီးကျစ်တဲ့အလုပ်က သိပ်ပြီးခက်ခဲတဲ့အလုပ်မဟုတ်တဲ့အတွက် အစ်ဇ်ဘယ်လာကို မနက်တိုင်း ကျစ်ဆံမြီးလှလှလေးကျစ်ပေးဖြစ်တာပဲ ဖြစ်ပါတယ်။ “အစ်ဇ်ဘယ်လာဟာ သူ့ဆံပင်ကြောင့် တော်တော်လေးစိတ်ရှုပ်ခဲ့ရမယ်ဆိုတာ ကျွန်မသိတယ်။ ဒါကြောင့် သူမကို ပြင်သစ်ကျစ်ဆံမြီးနှစ်ဖက်ခွဲပုံစံ ကျစ်ပေးတယ်။ ဆံပင်ကို ဘယ်လိုဖြီးရမယ်ဆိုတာလည်း သင်ပေးလိုက်တယ်” လို့ ထရေစီကပြောပါတယ်။

Isabella Pieri

အခုတော့ အစ်ဇ်ဘယ်လာဟာ မနက်တိုင်း ထရေစီကျစ်ပေးတဲ့ ကျစ်ဆံမြီးလှလှလေးနဲ့ ကျောင်းတက်နေပါပြီ။ အဲဒီအတွက် သူမဖခင်ဖြစ်သူကလည်း ထရေစီကို အရမ်းပဲကျေးဇူးတင်နေပါတယ်။ “ဒီအမျိုးသမီးက တော်တော်ကို စိတ်ထားကောင်းတဲ့အမျိုးသမီးပဲဗျာ” လို့ဆိုပြီး ကျေးဇူးတင်စကား တဖွဖွပြောနေပါတော့တယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။