[Zawgyi]

ေငြရတု အထိမ္းအမွတ္ ျပန္လည္ရံုတင္ျပသမယ့့္ ‘Schindler’s List (1993)’

ဒါရိုက္တာ Steven Spielberg ရဲ႕ ေအာ္စကာဆုရ ဂႏၱဝင္ရုပ္ရွင္ဇာတ္ကားၾကီး တစ္ကားျဖစ္တဲ့ ‘Schindler’s List (1993)’ ဇာတ္ကားကို လာမယ့္ ဒီဇင္ဘာလမွာ ေငြေရာင္ပိတ္ကားေပၚ ျပန္လည္ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ၁၉၉၃ ခုႏွစ္မွာ ရံုတင္ျပသခဲ့တာ ျဖစ္တဲ့အတြက္ လက္ရွိ ၂၀၁၈ ခုႏွစ္မွာ ၂၅ ႏွစ္ျပည့္ေျမာက္သြားတဲ့အတြက္ ေငြရတုအထိမ္းအမွတ္ျပန္လည္ျပသတာလည္း ျဖစ္ပါတယ္။

‘Schindler’s List (1993)’ ဇာတ္ကားဟာ ဒုတိယကမာၻစစ္တြင္း နာဇီဂ်ာမဏီစစ္တပ္ေတြက ဂ်ဴးလူမ်ိဳးေတြကို လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြကို အေျခတည္ရိုက္ကူးထားတဲ့ ဇာတ္ကားျဖစ္ျပီး ဇာတ္ကားထဲမွာပါတဲ့  Oskar Schindler ဆုိတာကေတာ့ ဒီလို လူမ်ိဳးတုန္းသတ္ျဖတ္မႈအတြင္း ဂ်ဴးလူမ်ိဳး ၁၂၀၀ ေလာက္ကို ကယ္ဆယ္ခဲ့တဲ့ ဂ်ာမန္လူမ်ိဳးစက္မႈလုပ္ငန္းရွင္တစ္ေယာက္ျဖစ္ပါတယ္။

ဇာတ္ကားရဲ႕ ဒါရို္က္တာ Steven Spielberg ကေတာ့ ဒီဇာတ္ကား ျပန္လည္ျပသမႈအေပၚ ” ကမာၻၾကီးက လက္ရွိအခ်ိန္မွာ လိုအပ္ေနတဲ့ ရဲရင့္ျခင္းဇာတ္လမ္းတစ္ပုဒ္ျဖစ္ျပီး ပရိသတ္ေတြဟာ ဒီအေတြ႔အၾကံဳေတြကို ေငြေရာင္ပိတ္ကားေပၚမွာ ေနာက္တစ္ၾကိမ္ျပန္လည္ရႈစားရေတာ့မွာ ျဖစ္တယ္” လို႔ ညႊန္းခဲ့ပါတယ္။

ဒီဇာတ္ကားဟာ အေကာင္းဆံုးဇာတ္ကားဆုအပါအဝင္ ေအာ္စကာ (၇) ဆုကို သိမ္းက်ံဳးဆြတ္ခူးႏုိင္ခဲ့တဲ့ ဇာတ္ကားျဖစ္ျပီး ဒီဇင္ဘာလ ၇ ရက္ ၂၀၁၈ ခုႏွစ္မွာ ျပန္လည္ရံုတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

www.akhayar.com

Source : Huffingtonpost

[Unicode]

ငွေရတု အထိမ်းအမှတ် ပြန်လည်ရုံတင်ပြသမယ့် ‘Schindler’s List (1993)’

ဒါရိုက်တာ Steven Spielberg ရဲ့ အော်စကာဆုရ ဂန္တဝင်ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်တဲ့ ‘Schindler’s List (1993)’ ဇာတ်ကားကို လာမယ့် ဒီဇင်ဘာလမှာ ငွေရောင်ပိတ်ကားပေါ် ပြန်လည်ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၃ ခုနှစ်မှာ ရုံတင်ပြသခဲ့တာ ဖြစ်တဲ့အတွက် လက်ရှိ ၂၀၁၈ ခုနှစ်မှာ ၂၅ နှစ်ပြည့်မြောက်သွားတဲ့အတွက် ငွေရတုအထိမ်းအမှတ်ပြန်လည်ပြသတာလည်း ဖြစ်ပါတယ်။

‘Schindler’s List (1993)’ ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်တွင်း နာဇီဂျာမဏီစစ်တပ်တွေက ဂျူးလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အခြေတည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်ကားထဲမှာပါတဲ့  Oskar Schindler ဆိုတာကတော့ ဒီလို လူမျိုးတုန်းသတ်ဖြတ်မှုအတွင်း ဂျူးလူမျိုး ၁၂၀၀ လောက်ကို ကယ်ဆယ်ခဲ့တဲ့ ဂျာမန်လူမျိုးစက်မှုလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။

ဇာတ်ကားရဲ့ ဒါရိုက်တာ Steven Spielberg ကတော့ ဒီဇာတ်ကား ပြန်လည်ပြသမှုအပေါ် ” ကမ္ဘာကြီးက လက်ရှိအချိန်မှာ လိုအပ်နေတဲ့ ရဲရင့်ခြင်းဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ပရိသတ်တွေဟာ ဒီအတွေ့အကြုံတွေကို ငွေရောင်ပိတ်ကားပေါ်မှာ နောက်တစ်ကြိမ်ပြန်လည်ရှုစားရတော့မှာ ဖြစ်တယ်” လို့ ညွှန်းခဲ့ပါတယ်။

ဒီဇာတ်ကားဟာ အကောင်းဆုံးဇာတ်ကားဆုအပါအဝင် အော်စကာ (၇) ဆုကို သိမ်းကျုံးဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ဒီဇင်ဘာလ ၇ ရက် ၂၀၁၈ ခုနှစ်မှာ ပြန်လည်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

www.akhayar.com

Source : Huffingtonpost