[Zawgyi]

ကမၻာတစ္လႊားမွ ေသြးပ်က္ဖြယ္ရာ ၿမိဳ႕ေဟာင္းႀကီးမ်ား

ၿမိဳ႕ဆုိတဲ့သေဘာက လူေနအိမ္ထူထပ္ၿပီးေတာ့ အသံဗလံေပါင္းစုံနဲ႔ သစ္လြင္ေတာက္ပတဲ့အေဆာက္အဦးေတြနဲ႔ ေပါင္းစပ္ထားမွသာ ပနံရတဲ့သေဘာပါ။ ဒါေပမယ့္ တခ်ိဳ႕ၿမိဳ႕ေတြက်ေတာ့ ကပ္ဆုိက္ၿပီး လူေတြစြန္႔ခြာသြားၾကမယ္ဆုိရင္ ေျခာက္ျခားဖြယ္ရာအျပည့္နဲ႔ ၿမိဳ႕ပ်က္ႀကီးသဖြယ္ က်န္ရစ္ေနေတာ့မွာပါ။ အသည္းငယ္တဲ့သူအဖုိ႔ေတာ့ ဇာတိေျမကုိစြန္႔ခြားသြားရတာေပါ့ေလ။ ကမၻာတစ္လႊားမွာ တေစၦၿမိဳ႕လုိ႔ေတာင္ တင္စားလုိ႔ရတဲ့ ေျခာက္ျခားဖြယ္ရာ ၿမိဳ႕ပ်က္ေတြအေၾကာင္းကုိ ဗဟုသုတျဖစ္ဖြယ္ ေဖာ္ျပလုိက္ပါတယ္။

စိတၱဇၿမိဳ႕ပ်က္ႀကီး

စိတၱဇၿမိဳ႕ပ်က္ႀကီး

ပရစ္ရက္ၿမိဳ႕ (Pripyat)

ယူကရိန္းႏုိင္ငံ (Ukraine) ေျမာက္ပိုင္းမွာရွိတဲ့ ပရစ္ရက္ၿမိဳ႕ (Pripyat) ဟာလည္း အရင္တုန္းကဆုိရင္ လူဦးေရ၅ေသာင္းနဲ႔ စည္ကားခဲ့တဲ့ၿမိဳ႕တစ္ခုျဖစ္ပါတယ္။ Chernobyl Nuclear Station ေပါက္ကြဲခဲ့တဲ့အခါ အဆိတ္ေငြ႕ျဖာထြက္လာတဲ့အတြက္ ၁၉၈၆ခုႏွစ္မွာ ၿမိဳ႕ကုိစြန္႔ခြာခဲ့ရပါတယ္။ အခုဆုိရင္ ပရစ္ရက္ၿမိဳ႕ဟာ လူေနအိမ္ေဟာင္း၊ ကစားကြင္းေဟာင္း၊ ဓာတ္ေငြ႕မ်က္ႏွာဖုံးေတြပဲရွိပါေတာ့တယ္။ အခုခ်ိန္မွာေတာ့ ဓာတ္ေငြ႕ျဖာထြက္မႈေလ်ာ့က်သြားေပမယ့္ လူတစ္ေယာက္မွ မေနေတာ့ဘဲ ေဆးရုံေတြ၊ စတုိးဆုိင္ေတြ၊ အားကစားရုံေတြ၊ ရုပ္ရွင္ရုံေတြနဲ႔ ေက်ာင္းေတြဟာလည္း ျခံဳႏြယ္ပိတ္ဖုံးလုိ႔ေနပါတယ္။

ပရစ္ရက္ၿမိဳ႕ (Pripyat)

ပရစ္ရက္ၿမိဳ႕ (Pripyat)

ဟာရွီမာကြ်န္း (Hashima Island)

ဂ်ပန္ႏုိင္ငံ (Japan) နာဂါဆာကီၿမိဳ႕ (Nagasaki) နဲ႔ ၁၅ကီလုိမီတာ (၉.၃မုိင္) ပဲေဝးတဲ့ မာရီွမာကြ်န္း (Hashima Island) ဟာဆုိရင္ ေရေအာက္မွာ ေက်ာက္မီးေသြးေတြ တူးေဖာ္ခဲ့ၾကလုိ႔ လူဦးရထူထပ္ခဲ့တဲ့ ကြ်န္းပဲျဖစ္ပါတယ္။ ေက်ာက္မီးေသြးလုပ္သားေတြနဲ႔ မိသားစုဝင္ေတြ ေပါင္းလုိက္ရင္ ၁၉၅၉ခုႏွစ္မွာ လူဦးေရ ၅ေထာင္အထိ ရွိခဲ့ပါတယ္။ ၁၉၆ဝခုႏွစ္ေတြမွာ ဂ်ပန္ႏုိင္ငံမွာ ေက်ာက္မီးေသြးအစား ဓာတ္ဆီကုိ အစားထုိးသုံးစြဲလာခဲ့ပါတယ္။ ၁၉၇၄ ဇန္နဝါရီလမွာ နာမည္ေက်ာ္ေမာ္ေတာ္ကားကုမၸဏီျဖစ္တဲ့ မစ္ဆူဘီရွိေမာ္တာ (Mitsubishi Motors) ကလည္း ဟာရွီမာကြ်န္းမွာ ေက်ာက္မီးေသြးတူးတာ ရပ္တန္႔ဖုိ႔ တရားဝင္ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီေနာက္ ၁၉၇၄ခုႏွစ္ ဧၿပီလကေနစၿပီး ဟာရွီမာကြ်န္းမွာ လူတစ္ေယာက္မွမရွိေတာ့ဘဲ အုိေဟာင္းေနတဲ့တုိက္တာမ်ားသာ က်န္ပါေတာ့တယ္။

ဟာရွီမာကြ်န္း (Hashima Island)

ဟာရွီမာကြ်န္း (Hashima Island)

ေရာ့စ္ကြ်န္း (Ross Island)

အိႏၵိယႏုိင္ငံ (India) မွာရွိတဲ့ ေရာ့စ္ကြ်န္း (Ross Island) ဟာဆုိရင္လည္း လူေနအေဆာက္အဦးေတြကုိ သစ္ပင္ေတြနဲ႔ တြယ္ယွက္ေပါက္ေနလုိ႔ သရဲၿမိဳ႕ေတာ္လုိ႔ေတာင္ တင္စားရမလုိျဖစ္ေနပါၿပီ။ ၁၈၅၇ အိႏၵိယေတာ္လွန္ေရးၿပီးတဲ့အခ်ိန္မွာ ၿဗိတိသ်ွအစုိးရဟာ ေရာ့စ္ကြ်န္းကုိ ရာဇဝတ္သားေတြပဲ သီးျခားထိန္းသိမ္းခဲ့သလုိ မ်က္ႏွာျဖဴေတြလည္း ေနထုိင္ခဲ့ပါတယ္။ ေရာ့စ္ကြ်န္းမွာ ကဇာတ္ရုံ၊ ကလပ္၊ ေရကူးကန္၊ ဥယ်ာဥ္ျခံေတြနဲ႔ ၁၉၄၁ခုႏွစ္အထိ လွပေနခဲ့ပါတယ္။ ၁၉၄၁ခုႏွစ္မွာ ေျမငလ်င္လႈပ္ခတ္ခဲ့ရုံမက ဂ်ပန္ႏုိင္ငံလည္း က်ဴးေက်ာ္ခဲ့လုိ႔ လူအမ်ားအျပား ေရာ့စ္ကြ်န္းကုိ စြန္႔ခြာေျပးခဲ့ရပါတယ္။ ေရာ့စ္ကြ်န္းကုိ ဂ်ပန္-အိႏၵိယ တစ္လွည့္စီပုိင္ဆုိင္ခဲ့ရာမွ ၁၉၇၉ေရာက္မွသာ အိႏၵိယေရတပ္ဖြဲ႕က ပုိင္ဆုိင္ခဲ့ရပါတယ္။

ေရာ့စ္ကြ်န္း (Ross Island)

ေရာ့စ္ကြ်န္း (Ross Island)

ကုိမန္စေကာ့ၿမိဳ႕ (Kolmanskop)

နမ္မီးဘီးယားႏုိင္ငံ (Namibia) ေတာင္ပုိင္းမွာရွိတဲ့ ကုိမန္စေကာ့ၿမိဳ႕ (Kolmanskop) ဟာ ၁၉ဝဝခုႏွစ္ အေစာပုိင္းကာလေတြတုန္းက စည္ကားခဲ့တဲ့ၿမိဳ႕ျဖစ္ပါတယ္။ ၁၉ဝ၈ခုႏွစ္မွာ ဂ်ာမန္လူမ်ိဳးေတြက ကုိမန္စေကာ့ၿမိဳ႕ပတ္ဝန္းက်င္မွာ စိန္ထြက္တယ္လုိ႔ ယုံၾကည္တဲ့အတြက္ သူတုိ႔နဲ႔အတူ ဗိသုကာပညာရွင္ေတြ အလုပ္သမားေတြကုိ ေခၚလာခဲ့တဲ့အတြက္ လူဦးေရထူထပ္စည္ကားခဲ့ပါတယ္။ သဲကႏၱာရေတြျပည့္ေနတဲ့ ေတာင္အာဖရိကတုိက္ျဖစ္ေပမယ့္ ကုိမန္စေကာ့ၿမိဳ႕ကေတာ့ လွပလြန္းတဲ့ခန္းမေတြ အားကစားရုံေတြ ေက်ာင္းေတြ ေဆးရုံေတြနဲ႔ ျပည့္စုံေနခဲ့ပါတယ္။ ၁၉၃ဝခုႏွစ္ေတြမွာ စိန္အထြက္နည္းသြားခဲ့ၿပီး ကုိမန္စေကာ့ၿမိဳ႕နဲ႔ ၂၇ဝကီလုိမီတာ (၁၆၇.၇၇မုိင္) ကြာေဝးတဲ့ လိေမၼာ္ျမစ္ (Orange River) အနီး ကမ္းရုိးတန္းမွာ စိန္ထြက္တယ္လုိ႔ သတင္းႀကီးရာကေန ကုိမန္စေကာ့ၿမိဳ႕ကုိ စြန္႔ခြာခဲ့ၾကရာကေန ၁၉၅၄ခုႏွစ္မွာ လူတစ္ေယာက္မွ မရွိေတာ့ဘဲ ၿမိဳ႕ပ်က္ႀကီးျဖစ္ခဲ့ပါတယ္။

ကုိမန္စေကာ့ၿမိဳ႕ (Kolmanskop)

ကုိမန္စေကာ့ၿမိဳ႕ (Kolmanskop)

ခရာကုိၿမိဳ႕ (Craco)

အီတလီႏုိင္ငံ (Italy) မွာရွိတဲ့ ခရာကုိၿမိဳ႕ (Craco) ကုိေတာ့ ၈ရာစုကတည္းက တည္ေဆာက္ထားတဲ့ ေတာင္ေပၚၿမိဳ႕ေဟာင္းတစ္ခုျဖစ္ပါတယ္။ ေျမျပင္အထက္ ၁၃၁၂ေပအျမင့္ ေက်ာက္ကမ္းပါးထိပ္မွာ တည္ေဆာက္ထားတဲ့ၿမိဳ႕ျဖစ္ပါတယ္။ ၁၉၆၃ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ ေျမၿပိဳမႈ၊ ၁၉၇၂ခုႏွစ္မွာ ေရႀကီးမႈနဲ႔ ၁၉၈ဝခုႏွစ္မွာ ငလ်င္လႈပ္ခတ္မႈစတဲ့ သဘာဝေဘးအႏၱရာယ္ေတြေၾကာင့္သာ လူေတြက စြန္႔ခြာခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ အုိေဟာင္းေနတဲ့ ၿမိဳ႕ပ်က္ႀကီးတစ္ခုလုိ က်န္ေနၿပီး Virgin Mary ရုပ္တုကုိ ခရာကုိၿမိဳ႕မွာ မပ်က္စီးေသဘဲ ေလ့လာႏုိင္ပါတယ္။ လူမေနေတာ့တဲ့အတြက္ ရုပ္ရွင္သမားေတြအႀကိဳက္ျဖစ္ခဲ့ၿပီး “The Passion of The Christ” ဇာတ္ကားဟာ ခရာကုိၿမိဳ႕မွာ ရုိက္ကူးခဲ့တာျဖစ္ပါတယ္။

ခရာကုိၿမိဳ႕ (Craco)

ခရာကုိၿမိဳ႕ (Craco)

ကဲ . . . ဒါေတြကေတာ့ ကမၻာအရပ္ရပ္မွာရွိတဲ့ လူမေနတဲ့ၿမိဳ႕ေတြကုိ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာေရာ စိတ္ဝင္စားစရာေကာင္းတဲ့ၿမိဳ႕ေတြ ရွိေသးရဲ႕လား။ ဘာျဖစ္လုိ႔ စိတ္ဝင္စားစရာေကာင္းတာလဲဆုိတာ Comment မွာ ေရးသြားပါဦးေနာ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ္ဘာတစ်လွှားမှ သွေးပျက်ဖွယ်ရာ မြို့ဟောင်းကြီးများ

မြို့ဆိုတဲ့သဘောက လူနေအိမ်ထူထပ်ပြီးတော့ အသံဗလံပေါင်းစုံနဲ့ သစ်လွင်တောက်ပတဲ့အဆောက်အဦးတွေနဲ့ ပေါင်းစပ်ထားမှသာ ပနံရတဲ့သဘောပါ။ ဒါပေမယ့် တချို့မြို့တွေကျတော့ ကပ်ဆိုက်ပြီး လူတွေစွန့်ခွာသွားကြမယ်ဆိုရင် ခြောက်ခြားဖွယ်ရာအပြည့်နဲ့ မြို့ပျက်ကြီးသဖွယ် ကျန်ရစ်နေတော့မှာပါ။ အသည်းငယ်တဲ့သူအဖို့တော့ ဇာတိမြေကိုစွန့်ခွားသွားရတာပေါ့လေ။ ကမ္ဘာတစ်လွှားမှာ တစ္ဆေမြို့လို့တောင် တင်စားလို့ရတဲ့ ခြောက်ခြားဖွယ်ရာ မြို့ပျက်တွေအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြလိုက်ပါတယ်။

စိတ္တဇမြို့ပျက်ကြီး

စိတ္တဇမြို့ပျက်ကြီး

ပရစ်ရက်မြို့ (Pripyat)

ယူကရိန်းနိုင်ငံ (Ukraine) မြောက်ပိုင်းမှာရှိတဲ့ ပရစ်ရက်မြို့ (Pripyat) ဟာလည်း အရင်တုန်းကဆိုရင် လူဦးရေ၅သောင်းနဲ့ စည်ကားခဲ့တဲ့မြို့တစ်ခုဖြစ်ပါတယ်။ Chernobyl Nuclear Station ပေါက်ကွဲခဲ့တဲ့အခါ အဆိတ်ငွေ့ဖြာထွက်လာတဲ့အတွက် ၁၉၈၆ခုနှစ်မှာ မြို့ကိုစွန့်ခွာခဲ့ရပါတယ်။ အခုဆိုရင် ပရစ်ရက်မြို့ဟာ လူနေအိမ်ဟောင်း၊ ကစားကွင်းဟောင်း၊ ဓာတ်ငွေ့မျက်နှာဖုံးတွေပဲရှိပါတော့တယ်။ အခုချိန်မှာတော့ ဓာတ်ငွေ့ဖြာထွက်မှုလျော့ကျသွားပေမယ့် လူတစ်ယောက်မှ မနေတော့ဘဲ ဆေးရုံတွေ၊ စတိုးဆိုင်တွေ၊ အားကစားရုံတွေ၊ ရုပ်ရှင်ရုံတွေနဲ့ ကျောင်းတွေဟာလည်း ခြုံနွယ်ပိတ်ဖုံးလို့နေပါတယ်။

ပရစ်ရက်မြို့ (Pripyat)

ပရစ်ရက်မြို့ (Pripyat)

ဟာရှီမာကျွန်း (Hashima Island)

ဂျပန်နိုင်ငံ (Japan) နာဂါဆာကီမြို့ (Nagasaki) နဲ့ ၁၅ကီလိုမီတာ (၉.၃မိုင်) ပဲဝေးတဲ့ မာရှီမာကျွန်း (Hashima Island) ဟာဆိုရင် ရေအောက်မှာ ကျောက်မီးသွေးတွေ တူးဖော်ခဲ့ကြလို့ လူဦးရထူထပ်ခဲ့တဲ့ ကျွန်းပဲဖြစ်ပါတယ်။ ကျောက်မီးသွေးလုပ်သားတွေနဲ့ မိသားစုဝင်တွေ ပေါင်းလိုက်ရင် ၁၉၅၉ခုနှစ်မှာ လူဦးရေ ၅ထောင်အထိ ရှိခဲ့ပါတယ်။ ၁၉၆ဝခုနှစ်တွေမှာ ဂျပန်နိုင်ငံမှာ ကျောက်မီးသွေးအစား ဓာတ်ဆီကို အစားထိုးသုံးစွဲလာခဲ့ပါတယ်။ ၁၉၇၄ ဇန်နဝါရီလမှာ နာမည်ကျော်မော်တော်ကားကုမ္ပဏီဖြစ်တဲ့ မစ်ဆူဘီရှိမော်တာ (Mitsubishi Motors) ကလည်း ဟာရှီမာကျွန်းမှာ ကျောက်မီးသွေးတူးတာ ရပ်တန့်ဖို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၇၄ခုနှစ် ဧပြီလကနေစပြီး ဟာရှီမာကျွန်းမှာ လူတစ်ယောက်မှမရှိတော့ဘဲ အိုဟောင်းနေတဲ့တိုက်တာများသာ ကျန်ပါတော့တယ်။

ဟာရှီမာကျွန်း (Hashima Island)

ဟာရှီမာကျွန်း (Hashima Island)

ရော့စ်ကျွန်း (Ross Island)

အိန္ဒိယနိုင်ငံ (India) မှာရှိတဲ့ ရော့စ်ကျွန်း (Ross Island) ဟာဆိုရင်လည်း လူနေအဆောက်အဦးတွေကို သစ်ပင်တွေနဲ့ တွယ်ယှက်ပေါက်နေလို့ သရဲမြို့တော်လို့တောင် တင်စားရမလိုဖြစ်နေပါပြီ။ ၁၈၅၇ အိန္ဒိယတော်လှန်ရေးပြီးတဲ့အချိန်မှာ ဗြိတိသျှအစိုးရဟာ ရော့စ်ကျွန်းကို ရာဇဝတ်သားတွေပဲ သီးခြားထိန်းသိမ်းခဲ့သလို မျက်နှာဖြူတွေလည်း နေထိုင်ခဲ့ပါတယ်။ ရော့စ်ကျွန်းမှာ ကဇာတ်ရုံ၊ ကလပ်၊ ရေကူးကန်၊ ဥယျာဉ်ခြံတွေနဲ့ ၁၉၄၁ခုနှစ်အထိ လှပနေခဲ့ပါတယ်။ ၁၉၄၁ခုနှစ်မှာ မြေငလျင်လှုပ်ခတ်ခဲ့ရုံမက ဂျပန်နိုင်ငံလည်း ကျူးကျော်ခဲ့လို့ လူအများအပြား ရော့စ်ကျွန်းကို စွန့်ခွာပြေးခဲ့ရပါတယ်။ ရော့စ်ကျွန်းကို ဂျပန်-အိန္ဒိယ တစ်လှည့်စီပိုင်ဆိုင်ခဲ့ရာမှ ၁၉၇၉ရောက်မှသာ အိန္ဒိယရေတပ်ဖွဲ့က ပိုင်ဆိုင်ခဲ့ရပါတယ်။

ရော့စ်ကျွန်း (Ross Island)

ရော့စ်ကျွန်း (Ross Island)

ကိုမန်စကော့မြို့ (Kolmanskop)

နမ်မီးဘီးယားနိုင်ငံ (Namibia) တောင်ပိုင်းမှာရှိတဲ့ ကိုမန်စကော့မြို့ (Kolmanskop) ဟာ ၁၉ဝဝခုနှစ် အစောပိုင်းကာလတွေတုန်းက စည်ကားခဲ့တဲ့မြို့ဖြစ်ပါတယ်။ ၁၉ဝ၈ခုနှစ်မှာ ဂျာမန်လူမျိုးတွေက ကိုမန်စကော့မြို့ပတ်ဝန်းကျင်မှာ စိန်ထွက်တယ်လို့ ယုံကြည်တဲ့အတွက် သူတို့နဲ့အတူ ဗိသုကာပညာရှင်တွေ အလုပ်သမားတွေကို ခေါ်လာခဲ့တဲ့အတွက် လူဦးရေထူထပ်စည်ကားခဲ့ပါတယ်။ သဲကန္တာရတွေပြည့်နေတဲ့ တောင်အာဖရိကတိုက်ဖြစ်ပေမယ့် ကိုမန်စကော့မြို့ကတော့ လှပလွန်းတဲ့ခန်းမတွေ အားကစားရုံတွေ ကျောင်းတွေ ဆေးရုံတွေနဲ့ ပြည့်စုံနေခဲ့ပါတယ်။ ၁၉၃ဝခုနှစ်တွေမှာ စိန်အထွက်နည်းသွားခဲ့ပြီး ကိုမန်စကော့မြို့နဲ့ ၂၇ဝကီလိုမီတာ (၁၆၇.၇၇မိုင်) ကွာဝေးတဲ့ လိမ္မော်မြစ် (Orange River) အနီး ကမ်းရိုးတန်းမှာ စိန်ထွက်တယ်လို့ သတင်းကြီးရာကနေ ကိုမန်စကော့မြို့ကို စွန့်ခွာခဲ့ကြရာကနေ ၁၉၅၄ခုနှစ်မှာ လူတစ်ယောက်မှ မရှိတော့ဘဲ မြို့ပျက်ကြီးဖြစ်ခဲ့ပါတယ်။

ကိုမန်စကော့မြို့ (Kolmanskop)

ကိုမန်စကော့မြို့ (Kolmanskop)

ခရာကိုမြို့ (Craco)

အီတလီနိုင်ငံ (Italy) မှာရှိတဲ့ ခရာကိုမြို့ (Craco) ကိုတော့ ၈ရာစုကတည်းက တည်ဆောက်ထားတဲ့ တောင်ပေါ်မြို့ဟောင်းတစ်ခုဖြစ်ပါတယ်။ မြေပြင်အထက် ၁၃၁၂ပေအမြင့် ကျောက်ကမ်းပါးထိပ်မှာ တည်ဆောက်ထားတဲ့မြို့ဖြစ်ပါတယ်။ ၁၉၆၃ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှု၊ ၁၉၇၂ခုနှစ်မှာ ရေကြီးမှုနဲ့ ၁၉၈ဝခုနှစ်မှာ ငလျင်လှုပ်ခတ်မှုစတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့်သာ လူတွေက စွန့်ခွာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အိုဟောင်းနေတဲ့ မြို့ပျက်ကြီးတစ်ခုလို ကျန်နေပြီး Virgin Mary ရုပ်တုကို ခရာကိုမြို့မှာ မပျက်စီးသေဘဲ လေ့လာနိုင်ပါတယ်။ လူမနေတော့တဲ့အတွက် ရုပ်ရှင်သမားတွေအကြိုက်ဖြစ်ခဲ့ပြီး “The Passion of The Christ” ဇာတ်ကားဟာ ခရာကိုမြို့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ခရာကိုမြို့ (Craco)

ခရာကိုမြို့ (Craco)

ကဲ . . . ဒါတွေကတော့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူမနေတဲ့မြို့တွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရော စိတ်ဝင်စားစရာကောင်းတဲ့မြို့တွေ ရှိသေးရဲ့လား။ ဘာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတာလဲဆိုတာ Comment မှာ ရေးသွားပါဦးနော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။