This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အဂၤလန္နဲ႔ပြဲမွာ ပါဝင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနတဲ့ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ James Rodriguez

အဂၤလန္နဲ႔ ကစားမယ့္ ရံႈးထြက္ပြဲစဥ္မွာ ကိုလံဘီယာအသင္းအတြက္ ပြဲထြက္ကစားေပးဖို႔ ကြင္းလယ္လူ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ James Rodriguez ေမွ်ာ္လင့္ေနပါတယ္။ ေနာက္တစ္ဆင့္အတြက္ အေရးပါတဲ့ ပြဲစဥ္မွာ ႏိုင္ငံအသင္းအတြက္ ပြဲထြက္ကစားေပးဖို႔ ဂ်ိမ္းစ္ James က ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ အုပ္စုေနာက္ဆံုးပြဲစဥ္အျဖစ္ ဆီနီေဂါနဲ႔ ကစားခဲ့တဲ့ ပြဲမွာ ဒဏ္ရာျပႆနာေၾကာင့္ လူစားလဲခံခဲ့ရတဲ့ ကြင္းလယ္လူ ဂ်ိမ္းစ္ James ရဲ႕ ဒဏ္ရာကို စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီး စိုးရိမ္ဖြယ္မရွိေၾကာင္း ကိုလံဘီယာအသင္းက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဂ်ိမ္းစ္ James ရဲ႕ ဒဏ္ရာဟာ အေစာပိုင္းက ထြက္ေပၚေနတဲ့ သတင္းေတြလို ေျခသလံုးၾကြက္သားဒဏ္ရာမဟုတ္ဘဲ အေသးစားၾကြက္သားဒဏ္ရာသာျဖစ္ေၾကာင္းသိရပါတယ္။ ကိုလံဘီယာေဘာလံုးအဖြဲ႔ခ်ဳပ္က “ဂ်ိမ္းစ္ရဲ႕ ဒဏ္ရာကို စစ္ေဆးမႈေတြ ျပဳလုပ္ၿပီးတဲ့ အခ်ိန္မွာ စိုးရိမ္ဖြယ္ရာမရွိဘဲ အေပါ့စားဒဏ္ရာသာျဖစ္ပါတယ္”လို႔ တရားဝင္ သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

Colombia-star-player-Rodriguez

Colombia-star-player-Rodriguez

ၿပီးခဲ့တဲ့ စေနေန႔က ရူဘင္ကာဇန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ကိုလံဘီယာအသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြကုိ ဂ်ိမ္းစ္ James အေနနဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္ အဂၤလန္အသင္းနဲ႔ ပြဲစဥ္မွာ ပါဝင္ကစားႏိုင္ဖို႔ အသင္းက ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ ဂ်ိမ္းစ္ James သာ မပါဝင္ႏိုင္ခဲ့ပါက ဂ်ပန္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရတဲ့ ကြင္းလယ္လူ ကားလို႔စ္ဆန္းခ်က္ဇ္ Carlos Sanchez ကို ထည့္သြင္းအသံုးျပဳသြားဖို႔ရွိေနပါတယ္။ အဂၤါေန႔မွာ ကစားမယ့္ အဂၤလန္အသင္းနဲ႔ ရံႈးထြက္ပြဲစဥ္မွာ ဂ်ိမ္းစ္ James အသင္းအတြက္ ဝင္ေရာက္ကစားေပးဖို႔ ရွိေနေပမယ့္ လူစားဝင္ ကစားသမားအျဖစ္သာ အသင္းက အသံုးျပဳသြားဖို႔ ရွိေနပါတယ္။

REF:The Sun
Photo:Independent, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အင်္ဂလန်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez

အင်္ဂလန်နဲ့ ကစားမယ့် ရှုံးထွက်ပွဲစဉ်မှာ ကိုလံဘီယာအသင်းအတွက် ပွဲထွက်ကစားပေးဖို့ ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez မျှော်လင့်နေပါတယ်။ နောက်တစ်ဆင့်အတွက် အရေးပါတဲ့ ပွဲစဉ်မှာ နိုင်ငံအသင်းအတွက် ပွဲထွက်ကစားပေးဖို့ ဂျိမ်းစ် James က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆီနီဂေါနဲ့ ကစားခဲ့တဲ့ ပွဲမှာ ဒဏ်ရာပြဿနာကြောင့် လူစားလဲခံခဲ့ရတဲ့ ကွင်းလယ်လူ ဂျိမ်းစ် James ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး စိုးရိမ်ဖွယ်မရှိကြောင်း ကိုလံဘီယာအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဂျိမ်းစ် James ရဲ့ ဒဏ်ရာဟာ အစောပိုင်းက ထွက်ပေါ်နေတဲ့ သတင်းတွေလို ခြေသလုံးကြွက်သားဒဏ်ရာမဟုတ်ဘဲ အသေးစားကြွက်သားဒဏ်ရာသာဖြစ်ကြောင်းသိရပါတယ်။ ကိုလံဘီယာဘောလုံးအဖွဲ့ချုပ်က “ဂျိမ်းစ်ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့ အချိန်မှာ စိုးရိမ်ဖွယ်ရာမရှိဘဲ အပေါ့စားဒဏ်ရာသာဖြစ်ပါတယ်”လို့ တရားဝင် သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Colombia-star-player-Rodriguez

Colombia-star-player-Rodriguez

ပြီးခဲ့တဲ့ စနေနေ့က ရူဘင်ကာဇန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ကိုလံဘီယာအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို ဂျိမ်းစ် James အနေနဲ့ လွဲချော်ခဲ့ပေမယ့် အင်္ဂလန်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ အသင်းက မျှော်လင့်နေတာဖြစ်ပါတယ်။ ဂျိမ်းစ် James သာ မပါဝင်နိုင်ခဲ့ပါက ဂျပန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ ကွင်းလယ်လူ ကားလို့စ်ဆန်းချက်ဇ် Carlos Sanchez ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေပါတယ်။ အင်္ဂါနေ့မှာ ကစားမယ့် အင်္ဂလန်အသင်းနဲ့ ရှုံးထွက်ပွဲစဉ်မှာ ဂျိမ်းစ် James အသင်းအတွက် ဝင်ရောက်ကစားပေးဖို့ ရှိနေပေမယ့် လူစားဝင် ကစားသမားအဖြစ်သာ အသင်းက အသုံးပြုသွားဖို့ ရှိနေပါတယ်။

REF:The Sun
Photo:Independent, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com