မိုဘိုင်းအင်တာနက်ကို ဘယ်လိုမျိုး သက်သာအောင် ရွေးချယ်ကြမလဲ?

စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ အင်တာနက်အသုံးပြုမှုအများဆုံးသော စက်ပစ္စည်းတွေဖြစ်လာသလိုပဲ ဆက်သွယ်ရေးအော်ပရေတာတွေကလည်း မိုဘိုင်းအင်တာနက်ဆိုင်ရာ Package တွေကိုပါ အမျိုးမျိုးရောင်းချလာကြတာပဲဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ ဘယ်လိုမျိုး အင်တာနက် Package တွေက ဝယ်ယူအသုံးပြုဖို့အတွက် တန်သလဲ၊ ဒါမှမဟုတ် အင်တာနက် Package ဝယ်ယူတာကနေ ဘယ်လိုမျိုး ပြန်ရမယ့် ဝန်ဆောင်မှုတွေရှိမလဲဆိုတာကို အနည်းငယ်လေ့လာကြည့်ရအောင်လား။

အရင်ဆုံးကတော့ အင်တာနက် Package တွေဝယ်ယူမယ်ဆိုရင် Cashback ပြန်လည်ရရှိတဲ့ အော်ပရေတာကို အရင်ဆုံး ရှာပြီးအသုံးပြုရမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Ooredoo ကပဲ Hottest Data Pack တွေနဲ့ Cashback Bonus ပြန်ရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ်က ဖုန်းဘေထည့်ပြီးပြီးချင်း အင်တာနက် Package ဝယ်လိုက်လို့ ထည့်လိုက်တဲ့ ဖုန်းဘေကုန်သွားတာမျိုးမဖြစ်အောင် အခု Ooredoo ရဲ့ Hottest Data Package တွေအကြောင်းကို အနည်းငယ်ပြောပြသွားချင်ပါတယ်။

Ooredoo ကနေ အခုလိုမျိုး Hottest Data Package တွေကို အခြားသောအော်ပရေတာတွေလိုမျိုးပဲ Internet Package တွေကို ဝယ်ယူလို့ရနေသလိုပဲ အချို့သော လူသုံးများပြားတဲ့ Package တွေဝယ်ယူမယ်ဆိုရင် Cashback ပြန်လည်ရရှိနေတာက ထူးခြားချက်ဖြစ်ပါတယ်။ အဲ့ဒါကလည်း ဥပမာ 2900MB ကို 4,999 ကျပ်နဲ့ ဝယ်ယူလိုက်ပေမယ့် ငွေကျပ် 3,000 လောက်ပဲ ပြန်ရတာမျိုးမဟုတ်ပဲ ဝယ်ယူလိုက်တဲ့ ပမာဏအတိုင်း 5,000 ကျပ်ပြန်လည်ရရှိတာပဲဖြစ်ပါတယ်။ အဆိုပါ Cashback Bonus ကိုတော့ Pay As You Go အစီအစဉ်နဲ့ပဲ ၇ ရက်သက်တမ်းနဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Ooredoo ရဲ့ လက်ရှိရရှိနိုင်နေတဲ့ Hottest Data Pack တွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။

Akhayar ပရိသတ်ကြီးအနေနဲ့ရော အခုလိုမျိုး အင်တာနက်ကို Package ဝယ်ယူပြီးအသုံးပြုနေတဲ့သူတွေရှိပါသလား? အခုလို Cashback ပြန်ရတဲ့အတွက်ကြောင့် Ooredoo ရဲ့ Hottest Data Package က အခြား အော်ပရေတာတွေနဲ့ ယှဉ်ရင် တန်နေတယ်လို့ ယူဆမိသလားဆိုတာကိုလည်း အမြင်တွေကို ပြန်လည်ဝေမျှခဲ့ပါဦး။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]