[Zawgyi]

ဂ်ာနယ္လစ္ Jamal Khashoggi ကို စစ္ေၾကာေရးလုပ္ရင္း ေသဆံုးရတယ္လို႔ ထုတ္ျပန္ဖို႔ စီစဥ္ေနတဲ့ ေဆာ္ဒီ

ေဆာ္ဒီဂ်ာနယ္လစ္ Jamal Khashoggi ေသဆံုးမႈဟာ စစ္ေၾကာေရးလုပ္ရင္း ေသဆံုးရတာ ျဖစ္တယ္လို႔ ထုတ္ျပန္ဖို႔ ေဆာ္ဒီႏုိင္ငံဟာ အစီရင္ခံစာတစ္ေစာင္ျပင္ဆင္ေနတယ္လို႔ CNN ရဲ႕ သတင္းအရသိရပါတယ္။

Jamal Khashoggi

Jamal Khashoggi

သတင္းရင္းျမစ္တစ္ခုကေတာ့ အဲ့ဒီအစီရင္ခံစာဟာ ရွင္းလင္းျပတ္သားမႈနဲ႔ ပြင့္လင္းျမင္သာမႈမရွိဘဲ ထြက္ေပၚလာဖြယ္ရွိျပီး တာဝန္ယူ၊တာဝန္ခံမယ့္သူလည္း ပါလာဖြယ္မရွိဘူးလို႔ ဆိုခဲ့ပါတယ္။

The Washington Post ရဲ႕ ေကာ္လံစား သတင္းသမားလည္း ျဖစ္တဲ့ Jamal Khashoggi ကို ေနာက္ဆံုးျမင္လုိက္ၾကတဲ့ေနရာကေတာ့ တူရကီႏုိင္ငံ၊ အစၥတန္ဘူလ္မွာရွိတဲ့ ေဆာ္ဒီေကာင္စစ္ဝန္ရံုးထဲကို ေအာက္တိုဘာလ ၂ ရက္ေန႔က ဝင္သြားခဲ့တာ ျဖစ္ပါတယ္။ ေရွ႕ရက္ေတြတုန္းက ေဆာ္ဒီအာဏာပိုင္ေတြဟာ Khashoggi တစ္ေယာက္ ေကာင္စစ္ဝန္ရံုးကေန ေန႔လည္ပိုင္းမွာ ျပန္ထြက္သြားတယ္လို႔ ေျပာဆိုခဲ့ေပမယ့္ ဘာသက္ေသအေထာက္အထားမွေတာ့ မရွိခဲ့ပါဘူး။ Khashoggi ရဲ႕ ဇနီးေလာင္း Hatice Cengiz ကေတာ့ Khashoggi ကို ေကာင္စစ္ဝန္ရံုးအျပင္မွာ ေစာင့္ေနခဲ့ျပီး သူျပန္ထြက္လာတာကို မေတြ႔ရဘူးလို႔ ဆိုပါတယ္။

Khashoggi ေပ်ာက္ဆံုးမႈဟာ ေဆာ္ဒီအာေရဗ်ႏုိင္ငံနဲ႔ အေနာက္ႏုိင္ငံေတြၾကားမွာ သံတမန္ေရးရာ ထိခို္က္မႈျဖစ္ေစခဲ့ပါတယ္။ ေဆာ္ဒီနဲ႔ အေနာက္ႏုိင္ငံေတြတင္မဟုတ္ဘဲ ေဆာ္ဒီႏုိင္ငံနဲ႔ တူရကီႏုိင္ငံၾကားထဲမွာလည္း ဆက္ဆံေရးထိခုိက္မႈေတြ ျဖစ္ေစခဲ့ျပီး ဒီကိစၥကို စံုစမ္းစစ္ေဆးရာမွာ ေဆာ္ဒီႏုိင္ငံရဲ႕ ပ်က္ကြက္မႈကို တူရကီက စြပ္စြဲျပစ္တင္ခဲ့ပါတယ္။

တူရကီအာဏာပိုင္ေတြဟာ ေရွ႕ပိုင္းမွာ Khashoggi ရဲ႕ ေပ်ာက္ဆံုးမႈနဲ႔ ဆက္စပ္ႏုိင္တဲ့ ေဆာ္ဒီႏုိ္င္ငံသား ၁၅ ေယာက္ဟာ ေအာက္တိုဘာလ ၂ ရက္က တူရကီႏုိင္ငံကို လာေရာက္ခဲ့တယ္လို႔ ဆုိခဲ့ျပီး သူတို႔ထဲက တခ်ိဳ႕ဟာ ေဆာ္ဒီအစိုးရနဲ႔ အဆက္အစပ္ၾကီးၾကီး ရွိတဲ့သူေတြ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ျပီးခဲ့တဲ့ ေသာၾကာေန႔မွာေတာ့ စံုစမ္းရွာေဖြမႈေတြအရ တူရကီအာဏာပိုင္ေတြဆီမွာ ဂ်ာနယ္လစ္ Khashoggi တစ္ေယာက္ ေကာင္စစ္ဝန္ရံုးထဲမွာ အသတ္ခံရေၾကာင္း အရုပ္၊ အသံ သက္ေသေတြ ရွိေနျပီလို႔ ဆိုခဲ့ပါတယ္။

CNN သတင္းေထာက္ေတြ ျမင္ေတြ႔ခဲ့တာကေတာ့ တူရကီ စံုစမ္းစစ္ေဆးသူေတြနဲ႔ မႈခင္းေဆးပညာအရာရွိေတြဟာ အစၥတန္ဘူလ္မွာရွိတဲ့ ေဆာ္ဒီေကာင္စစ္ဝန္ရံုးထဲကို ဝင္ေရာက္ရွာေဖြခြင့္ရခဲ့ပါတယ္။

တနလၤာေန႔မနက္ပိုင္းမွာေတာ့ သမၼတၾကီး Donald Trump နဲ႔ ေဆာ္ဒီအာေရဗ်ဘုရင္ King Salman တို႔ဟာ ဒီကိစၥအတြက္ ဖုန္းေျပာခဲ့ၾကျပီး King Salman ကေတာ့ သူတို႔ ဒီကိစၥကို ဘာမွ မသိဘူးလို႔ ဆိုခဲ့ပါတယ္။

King Salman

King Salman

သမၼတၾကီး Donald Trumph ကိုယ္တုိင္ကလည္း Khashoggi ရဲ႕ ျဖစ္ရပ္ကို အတြင္းက်က်သိခ်င္ေနျပီး တူရကီနဲ႔ ေဆာ္ဒီအာေရဗ်ႏွစ္ႏုိင္ငံပူးေပါင္းလုပ္ေဆာင္ေနၾကတယ္လို႔လည္း သူသိထားတယ္လို႔လည္းဆုိပါတယ္။
ဂ်ာနယ္လစ္ Jamal Khashoggi  ေပ်ာက္ဆံုးမႈကေတာ့ လက္ရွိမွာ အရမး္ကို စိတ္ဝင္စားစရာေကာင္းေနျပီး မၾကာခင္အခ်ိန္မွာ အျဖဴအမည္းသဲကြဲေတာ့မယ္လို႔ ထင္ပါတယ္။
Yoe Lu (Akhayar)
Source : CNN.com

[Unicode]

ဂျာနယ်လစ် Jamal Khashoggi ကို စစ်ကြောရေးလုပ်ရင်း သေဆုံးရတယ်လို့ ထုတ်ပြန်ဖို့ စီစဉ်နေတဲ့ ဆော်ဒီ

ဆော်ဒီဂျာနယ်လစ် Jamal Khashoggi သေဆုံးမှုဟာ စစ်ကြောရေးလုပ်ရင်း သေဆုံးရတာ ဖြစ်တယ်လို့ ထုတ်ပြန်ဖို့ ဆော်ဒီနိုင်ငံဟာ အစီရင်ခံစာတစ်စောင်ပြင်ဆင်နေတယ်လို့ CNN ရဲ့ သတင်းအရသိရပါတယ်။

Jamal Khashoggi

Jamal Khashoggi

သတင်းရင်းမြစ်တစ်ခုကတော့ အဲ့ဒီအစီရင်ခံစာဟာ ရှင်းလင်းပြတ်သားမှုနဲ့ ပွင့်လင်းမြင်သာမှုမရှိဘဲ ထွက်ပေါ်လာဖွယ်ရှိပြီး တာဝန်ယူ၊တာဝန်ခံမယ့်သူလည်း ပါလာဖွယ်မရှိဘူးလို့ ဆိုခဲ့ပါတယ်။

The Washington Post ရဲ့ ကော်လံစား သတင်းသမားလည်း ဖြစ်တဲ့ Jamal Khashoggi ကို နောက်ဆုံးမြင်လိုက်ကြတဲ့နေရာကတော့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို အောက်တိုဘာလ ၂ ရက်နေ့က ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ရှေ့ရက်တွေတုန်းက ဆော်ဒီအာဏာပိုင်တွေဟာ Khashoggi တစ်ယောက် ကောင်စစ်ဝန်ရုံးကနေ နေ့လည်ပိုင်းမှာ ပြန်ထွက်သွားတယ်လို့ ပြောဆိုခဲ့ပေမယ့် ဘာသက်သေအထောက်အထားမှတော့ မရှိခဲ့ပါဘူး။ Khashoggi ရဲ့ ဇနီးလောင်း Hatice Cengiz ကတော့ Khashoggi ကို ကောင်စစ်ဝန်ရုံးအပြင်မှာ စောင့်နေခဲ့ပြီး သူပြန်ထွက်လာတာကို မတွေ့ရဘူးလို့ ဆိုပါတယ်။

Khashoggi ပျောက်ဆုံးမှုဟာ ဆော်ဒီအာရေဗျနိုင်ငံနဲ့ အနောက်နိုင်ငံတွေကြားမှာ သံတမန်ရေးရာ ထိခိုက်မှုဖြစ်စေခဲ့ပါတယ်။ ဆော်ဒီနဲ့ အနောက်နိုင်ငံတွေတင်မဟုတ်ဘဲ ဆော်ဒီနိုင်ငံနဲ့ တူရကီနိုင်ငံကြားထဲမှာလည်း ဆက်ဆံရေးထိခိုက်မှုတွေ ဖြစ်စေခဲ့ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးရာမှာ ဆော်ဒီနိုင်ငံရဲ့ ပျက်ကွက်မှုကို တူရကီက စွပ်စွဲပြစ်တင်ခဲ့ပါတယ်။

တူရကီအာဏာပိုင်တွေဟာ ရှေ့ပိုင်းမှာ Khashoggi ရဲ့ ပျောက်ဆုံးမှုနဲ့ ဆက်စပ်နိုင်တဲ့ ဆော်ဒီနိုင်ငံသား ၁၅ ယောက်ဟာ အောက်တိုဘာလ ၂ ရက်က တူရကီနိုင်ငံကို လာရောက်ခဲ့တယ်လို့ ဆိုခဲ့ပြီး သူတို့ထဲက တချို့ဟာ ဆော်ဒီအစိုးရနဲ့ အဆက်အစပ်ကြီးကြီး ရှိတဲ့သူတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ စုံစမ်းရှာဖွေမှုတွေအရ တူရကီအာဏာပိုင်တွေဆီမှာ ဂျာနယ်လစ် Khashoggi တစ်ယောက် ကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံရကြောင်း အရုပ်၊ အသံ သက်သေတွေ ရှိနေပြီလို့ ဆိုခဲ့ပါတယ်။

CNN သတင်းထောက်တွေ မြင်တွေ့ခဲ့တာကတော့ တူရကီ စုံစမ်းစစ်ဆေးသူတွေနဲ့ မှုခင်းဆေးပညာအရာရှိတွေဟာ အစ္စတန်ဘူလ်မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို ဝင်ရောက်ရှာဖွေခွင့်ရခဲ့ပါတယ်။

တနင်္လာနေ့မနက်ပိုင်းမှာတော့ သမ္မတကြီး Donald Trump နဲ့ ဆော်ဒီအာရေဗျဘုရင် King Salman တို့ဟာ ဒီကိစ္စအတွက် ဖုန်းပြောခဲ့ကြပြီး King Salman ကတော့ သူတို့ ဒီကိစ္စကို ဘာမှ မသိဘူးလို့ ဆိုခဲ့ပါတယ်။

King Salman

King Salman

သမ္မတကြီး Donald Trumph ကိုယ်တိုင်ကလည်း Khashoggi ရဲ့ ဖြစ်ရပ်ကို အတွင်းကျကျသိချင်နေပြီး တူရကီနဲ့ ဆော်ဒီအာရေဗျနှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်နေကြတယ်လို့လည်း သူသိထားတယ်လို့လည်းဆိုပါတယ်။
ဂျာနယ်လစ် Jamal Khashoggi  ပျောက်ဆုံးမှုကတော့ လက်ရှိမှာ အရမ်းကို စိတ်ဝင်စားစရာကောင်းနေပြီး မကြာခင်အချိန်မှာ အဖြူအမည်းသဲကွဲတော့မယ်လို့ ထင်ပါတယ်။
Yoe Lu (Akhayar)
Source : CNN.com