This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အီဂ်စ္ကို အႏိုင္ယူၿပီး (၂၄)ႏွစ္အၾကာ ကမၻာ႔ဖလားႏိုင္ပြဲ ေပ်ာက္ဆံုးမႈကို ရပ္တန္႔ခဲ့တဲ့ ေဆာ္ဒီအသင္း

၁၉၉၄ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယံအသင္းကို (၁-၀)ဂိုးနဲ႔ အႏိုင္ရၿပီး ေနာက္ပိုင္း ကမၻာ႔ဖလားၿပိဳင္ပြဲမွာ (၂၄)ႏွစ္ၾကာ ႏိုင္ပြဲ ေပ်ာက္ဆံုးေနမႈကို အီဂ်စ္အသင္းနဲ႔ ပြဲစဥ္မွာေတာ့ ေဆာ္ဒီအသင္း ရပ္တန္႔ပစ္ႏိုင္ခဲ့တယ္။ (၂)သင္းစလံုး ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ ေမွ်ာ္လင့္ခ်က္မရွိေတာ့ေပမယ့္ ဂုဏ္သိကၡာပိုင္းအတြက္ အေကာင္းဆံုး ျပင္ဆင္လာၾကတယ္။ အုပ္စုေနာက္ဆံုးပြဲမွာ ကမၻာ႔ဖလားမွတ္တမ္းတစ္ခု ရယူႏိုင္ဖို႔အတြက္ အီဂ်စ္အသင္း အသက္ (၄၅)ႏွစ္အရြယ္ရွိ ဝါရင့္ဂိုးသမား အယ္လ္ဟာဒရီကို ပြဲထြက္လူစာရင္းမွာ အသံုးျပဳကာ ကမၻာ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ အသက္အႀကီးဆံုး ကစားသမားအျဖစ္ မွတ္တမ္းတင္ေစခဲ့တယ္။

El-Hadary-save-panelty-kick

El-Hadary-save-panelty-kick

ပြဲအစပိုင္းမွာ မိနစ္ေတြမွာ (၂)သင္းစလံုး အမွားေစာင့္ကစားေနခဲ့လို႔ ပြဲကေအးေနခဲ့ၿပီး ပြဲကစားခ်ိန္ (၂၂)အေရာက္မွာေတာ့ အီဂ်စ္အသင္းက ဦးေဆာင္ဂိုး စတင္ရရွိခဲ့တယ္။ ကြင္းလယ္ကေန ေတာင္ပံတိုက္စစ္ကစားသမား အယ္လ္ဆက္ဒ္ ဖန္တီးေပးလုိက္တဲ့ ေဘာလံုးကို ဆာလာက ေရွ႕ေျပးထြက္လာတဲ့ ေဆာ္ဒီဂိုးသမားကို အသာအယာမၿပီး ကန္သြင္းေပးခဲ့တယ္။ ဆာလာရဲ႕ သြင္းဂိုးဟာ အီဂ်စ္အသင္းအတြက္ ၁၉၄၃ ကမၻာ႔ဖလားေနာက္ပိုင္း Open play ကေန ရရွိခဲ့တဲ့ သြင္းဂိုးအျဖစ္လည္း မွတ္တမ္းဝင္ခဲ့တယ္။ ပြဲကစားခ်ိန္ (၄၁)မိနစ္အေရာက္မွာ အီဂ်စ္ညာေနာက္ခံလူ အာမက္ဖာသီ ဂိုးဧရိယာအတြင္း လက္နဲ႔ ထိခဲ့လို႔ ေဆာ္ဒီအသင္း ပယ္နယ္တီ ကန္ခြင့္ရရွိခဲ့ၿပီး တိုက္စစ္မွဴး အယ္လ္မူဝါလတ္ဒ္ရဲ႕ ကန္ခ်က္ကို အီဂ်စ္ဂိုးသမား အယ္ဟာဒရီက လက္စြမ္းျပကာကြယ္ႏိုင္ခဲ့တယ္။ ေဆာ္ဒီအသင္း ပယ္နယ္တီအခြင့္အေရးကို လြဲေခ်ာ္ခဲ့ေပမယ့္ ေနာက္ထပ္ (၅)မိနစ္အၾကာမွာပဲ ပယ္နယ္တီ ထပ္မံရရွိခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ကြင္းလယ္လူ အယ္ဖာရက္ဂ်္က အမွားအယြင္းမရွိ ကန္သြင္းႏိုင္ခဲ့တယ္။ ပထမပိုင္းၿပီးဆံုးခ်ိန္မွာေတာ့ (၁-၁)ဂိုးရလဒ္နဲ႔ပဲ ပြဲၿပီးဆံုးခဲ့တယ္။

Salah-lifted-a-fine-finish-over-the-goalkeeper

Salah-lifted-a-fine-finish-over-the-goalkeeper

ဒုတိယပိုင္းမွာေတာ့ (၂)သင္းစလံုး ႏိုင္ပြဲအတြက္ တိုက္စစ္ျမွင့္တင္လာခဲ့ၿပီး အပိုင္ဂိုးသြင္းခြင့္ေတြရရွိခဲ့ေပမယ့္ (၂)ဘက္တိုက္စစ္မွဴးေတြ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့လို႔ ပြဲက သေရရလဒ္ဆီဦးတည္လာခဲ့တယ္။ မိနစ္ (၉၀)ျပည့္လို႔ နာက်ဥ္အခ်ိန္ပို (၅)မိနစ္အေရာက္မွာေတာ့ ေဆာ္ဒီအသင္း ေနာက္ဆံုး ရရွိတဲ့ အခြင့္အေရးကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ၿပီး ကမၻာ႔ဖလားမွတ္တမ္းဆိုးကို ေခ်ဖ်က္ျပႏိုင္ခဲ့တယ္။ ေတာင္ပံတိုက္စစ္ ကစားသမား အယ္လ္ေဒၚဆာရီက ဂိုးဧရိယာအတြင္း ရရွိတဲ့ ေဘာလံုးကို Volley ကန္သြင္းကာ အသင္းအတြက္ အႏိုင္ဂိုးကို ပြဲၿပီးဖို႔ စကၠန္႔ပိုင္းအလိုမွာ သြင္းယူေပးႏိုင္ခဲ့တယ္။ ေဆာ္ဒီအသင္းဟာ အီဂ်စ္အသင္းကို အႏိုင္ရရွိခဲ့လို႔ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အာရပ္အသင္းေတြနဲ႔ ရင္ဆိုင္ရတိုင္း ရံႈးပြဲမရွိတဲ့ မွတ္တမ္းေကာင္းကို ဆက္ထိန္းႏိုင္ခဲ့သလို ရမွတ္ (၃)မွတ္နဲ႔ အုပ္စုတတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဒီေန႔ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကိုေတာ့ အီဂ်စ္အသင္းအတြက္ အဖြင့္ဂိုးသြင္းယူေပးခဲ့သလို ေဆာ္ဒီခံစစ္ကုိ အလုပ္ရႈပ္ေစခဲ့တဲ့ တိုက္စစ္မွဴး ဆာလာက ရရွိခဲ့ပါတယ္။

Photo:SFGate, Evening Standard, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အီဂျစ်ကို အနိုင်ယူပြီး (၂၄)နှစ်အကြာ ကမ္ဘာ့ဖလားနိုင်ပွဲ ပျောက်ဆုံးမှုကို ရပ်တန့်ခဲ့တဲ့ ဆော်ဒီအသင်း

၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရပြီး နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၂၄)နှစ်ကြာ နိုင်ပွဲ ပျောက်ဆုံးနေမှုကို အီဂျစ်အသင်းနဲ့ ပွဲစဉ်မှာတော့ ဆော်ဒီအသင်း ရပ်တန့်ပစ်နိုင်ခဲ့တယ်။ (၂)သင်းစလုံး နောက်တစ်ဆင့်တက်ရောက်ဖို့ မျှော်လင့်ချက်မရှိတော့ပေမယ့် ဂုဏ်သိက္ခာပိုင်းအတွက် အကောင်းဆုံး ပြင်ဆင်လာကြတယ်။ အုပ်စုနောက်ဆုံးပွဲမှာ ကမ္ဘာ့ဖလားမှတ်တမ်းတစ်ခု ရယူနိုင်ဖို့အတွက် အီဂျစ်အသင်း အသက် (၄၅)နှစ်အရွယ်ရှိ ဝါရင့်ဂိုးသမား အယ်လ်ဟာဒရီကို ပွဲထွက်လူစာရင်းမှာ အသုံးပြုကာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်စေခဲ့တယ်။

El-Hadary-save-panelty-kick

El-Hadary-save-panelty-kick

ပွဲအစပိုင်းမှာ မိနစ်တွေမှာ (၂)သင်းစလုံး အမှားစောင့်ကစားနေခဲ့လို့ ပွဲကအေးနေခဲ့ပြီး ပွဲကစားချိန် (၂၂)အရောက်မှာတော့ အီဂျစ်အသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့တယ်။ ကွင်းလယ်ကနေ တောင်ပံတိုက်စစ်ကစားသမား အယ်လ်ဆက်ဒ် ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ဆာလာက ရှေ့ပြေးထွက်လာတဲ့ ဆော်ဒီဂိုးသမားကို အသာအယာမပြီး ကန်သွင်းပေးခဲ့တယ်။ ဆာလာရဲ့ သွင်းဂိုးဟာ အီဂျစ်အသင်းအတွက် ၁၉၄၃ ကမ္ဘာ့ဖလားနောက်ပိုင်း Open play ကနေ ရရှိခဲ့တဲ့ သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။ ပွဲကစားချိန် (၄၁)မိနစ်အရောက်မှာ အီဂျစ်ညာနောက်ခံလူ အာမက်ဖာသီ ဂိုးဧရိယာအတွင်း လက်နဲ့ ထိခဲ့လို့ ဆော်ဒီအသင်း ပယ်နယ်တီ ကန်ခွင့်ရရှိခဲ့ပြီး တိုက်စစ်မှူး အယ်လ်မူဝါလတ်ဒ်ရဲ့ ကန်ချက်ကို အီဂျစ်ဂိုးသမား အယ်ဟာဒရီက လက်စွမ်းပြကာကွယ်နိုင်ခဲ့တယ်။ ဆော်ဒီအသင်း ပယ်နယ်တီအခွင့်အရေးကို လွဲချော်ခဲ့ပေမယ့် နောက်ထပ် (၅)မိနစ်အကြာမှာပဲ ပယ်နယ်တီ ထပ်မံရရှိခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ကွင်းလယ်လူ အယ်ဖာရက်ဂျ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တယ်။ ပထမပိုင်းပြီးဆုံးချိန်မှာတော့ (၁-၁)ဂိုးရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့တယ်။

Salah-lifted-a-fine-finish-over-the-goalkeeper

Salah-lifted-a-fine-finish-over-the-goalkeeper

ဒုတိယပိုင်းမှာတော့ (၂)သင်းစလုံး နိုင်ပွဲအတွက် တိုက်စစ်မြှင့်တင်လာခဲ့ပြီး အပိုင်ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမယ့် (၂)ဘက်တိုက်စစ်မှူးတွေ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ ပွဲက သရေရလဒ်ဆီဦးတည်လာခဲ့တယ်။ မိနစ် (၉၀)ပြည့်လို့ နာကျဉ်အချိန်ပို (၅)မိနစ်အရောက်မှာတော့ ဆော်ဒီအသင်း နောက်ဆုံး ရရှိတဲ့ အခွင့်အရေးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားမှတ်တမ်းဆိုးကို ချေဖျက်ပြနိုင်ခဲ့တယ်။ တောင်ပံတိုက်စစ် ကစားသမား အယ်လ်ဒေါ်ဆာရီက ဂိုးဧရိယာအတွင်း ရရှိတဲ့ ဘောလုံးကို Volley ကန်သွင်းကာ အသင်းအတွက် အနိုင်ဂိုးကို ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုမှာ သွင်းယူပေးနိုင်ခဲ့တယ်။ ဆော်ဒီအသင်းဟာ အီဂျစ်အသင်းကို အနိုင်ရရှိခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရပ်အသင်းတွေနဲ့ ရင်ဆိုင်ရတိုင်း ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့သလို ရမှတ် (၃)မှတ်နဲ့ အုပ်စုတတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ အီဂျစ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သလို ဆော်ဒီခံစစ်ကို အလုပ်ရှုပ်စေခဲ့တဲ့ တိုက်စစ်မှူး ဆာလာက ရရှိခဲ့ပါတယ်။

Photo:SFGate, Evening Standard, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com