This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အိမ္ျဖည့္အသင္းဆိုတဲ့ မွတ္တမ္းဆိုးကို ေခ်ဖ်က္ရမယ့္ ေဆာ္ဒီအာေရဗ်အသင္း

ေဆာ္ဒီအာေရဗ်
အာရွတိုက္ရဲ႕ အစိမ္းေရာင္ သိမ္းငွက္ေတြလို႔ နာမည္ေျပာင္ ရထားတဲ့ ေဆာ္ဒီအသင္းကေတာ့ က်ဆင္းလာတဲ့ အသင္းပံုရိပ္ေတြကို ကမၻာ႔ဖလားၿပိဳင္ပြဲ ေျခစစ္ပြဲေအာင္ျမင္မႈနဲ႔ ျပန္လည္ ေခ်ဖ်က္ႏိုင္ခဲ့တဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ အာရွတိုက္ကိုယ္စားျပဳအသင္းေတြဟာ အိမ္ျဖည့္အသင္း အဆင့္ေလာက္သာရွိတဲ့ အစဥ္အလာအတိုင္း ေဆာ္ဒီအသင္းကလည္း ကမၻာ႔ဖလားၿပိဳင္ပြဲကို ၁၉၉၄ ကေန ၂၀၀၆ အထိ (၄)ႀကိမ္ဆက္ ၀င္ေရာက္ ယွဥ္ၿပိဳင္ခြင့္ ရခဲ့ေပမယ့္ ၁၉၉၄ ၿပိဳင္ပြဲ တစ္ႀကိမ္သာ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းက စပိန္လက္ေရြးစင္ တိုက္စစ္မွဴးေဟာင္း ပစ္ဇီကို နည္းျပအျဖစ္ ခန္႔အပ္ခဲ့ေပမယ့္ အသင္းရဲ႕ ရလဒ္ပိုင္းေတြက ထင္သေလာက္ ေကာင္းမြန္ျခင္းမရွိတဲ့ အသင္းျဖစ္ပါတယ္။ ႏိုင္ပြဲထက္ ရံႈးပြဲပိုမ်ားေနတဲ့ နည္းျပပစ္ဇီ အသင္းကို အတိုင္းအတာတစ္ခုအထိ ေအာင္ျမင္ေအာင္ စြမ္းေဆာင္ႏိုင္ပါ့မလား ေစာင့္ၾကည့္သြားရမယ့္ အသင္းျဖစ္ပါတယ္။

Saudi-National-Football-Team-Celebrations

Saudi-National-Football-Team-Celebrations

ကမၻာ႔ဖလားသမိုင္းေၾကာင္း
ကမၻာ႔ဖလားၿပိဳင္ပြဲကို ပထမဆံုးအႀကိမ္ ေျခစစ္ပြဲ ေအာင္ျမင္တဲ့ ၁၉၉၄ ၿပိဳင္ပြဲမွာ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ၿပီး ရံႈးထြက္ေရာက္ခဲ့တာက ေဆာ္ဒီရဲ႕ အျမင့္ဆံုး ေအာင္ျမင္မႈ ျဖစ္ပါတယ္။ ၁၉၉၄ ၿပိဳင္ပြဲအၿပီး ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆ ၿပိဳင္ပြဲေတြမွာ ဆက္တိုက္၀င္ေရာက္ ယွဥ္ၿပိဳင္ခြင့္ရခဲ့ေပမယ့္ အုပ္စုအဆင့္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ ဒီ (၃)ႀကိမ္စလံုးမွာလည္း အုပ္စုတြင္း ႏိုင္ပြဲ တစ္ပြဲမွ မရတဲ့အထိ ေဆာ္ဒီအသင္းရဲ႕ ေျခစြမ္းပိုင္းက ဆိုးရြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၀ နဲ႔ ၂၀၁၄ ၿပိဳင္ပြဲေတြမွာေတာ့ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့ျခင္း မရွိပါဘူး။

ကမၻာ့ဖလားေျခစစ္ပြဲ ျဖတ္သန္းခဲ့မႈ
ေျခစစ္ပြဲအဆင့္မွာ ဂ်ပန္၊ ၾသစေၾတးလ်၊ ယူေအအီးနဲ႔ အီရတ္လိုအသင္းေတြနဲ႔ တစ္အုပ္စုတည္း က်ေရာက္ခဲ့ၿပီး ဂ်ပန္အသင္းရဲ႕ေနာက္ အုပ္စု ဒုတိယေနရာကို ရယူကာ တိုက္ရိုက္ေျခစစ္ပြဲ ေအာင္ျမင္ခဲ့ပါတယ္။ အုပ္စု ေနာက္ဆံုးပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ဂ်ပန္အသင္းနဲ႔ ပြဲစဥ္မွာ ႏိုင္ပြဲရယူႏိုင္ခဲ့လို႔သာ ၾသစေၾတးလ်အသင္းကို ေက်ာ္ျဖတ္ၿပီး တိုက္ရိုက္ေျခစစ္ပြဲ ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။ ေျခစစ္ပြဲအဆင့္မွာ (၁၀)ပြဲ ကစားခဲ့ရၿပီး (၆)ပြဲႏိုင္၊ (၁)ပြဲသေရ၊ (၃)ပြဲရံႈး ရမွတ္ (၁၉)မွတ္နဲ႔ အုပ္စု ဒုတိယေနရာကို ရရွိခဲ့တာ ျဖစ္ပါတယ္။ ေျခစစ္ပြဲတစ္ေလွ်ာက္ ပိုလန္အသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္မွဴး လီ၀န္ေဒါစကီးနဲ႔အတူ ဂိုးသြင္းအမ်ားဆံုး ကစားသမား စာရင္းမွာ ရပ္တည္ႏိုင္ခဲ့တဲ့ အာရွတိုက္ရဲ႕ နာမည္ေက်ာ္ ၀ါရင့္တိုက္စစ္မွဴး အယ္လ္ရွာလ၀ီကေတာ့ သြင္းဂိုး (၁၆)ဂိုးအထိ သြင္းယူေပးခဲ့ပါတယ္။

Mohammed-al-Sahlawi

Mohammed-al-Sahlawi

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
ေဆာ္ဒီအသင္းကေတာ့ ျပည္တြင္း အေျခစိုက္ ကစားသမားစုဖြဲ႔မႈနဲ႔ ရုရွားေျမကို ခ်ီတက္လာမွာ ျဖစ္ပါတယ္။ လူငယ္၊ လူႀကီး အခ်ိဳးက်က်ဖြဲ႔စည္းမႈနဲ႔ အသင္းကို ဖြဲ႔စည္းထားတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ နာမည္ေက်ာ္ ကစားသမား ရွားပါးတဲ့ ေဆာ္ဒီလိုအသင္းမွာ အသင္းရဲ႕ အဓိက တိုက္စစ္မွဴး အယ္လ္ရွာလ၀ီကေတာ့ အဓိက ေစာင့္ၾကည့္သြားရမယ့္ ကစားသမား ျဖစ္ပါတယ္။ ေဆာ္ဒီအသင္းကို ေျခစစ္ပြဲမွာ သြင္းဂိုးေတြနဲ႔ ကူညီေပးခဲ့သလို ကမၻာ႔ဖလားၿပိဳင္ပြဲမွာလည္း အသင္းကို ေအာင္ျမင္မႈရေအာင္ ဆက္လက္စြမ္းေဆာင္ေပးႏိုင္မလားဆိုတာ စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။

REF:Wikipedia
Photo:Playerswiki, Boxscore, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အိမ်ဖြည့်အသင်းဆိုတဲ့ မှတ်တမ်းဆိုးကို ချေဖျက်ရမယ့် ဆော်ဒီအာရေဗျအသင်း

ဆော်ဒီအာရေဗျ
အာရှတိုက်ရဲ့ အစိမ်းရောင် သိမ်းငှက်တွေလို့ နာမည်ပြောင် ရထားတဲ့ ဆော်ဒီအသင်းကတော့ ကျဆင်းလာတဲ့ အသင်းပုံရိပ်တွေကို ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်မှုနဲ့ ပြန်လည် ချေဖျက်နိုင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အာရှတိုက်ကိုယ်စားပြုအသင်းတွေဟာ အိမ်ဖြည့်အသင်း အဆင့်လောက်သာရှိတဲ့ အစဉ်အလာအတိုင်း ဆော်ဒီအသင်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၄ ကနေ ၂၀၀၆ အထိ (၄)ကြိမ်ဆက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ပေမယ့် ၁၉၉၄ ပြိုင်ပွဲ တစ်ကြိမ်သာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စပိန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ပစ်ဇီကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် အသင်းရဲ့ ရလဒ်ပိုင်းတွေက ထင်သလောက် ကောင်းမွန်ခြင်းမရှိတဲ့ အသင်းဖြစ်ပါတယ်။ နိုင်ပွဲထက် ရှုံးပွဲပိုများနေတဲ့ နည်းပြပစ်ဇီ အသင်းကို အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် စွမ်းဆောင်နိုင်ပါ့မလား စောင့်ကြည့်သွားရမယ့် အသင်းဖြစ်ပါတယ်။

Saudi-National-Football-Team-Celebrations

Saudi-National-Football-Team-Celebrations

ကမ္ဘာ့ဖလားသမိုင်းကြောင်း
ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်တဲ့ ၁၉၉၄ ပြိုင်ပွဲမှာ အုပ်စုအဆင့်ကို ကျော်ဖြတ်ပြီး ရှုံးထွက်ရောက်ခဲ့တာက ဆော်ဒီရဲ့ အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ ၁၉၉၄ ပြိုင်ပွဲအပြီး ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆ ပြိုင်ပွဲတွေမှာ ဆက်တိုက်ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပေမယ့် အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီ (၃)ကြိမ်စလုံးမှာလည်း အုပ်စုတွင်း နိုင်ပွဲ တစ်ပွဲမှ မရတဲ့အထိ ဆော်ဒီအသင်းရဲ့ ခြေစွမ်းပိုင်းက ဆိုးရွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၄ ပြိုင်ပွဲတွေမှာတော့ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြတ်သန်းခဲ့မှု
ခြေစစ်ပွဲအဆင့်မှာ ဂျပန်၊ သြစတြေးလျ၊ ယူအေအီးနဲ့ အီရတ်လိုအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ဂျပန်အသင်းရဲ့နောက် အုပ်စု ဒုတိယနေရာကို ရယူကာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဂျပန်အသင်းနဲ့ ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့လို့သာ သြစတြေးလျအသင်းကို ကျော်ဖြတ်ပြီး တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ခြေစစ်ပွဲအဆင့်မှာ (၁၀)ပွဲ ကစားခဲ့ရပြီး (၆)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံး ရမှတ် (၁၉)မှတ်နဲ့ အုပ်စု ဒုတိယနေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ခြေစစ်ပွဲတစ်လျှောက် ပိုလန်အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့အတူ ဂိုးသွင်းအများဆုံး ကစားသမား စာရင်းမှာ ရပ်တည်နိုင်ခဲ့တဲ့ အာရှတိုက်ရဲ့ နာမည်ကျော် ဝါရင့်တိုက်စစ်မှူး အယ်လ်ရှာလဝီကတော့ သွင်းဂိုး (၁၆)ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

Mohammed-al-Sahlawi

Mohammed-al-Sahlawi

စောင့်ကြည့်ရမယ့် ကစားသမားများ
ဆော်ဒီအသင်းကတော့ ပြည်တွင်း အခြေစိုက် ကစားသမားစုဖွဲ့မှုနဲ့ ရုရှားမြေကို ချီတက်လာမှာ ဖြစ်ပါတယ်။ လူငယ်၊ လူကြီး အချိုးကျကျဖွဲ့စည်းမှုနဲ့ အသင်းကို ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ နာမည်ကျော် ကစားသမား ရှားပါးတဲ့ ဆော်ဒီလိုအသင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အယ်လ်ရှာလဝီကတော့ အဓိက စောင့်ကြည့်သွားရမယ့် ကစားသမား ဖြစ်ပါတယ်။ ဆော်ဒီအသင်းကို ခြေစစ်ပွဲမှာ သွင်းဂိုးတွေနဲ့ ကူညီပေးခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အသင်းကို အောင်မြင်မှုရအောင် ဆက်လက်စွမ်းဆောင်ပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

REF:Wikipedia
Photo:Playerswiki, Boxscore, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com