[ZawGyi]

Saudi Arabia မွာ အမ်ိဳးသမီးေတြ ယာဥ္ေမာင္းခြင္႔ရျပီ

ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အမ်ိဳးသမီးေတြယာဥ္ေမာင္းခြင္႔မရွိဘဲ ပိတ္ပင္ထားခဲ႔တဲ႔ Saudi Arabia မွာ ပထမဆံုးအၾကိမ္အျဖစ္ အမ်ိဳးသမီးေတြကိုယာဥ္ေမာင္းလိုင္စင္ထုတ္ေပးျပီလုိ႔သိရပါတယ္။ ပထမဆံုးအေနနဲ႔အမ်ိဳးသမီး ၁၀ ေယာက္ဟာယာဥ္ေမာင္းလိုင္စင္စာေမးပြဲကိုေျဖဆိုေအာင္ျမင္ခဲ႔ၾကျပီး လာမယ္႔ ဇြန္လ ၂၄ ရက္ေန႔မွာ ကားေမာင္းခြင္႔ရေတာ႔မွာျဖစ္ပါတယ္။

saudi-women-with-driving-licence

saudi-women-with-driving-licence

ႏွစ္ပတ္အတြင္းမွာ အမ်ိဳးသမီး ၂၀၀၀ ေလာက္ ယာဥ္ေမာင္းလုိင္စင္ေျဖဆုိေအာင္ျမင္ျပီး ကားေမာင္းခြင္႔ရႏိုင္တယ္လုိ႔ သက္ဆိုင္ရာကခန္႔မွန္းေျပာဆုိထားပါတယ္။ ဒီလုိ သမိုင္းဝင္တဲ႔ အေျပာင္းအလဲတစ္ခုအတြက္ အမ်ိဳးသမီးတုိင္းက ေပ်ာ္ရႊင္ေနၾကပါတယ္။ အမ်ိဳးသမီးမ်ားယာဥ္ေမာင္းခြင္႔ရေရးလႈပ္ရွားမႈမွာ ပါဝင္ခဲ႔ၾကသူ အမ်ိဳးသမီး ၁၇ ေယာက္ကို ဖမ္းဆီးထိန္းသိမ္းထားဆဲျဖစ္ေပမယ္႔ ဒီလႈပ္ရွားမႈအျပီး ရက္သတၱပတ္အနည္းငယ္အၾကာမွာပဲ အခုလိုျပဳျပင္ေျပာင္းလဲမႈေတြကိုလုပ္ေဆာင္ေပးလုိက္တာျဖစ္ပါတယ္။

saudi-women-driving-test

saudi-women-driving-test

အမ်ိဳးသမီးေတြအေနနဲ႔ လြန္ခဲ႔တဲ႔ ၂၈ ႏွစ္ကတည္းက ဒီလုိအခြင္႔အေရးရဖုိ႔တိုက္ပြဲဝင္ခဲ႔ၾကရတာျဖစ္ျပီး ဒီလုိတက္ၾကြလႈပ္ရွားမႈမွာပါဝင္ခဲ႔ရင္ ႏိုင္ငံကူးလက္မွတ္သိမ္းျပီး အလုပ္ျဖဳတ္ပစ္တာမ်ိဳးအထိ ျပစ္ဒဏ္ေပးခဲ႔တာျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာေတာ႔ Saudi Arabia ဟာ လူမႈကြန္ရက္ရဲ႕ဒဏ္ကိုေတာင္႔မခံႏိုင္ေတာ႔ဘဲ တျခားမြတ္စလင္ႏိုင္ငံေတြနည္းတူအမ်ိဳးသမီးေတြရဲ႕အခြင္႔႔အေရးကို အသိအမွတ္ျပဳလာၾကရတာျဖစ္တယ္လို႔ သံုးသပ္ၾကပါတယ္။

women-drive-car

women-drive-car

မ်ိဳးဆက္သစ္လူငယ္ေတြလက္ထက္မွာ အမ်ိဳးသမီးအခြင္႔အေရးကိုပိုအေလးထားလာၾကျပီး Saudi Arabia ရဲ႕ အိမ္ေရွ႕မင္းသား Mohammed bin Salman ဟာလည္းအေျပာင္းအလဲေတြလုပ္ေဆာင္ဖုိ႔ကို ၾကိဳဆုိသူတစ္ေယာက္ျဖစ္ပါတယ္။ ဒီႏွစ္အတြင္းမွာပဲ ေဖ်ာ္ေျဖေရးေတြ၊ ဂီတကပြဲေတြက်င္းပခြင္႔ ရုပ္ရွင္ရံုေတြတည္ေဆာက္ခြင္႔ကိုသူက ခြင္႔ျပဳေပးခဲ႔ပါေသးတယ္။

www.akhayar.com

[Unicode]

Saudi Arabia မှာအမျိုးသမီးတွေယာဉ်မောင်းခွင့်ရပြီ

နှစ်ပေါင်းများစွာကြာအောင် အမျိုးသမီးတွေယာဉ်မောင်းခွင့်မရှိဘဲ ပိတ်ပင်ထားခဲ့တဲ့ Saudi Arabia မှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတွေကိုယာဉ်မောင်းလိုင်စင်ထုတ်ပေးပြီလို့သိရပါတယ်။ ပထမဆုံးအနေနဲ့အမျိုးသမီး ၁၀ ယောက်ဟာယာဉ်မောင်းလိုင်စင်စာမေးပွဲကိုဖြေဆိုအောင်မြင်ခဲ့ကြပြီး လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ ကားမောင်းခွင့်ရတော့မှာဖြစ်ပါတယ်။

saudi-women-with-driving-licence

saudi-women-with-driving-licence

နှစ်ပတ်အတွင်းမှာ အမျိုးသမီး ၂၀၀၀ လောက် ယာဉ်မောင်းလိုင်စင်ဖြေဆိုအောင်မြင်ပြီး ကားမောင်းခွင့်ရနိုင်တယ်လို့သက်ဆိုင်ရာကခန့်မှန်းပြောဆိုထားပါတယ်။ ဒီလို သမိုင်းဝင်တဲ့အပြောင်းအလဲတစ်ခုအတွက် အမျိုးသမီးတိုင်းကပျော်ရွှင်နေကြပါတယ်။ အမျိုးသမီးများယာဉ်မောင်းခွင့်ရရေးလှုပ်ရှားမှုမှာပါဝင်ခဲ့ကြသူ အမျိုးသမီး ၁၇ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပေမယ့် ဒီလှုပ်ရှားမှုအပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ အခုလိုပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။

saudi-women-driving-test

saudi-women-driving-test

အမျိုးသမီးတွေအနေနဲ့ လွန်ခဲ့တဲ့ ၂၈ နှစ်ကတည်းက ဒီလိုအခွင့်အရေးရဖို့တိုက်ပွဲဝင်ခဲ့ကြရတာဖြစ်ပြီး ဒီလိုတက်ကြွလှုပ်ရှားမှုမှာပါဝင်ခဲ့ရင် နိုင်ငံကူးလက်မှတ်သိမ်းပြီး အလုပ်ဖြုတ်ပစ်တာမျိုးအထိ ပြစ်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Saudi Arabia ဟာ လူမှုကွန်ရက်ရဲ့ဒဏ်ကိုတောင့်မခံနိုင်တော့ဘဲ တခြားမွတ်စလင်နိုင်ငံတွေနည်းတူအမျိုးသမီးတွေရဲ့အခွင့့်အရေးကို အသိအမှတ်ပြုလာကြရတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

women-drive-car

women-drive-car

မျိုးဆက်သစ်လူငယ်တွေလက်ထက်မှာ အမျိုးသမီးအခွင့်အရေးကိုပိုအလေးထားလာကြပြီး Saudi Arabia ရဲ့ အိမ်ရှေ့မင်းသား Mohammed bin Salman ဟာလည်းအပြောင်းအလဲတွေလုပ်ဆောင်ဖို့ကို ကြိုဆိုသူတစ်ယောက်ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာပဲ ဖျော်ဖြေရေးတွေ၊ ဂီတကပွဲတွေကျင်းပခွင့် ရုပ်ရှင်ရုံတွေတည်ဆောက်ခွင့်ကိုသူက ခွင့်ပြုပေးခဲ့ပါသေးတယ်။

www.akhayar.com