[Zawgyi]






Kante

Kante







Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စနေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဌ ပီရက်ဇ် Perez ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ PSG တိုက်စစ်မှူး ကာဗာနီ Cavani နဲ့ ချယ်လ်ဆီး တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးနည်းပြ ဆာရီ Sarri ဟာ အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကထွက်ခွာဖို့ရှိနေတဲ့ ဘီနာတီယာ Benatia ကို တားဆီးသွားဖို့ အသင့်ရှိနေပါတယ်။

ဂါလာတာစာရေး – ဂါလာတာစာရေးအသင်းဟာ လီဗာပူးလ် လူငယ်တိုက်စစ်ကစားသမား ဆိုလန်ကီ Solanke ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Kante

Kante

ချယ်လ်ဆီး – ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေ Kante ဟာ အသင်းနဲ့(၅)နှစ် စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ စာချုပ်သစ်အရ ကွန်တေ ဟာ အသင်းမှာ ၂၀၂၃ ခုနှစ်အထိဆက်ရှိသွားမှာဖြစ်ပါတယ်။

မန်ယူ – မန်ယူနည်းပြ မော်ရင်ဟို Mourinho က ၂၀၁၈ နှစ်ကုန်မှာ အသင်းဟာ ပရီးမီးယားလိဂ်ထိပ်ဆုံး(၄)သင်းထဲကိုဝင်နိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

မာဆေးလ် – မာဆေးလ်အသင်းဟာ ဗလင်စီယာအသင်းမှာ အငှားနဲ့ကစားနေတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး ဘတ်ရှုအာရီ Batshuayi ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဒေါ့မွန် – ဒေါ့မွန်အသင်းဟာ ဘာစီလိုနာကနေ အငှားနဲ့လာကစားနေတဲ့ တိုက်စစ်မှူး အယ်လ်ကာဆာ Alcacer ကို ပေါင်(၂၂.၇)သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီလို့ သိရပါတယ်။

မန်ယူ – မန်ယူနည်းပြ မော်ရင်ဟို Mourinho က တောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ် Sanchez ဟာ အသင်းကနေထွက်ခွာသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အက်သလက်တီကို – အက်သလက်တီကိုနည်းပြ ဆီမြွန်နီ Simeone ဟာ အသင်းရဲ့ ဂိုးသမား အိုဘလက်ခ် Oblak နဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးနေကြောင်း အတည်ပြုခဲ့ပါတယ်။

Ref: BBC Sports , Goal.com , Sportskeeda
Photo: Pinterest , Flipboard
Ko Kyue(Akhayar)
www.akhayar.com