[Zawgyi]






Dembele

Dembele






Ref: BBC Sports , Goal.com
Photo: WSTale.com 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စနေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ရီးယဲလ်မက်ဒရစ် – ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားနဲ့ကစားနေတဲ့ ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez ဟာ လာမယ့် နွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာနိုင်ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ နာပိုလီနောက်ခံအစွန်လူ ဟေဆိုင် Hysaj ကိုခေါ်ယူဖို့ပစ်မှတ်ထားနေပါတယ်။

ဂျူဗင်တပ်စ် – အေစီမီလန်အသင်းက စိတ်ဝင်စားနေတဲ့ လီဗာပူးလ်ကစားသမား ဖာဘင်ဟို Fabinho ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းဟာလည်း စိတ်ဝင်စားနေပါတယ်။

လီဗာပူးလ် – လီဗာပူးလ် တိုက်စစ်မှူး အော်ရီဂီ Origi ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဂါလာတာစာရေးနဲ့ ဝုလ်ဗ်အသင်းတွေက ခေါ်ယူလိုနေကြပါတယ်။

Dembele

Dembele

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ လူငယ်တိုက်စစ်ကစားသမား ဒမ်ဘီလီ Dembele ကို ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

လီဗာပူးလ် – လီဗာပူးလ်ကွင်းလယ်ကစားသမား ချိန်ဘာလိန် Chamberlain ဟာ ဒီနှစ်ဘောလုံးရာသီမကုန်ဆုံးခင်မှာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ပစ်မှတ်ထားနေပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ အစ္စကို Isco ရဲ့ ရီးယဲလ်မက်ဒရစ်အသင်း အခြေအနေကို စောင့်ကြည့်နေပါတယ်။

ရိုးမား – ရိုးမားတိုက်စစ်မှူး Schick ဟာ အသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။

စပါး – စပါးအသင်းဟာ ဘုန်းမောက်နောက်ခံလူ အကီ Ake ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

Ref: BBC Sports , Goal.com
Photo: WSTale.com 
Ko Kyue(Akhayar)
www.akhayar.com