[Zawgyi]






Lampard-And-Terry

Lampard-And-Terry





Ref: BBC Sports , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စနေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

မန်ယူ – မန်ယူတောင်ပံ တိုက်စစ်ကစားသမား ဆန်းချက်ဇ် Sanchez ဟာ အသင်းကနေ ထွက်ခွာလိုနေပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်း ဂိုးသမား မစ်ဂနိုလတ် Mignolet ကိုခေါ်ယူဖို့အတွက် နိုက်စ်အသင်းက ပစ်မှတ်ထားနေပါတယ်။

ဂျူဗင်တပ်စ် – မန်ယူနဲ့ အာဆင်နယ်အသင်းတွေခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်စ်နောက်ခံလူ ဘီနာတီယာ Benatia ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အေစီမီလန်အသင်းကို အငှားနဲ့ပြောင်းရွှေ့နိုင်ပြီး ရာသီကုန်မှာတော့ အပြီးသတ်ပြောင်းရွှေ့နိုင်ပါတယ်။

မန်ယူ – မန်ယူနောက်ခံလူ ဒါမီယန် Darmian ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာနိုင်ပြီး သူ့ကိုခေါ်ယူဖို့အတွက် အင်တာမီလန် နဲ့ ရိုးမားအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

Lampard-And-Terry

Lampard-And-Terry

ဒါဘီ – ဒါဘီအသင်းနည်းပြ လမ်းပတ် Lampard က ဗီလာ လက်ထောက်နည်းပြတယ်ရီ Terry ဟာ ထိပ်တန်းနည်းပြဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ယူ – မန်ယူအသင်း တိုက်စစ်မှူး လူကာကူ Lukaku ဟာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ သိရပါတယ်။

ဟတ်ဒါဖီးလ် – ဟတ်ဒါဖီးလ်အသင်းဟာ ဘန်လေ ဂိုးသမား တွမ်ဟီတန် Tom Heaton ကိုခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ပါတယ်။

အေစီမီလန် – အေစီမီလန်အသင်းဟာ ဆယ်လ်တာဗီဂို ကွင်းလယ်လူ Lobotka ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Ref: BBC Sports , Goal.com
Photo: Premier League , Evening Standard
Ko Kyue(Akhayar)
www.akhayar.com