[Zawgyi]





Icardi

Icardi






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စနေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

မန်ယူ – မန်ယူတောင်ပံတိုက်စစ်ကစားသမား မာစီယဲလ် Martial ဟာ အသင်းကနေထွက်ခွာဖို့ စိတ်အားထက်သန်နေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်လူငယ်ကစားသမား အဆန်စီယို Asensio ကို ခေါ်ယူဖို့အတွက် လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတွေက ပစ်မှတ်ထားနေကြပါတယ်။

မန်ယူ – မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho က ဟာဇက် Hazard ဟာ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်မှာချန်ပီယံဖြစ်အောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

Icardi

Icardi

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ မိုရာတာ Morata ရဲ့ နေရာမှာ အစားထိုးဖို့အတွက် အင်တာမီလန်တိုက်စစ်မှူး အီကာဒီ Icardi ကိုအလိုရှိနေပါတယ်။

ရိုးမား – ရိုးမားအသင်းတိုက်စစ်မှူး အန်ဒါ Under ကိုခေါ်ယူဖို့အတွက် အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက ချိတ်ဆက်နေကြပါတယ်။

စပါး – စပါးတောင်ပံ တိုက်စစ်ကစားသမား လူးကပ်စ်မော်ရာ Lucas Moura က ဘောလုံးဟာသူ့ရဲ့ ဘဝကို ပြစ်မှုတွေထဲကကယ်တင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီး နောက်ခံလူ ခရစ္စတန်ဆန် Christensen ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေထွက်ခွာဖို့ အဆင့်သင့်ရှိနေပါတယ်။

လာလီဂါ – ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆယ်လ်တာဗီဂိုအသင်းကို အလာဗတ်စ်အသင်းက ( ၀ – ၁ ) နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အလာဗတ်စ်အသင်းဟာ ရမှတ်(၁၇)မှတ်နဲ့ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Ref: BBCSport , Ronaldo.com
Photo: The Times , TeleAmbiente
Ko Kyue(Akhayar)
www.akhayar.com