[Zawgyi]






Martial

Martial







Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စနေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

မန်စီးတီး – မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းနား De Bruyne ဟာ ဒဏ်ရာပြဿနာကြောင့် (၅)ပတ်ကနေ (၆)ပတ်ထိ အနားယူရဖို့ရှိနေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ မန်စီးတီးအသင်းရဲ့ စပိန်လူငယ်ကွင်းလယ်လူ Brahim Diaz ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အင်တာမီလန် – အင်တာမီလန်တိုက်စစ်မှူး အီကာဒီ Icardi ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးနည်းပြ ဆာရီ Sarri က လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းဟာ ကစားသမားသစ်ခေါ်ယူသွားမှာ မဟုတ်ဖူးလို့ပြောကြားခဲ့ပါတယ်။

Martial

Martial

မန်ယူ – မန်ယူတောင်ပံတိုက်စစ် ကစားသမား မာစီယဲလ် Martial ဟာ အောက်တိုဘာလအတွက် အသင်းရဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့ပါတယ်။ မန်ယူနည်းပြ မော်ရင်ဟို Mourinho ကတော့ မာစီယဲလ် ကို အသင်းမှာဆက်ရှိစေချင်နေပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီ Allegri ဟာ မန်ယူကွင်းလယ်လူ ပေါ့ဘာ Pogba ကိုပြန်လည်ခေါ်ယူဖို့ အာရုံမစိုက်ထားပါဘူးလို့ ပြောကြားခဲ့ပါတယ်။

အင်တာမီလန် – အင်တာမီလန်အသင်းနည်းပြ စပယ်လက်တီ Spalletti က ကွင်းလယ်လူ နိုင်ဂိုလန် Nainggolan ဟာ အသင်းအတွက် ပြန်ကစားပေးဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးတောင်ပံ တိုက်စစ်ကစားသမား ဟာဇက် Hazard ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာမှာဖြစ်တယ်လို့ နည်းပြ ဆာရီ Sarri ကပြောကြားခဲ့ပါတယ်။

ဝက်ဖို့ဒ် – ဝက်ဖို့ဒ် နည်းပြ ဂါစီယာ Gracia ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပါတယ် ။

မန်စီးတီး – မန်စီးတီးအသင်းဟာ လိုင်ယွန်ကွင်းလယ်လူ Ndombele ကို ပေါင်သန်း(၄၀)နဲ့ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

Ref: BBC Sports , Sportskeeda , Goal.com
Photo: Evening Standard 
Ko Kyue(Akhayar)
www.akhayar.com