[Zawgyi]





Carvajal

Carvajal






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စနေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ဝက်စ်ဟမ်း – ဝက်စ်ဟမ်းအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူ ကာဟေးလ် Cahill ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ခေါ်ယူဖို့စဉ်းစားနေပါတယ်။

နယူးကာဆယ် – နယူးကာဆယ်အသင်းဟာ နည်းပြ ဘင်နီတက်ဇ် Benitez ရဲ့နေရာကို ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာ Brendan Rodgers နဲ့ အစားထိုးဖို့ စဉ်းစားနေပါတယ်။

အက်သလက်တီကို – အက်သလက်တီကိုအသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ် Fabregas ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

Carvajal

Carvajal

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံလူ ကာဗာဟယ်လ် Carvajal ကိုခေါ်ယူဖို့ မန်ယူနဲ့ ချယ်လ်ဆီးအသင်းတွေက ပစ်မှတ်ထားနေကြပါတယ်။

ဒေါ့မွန် – ဒေါ့မွန်အသင်းဟာ ဘာစီလိုနာအသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှုး အယ်လ်ကာဆာ Alcacer ကို အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။

မန်ယူ – မန်ယူအသင်းဟာ နာပိုလီဘယ်နောက်ခံလူ Ghoulam ကိုခေါ်ယူဖို့အတွက် ကမ်းလှမ်းခဲ့ပါတယ်။

ဘယ်လ်ဂျီယံ – ဘယ်လ်ဂျီယံအသင်းတိုက်စစ်မှုး လူကာကူ Lukaku ဟာ ဘယ်လ်ဂျီယံအသင်းအတွက် နောက်ဆုံး(၂၈)ပွဲမှာ (၂၈)ဂိုးသွင်းယူခဲ့ပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှုးဟောင်း အွန်နရီ Henry ဟာ မိုနာကိုအသင်းနည်းပြဖြစ်လာဖို့ နီးစပ်နေပါပြီ။

Ref: BBC Sport , Goal.com , Bleacher Report Football
Photo: Thewinin , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com