ချယ်လ်ဆီး – မန်စီးတီး ၊ ချယ်လ်ဆီးအသင်းတွေရဲ့ တောင်ပံတိုက်စစ်ကစားသမားဟောင်း ရိုက်ဖိလစ် Wright-Phillips ဟာ အသက်(၃၇)နှစ်အရွယ်မှာ ကစားသမားဘ၀ကနေ အနားယူခဲ့ပြီလို့ သိရပါတယ်။ ပရိသတ်ကြိုက် ကစားသမားဖြစ်ခဲ့တဲ့ ရိုက်ဖိလစ် ဟာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ၊ FA Cup ၊ ကွန်မြူနတီဒိုင်း ချန်ပီယံဆုတွေကို ရရှိခဲ့ပါတယ်။

လိုင်လီ – လိုင်လီအသင်းဟာ ဘိုင်ယန်မြူးနစ် လူငယ်ကွင်းလယ်လူ ရီနာတိုဆန်းချက်စ် Renato Sanches ကို ပြောင်းရွှေ့ကြေး ယူရို(၂၅)သန်း ၊ (၄)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ရီနာတိုဆန်းချက်စ် ဟာ လိုင်လီအသင်းမှာ ကျောနံပါတ်(၁၈)ကို ၀တ်ဆင်သွားမှာဖြစ်ပါတယ်။

မန်ယူ – မန်ယူအသင်းဟာ တောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ် Alexis Sanchez, ကို ဥရောပအပြောင်းအရွှေ့ကာလမပိတ်ခင်မှာ ရောင်းချသွားဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဆန်းချက်ဇ် ဟာ အင်တာမီလန်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေပါတယ်။

ဖီအိုရင်တီးနား – ဖီအိုရင်တီးနားအသင်းနည်းပြ မွန်တဲလ်လား Montella က ကစားသမားသစ် ရီဘာရီ Ribery ဟာ ဒီညမှာ ကစားမယ့် နာပိုလီနဲ့ စီးရီးအေပွဲမှာ ပါဝင်ကစားမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ရီဘာရီ ဟာ ဖီအိုရင်တီးနားအသင်းမှာ ကျောနံပါတ်(၇)ကို ၀တ်ဆင်ကစားသွားမှာဖြစ်ပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းနောက်ခံလူ မူစတာဖီ Mustafi ရဲ့ အေးဂျင့်က မူစတာဖီ ဟာ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေပြီလို့ ပြောကြားခဲ့ပါတယ်။ ဒီအနေအထားတွေကြောင့် သိပ်မကြာခင်မှာ မူစတာဖီ ရဲ့ အပြောင်းအရွှေ့ကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

စပါး – စပါးအသင်းဟာ ကွင်းလယ်လူ အဲရစ်ဆင် Eriksen အတွက် အနည်းဆုံးပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းမှုရရှိရင် ရောင်းချဖို့ စဉ်းစားလိမ့်မယ်လို့ သိရပါတယ်။ အဲရစ်ဆင် ကတော့ ဥရောပထိပ်တန်းကလပ်တွေကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်း နည်းပြဇီဒန်း Zidane ဟာ အသင်းကနေ ဂိုးသမား နာဗတ်စ် Navas ထွက်ခွာသွားဖို့ မမျှော်လင့်ထားဘူးလို့ သိရပါတယ်။ လက်ရှိမှာ နာဗတ်စ် ဟာ PSG အသင်းနဲ့ အသံတွေထွက်နေပါတယ်။

ဆိုစီဒက် – ဆိုစီဒက်အသင်းဟာ အာဆင်နယ်ဘယ်နောက်ခံလူ မွန်ရီယဲလ် Monreal ကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ မွန်ရီယဲလ် ဟာ အာဆင်နယ်အသင်းမှာ ရာသီတိုင်းလိုလို ပုံမှန်ခြေစွမ်းပြသနေသူဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် – ခရစ္စတယ်ပဲလေ့စ်အသင်းဟာ တိုက်စစ်မှူး ဘန်တီကီ Benteke နဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ သိရပါတယ်။ ဘန်တီကီ ဟာ လက်ရှိအချိန်ထိ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပွဲပေါင်း(၉၁)ပွဲကစား (၂၁)ဂိုးသွင်းယူထားပါတယ်။

Ref: BBC Sports , Ronaldo.com
Photo: Pro Soccer USA
Ko Kyue(Akhayar)
www.akhayar.comc