ရိုးမား – ရိုးမားအသင်းတိုက်စစ်မှူး ဂျက်ကို Dzeko ဟာ အသင်းနဲ့ (၃)နှစ်စာချုပ် သက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဂျက်ကို ရိုးမားအသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေဟာ ငြိမ်သက်သွားခဲ့ပါတယ်။ ဂျက်ကို ဟာ ရိုးမားအသင်းအတွက် လက်ရှိအချိန်ထိ သွင်းဂိုး(၈၇)ဂိုးသွင်းယူထားပါတယ်။

ဒေါ့မွန် – ဒေါ့မွန်တောင်ပံတိုက်စစ်ကစားသမား ဆန်ချို Sancho ဟာ လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ သိရပါတယ်။ မန်ယူအသင်းကတော့ ဆန်ချို ကို ခေါ်ယူဖို့ ကာလရှည်စိတ်ဝင်စားနေပါတယ်။

မိုနာကို – မိုနာကိုအသင်းဟာ လီဗာပူးလ်တိုက်စစ်မှူးဟောင်း စတာရစ်ခ်ျ Sturridge ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စတာရစ်ခ်ျ ကို ခေါ်ယူဖို့ ကလပ်အသင်းတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟို Coutinho တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်သလို အငှားကာလပြီးရင် အပြီးသတ်ခေါ်ယူသွားဖို့လည်း ရှိနေပါတယ်။ ကော်တင်ဟို ဟာ အပြောင်းအရွှေ့ကို လာမယ့်ရက်ပိုင်းမှာ အပြီးသတ်သွားဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

PSV – ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမားတစ်ဦးအဖြစ် ရှိနေတဲ့ PSV တောင်ပံကစားသမား Bergwijn ဟာ အသင်းနဲ့ (၅)နှစ်စာချုပ်သစ်ချုပ်ဆိုဖို့ အတွက် သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ Bergwijn ဟာ PSV အသင်းအတွက် သွင်းဂိုး(၁၅)ဂိုးသွင်းယူခဲ့ပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းနည်းပြ အမ်မရီ Unai Emery က အသင်းရဲ့ အဓိကတိုက်စစ်အတွဲဖြစ်တဲ့ လာကာဇက် Lacazette နဲ့ အူဘာမီယန်း Aubameyang တို့ကို စာချုပ်သစ်ချုပ်ဆိုဖို့ အတွက် လုပ်ဆောင်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီကစားသမား (၂)ဦးဟာ အာဆင်နယ်တိုက်စစ်ရဲ့ အဓိက အသက်သွေးကြော ကစားသမားတွေဖြစ်ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းက ဘီလ်ဘာအိုအသင်းကို ( ၁ – ၀ )နဲ့ ရှုံးနိမ့်ခဲ့တဲ့ လာလီဂါအဖွင့်ပွဲစဉ်မှာ ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ် Suarez ဟာ ညာဘက်ခြေသလုံးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဒဏ်ရာကြောင့် ဆွာရက်ဇ် ဟာ ဘီလ်ဘာအိုနဲ့ပွဲ ပထမပိုင်းမှာပဲ လူစားလဲခံခဲ့ရပါတယ်။

လီဗာပူးလ် – လီဗာပူးလ်ကွင်းလယ်ကစားသမား ရှကီရီ Shaqiri ဟာ အသင်းမှာ ကစားခွင့်များများစားစားမရရင် သူ့ရဲ့အနာဂတ်ကို စဉ်းစားသွားဖို့ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ရှကီရီ ဟာ လီဗာပူးလ်အသင်းမှာ အရန်အဖြစ်နဲ့သာ ကစားနေရပါတယ်။

Ref: BBC Sports , Mirror , Sportskeeda
Photo: AS Roma
Ko Kyue(Akhayar)
www.akhayar.com