မန်ယူ – မန်ယူကွင်းလယ်လူ ပေါ့ဘာ Pogba ဟာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ သူ့ရဲ့အေးဂျင့်ရိုင်အိုလာ Raiola က ပြောကြားခဲ့ပါတယ်။ ရိုင်အိုလာ က နည်းပြကအစ အသင်းပိုင်ရှင်တွေအဆုံး အသင်းတွင်းမှာရှိတဲ့ လူတွေအားလုံး ပေါ့ဘာ ရဲ့ ဆန္ဒကသိကြပါတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါဘီ – ဒါဘီအသင်းဟာ လစ်လပ်သွားတဲ့ နည်းပြသစ်ရာထူးအတွက် PSV နဲ့ ဖီနာဘာချီနည်းပြဟောင်း ကိုကူး Cocu ကို (၄)နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ ကိုကူး ဟာ PSV အသင်းကို တာဝန်ယူကိုင်တွယ်တုန်းက ဆုဖလားအောင်မြင်မှုများစွာရရှိအောင် စွမ်းဆောင်ပေးထားခဲ့သူဖြစ်ပါတယ်။

မန်ယူ – မန်ယူအသင်းဟာ ကွင်းလယ်လူ ပါရဲရား Pereira နဲ့ နောက်ခံလူ တွမ်ဇီဘီ Tuanzebe တို့ကို စာချုပ်သက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ပါရဲရား ကို ၂၀၂၃ ခုနှစ်အထိ ၊ တွမ်ဇီဘီ ကို ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး စာချုပ်ထဲမှာ တစ်နှစ်သက်တမ်းထပ်တိုးခွင့်ကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဆီဗီလာ – ဆီဗီလာအသင်းဟာ ရီးယဲလ်အသင်းရဲ့ စပိန်လူငယ်ဘယ်နောက်ခံလူ Reguilón ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ Reguilón ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရီးယဲလ်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပြီး ပွဲပေါင်း(၂၂)ပွဲ ကစားခွင့်ရရှိခဲ့ပါတယ်။

မန်ယူ – မန်ယူနည်းပြဟောင်း မော်ရင်ဟို Mourinho ဟာ တရုတ်စူပါလိဂ်ကလပ် Guangzhou Evergrande အသင်းရဲ့ နည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ မော်ရင်ဟို ဟာ အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်ပါတယ်။

အန်ဒါလက်ခ်ျ – မန်စီးတီးကစားသမားအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီ Kompany ကစားသမား/နည်းပြအဖြစ်ကိုင်တွယ်နေတဲ့ အန်ဒါလက်ခ်ျအသင်းဟာ နာဆရီ  Nasri ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ နာဆရီ ဟာ မန်စီးတီးအသင်းဖော်ဟောင်း ကွန်ပနီ နဲ့ အန်ဒါလက်ခ်ျအသင်းမှာ ပြန်လည်လက်တွဲရမှာဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , Sportskeeda
Photo: Manchester United Twitter
Ko Kyue(Akhayar)
www.akhayar.com