[Zawgyi]






Jorginho

Jorginho






Ref: BBC Sport , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စနေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း ဇီဒန်း Zidane ဟာ မန်ယူနည်းပြရာထူးကို ရယူဖို့အတွက် အင်္ဂလိပ်စာ သင်ယူနေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်အသင်းဟာ မာဆေးလ်အသင်းရဲ့ ပြင်သစ်တောင်ပံကစားသမား သာအူဗင် Thauvin ကိုခေါ်ယူလိုနေပါတယ်။

အက်သလက်တီကို – အက်သလက်တီကိုအသင်း ကွင်းလယ်လူ ဆာအူလ် Saul က သူ့အနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ဘယ်တော့မှပြောင်းရွှေ့မှာ မဟုတ်ဖူးလို့ပြောကြားခဲ့ပါတယ်။

စပါး – စပါးအသင်း ကွင်းလယ်လူ အလီ Alli ဟာ တံကောက်ကြော ဒဏ်ရာကြောင့် တစ်လလောက် အနားယူရဖို့ ရှိနေပါတယ်။

Jorginho

Jorginho

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်း ကွင်းလယ်လူ ဂျော်ဂျင်ဟို Jorginho က ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ခြင်းဟာ နည်းပြ ဆာရီ Sarri ကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ယူ – မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho က ဒီနေ့မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ပေါ့ဘာ Pogba ပါဝင်မှာ ဖြစ်ပြီး အသင်းထက်ကြီးကျယ်တဲ့ ကစားသမားဆိုတာမရှိပါဘူး လို့ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ Sarri က ဟာဇက် Hazard ဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဟာဇက် Hazard ကိုခေါ်ယူဖို့ အတွက် ရီးယဲလ်မက်ဒရစ်အသင်းဟာ ကာလရှည်စိတ်ဝင်စားနေခဲ့တာပါ။

မန်စီးတီး – မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ Guardiola ဟာ အသင်းခေါင်းဆောင် ကွန်ပနီ Kompany ကိုစာချုပ်သက်တမ်းတိုးလိုနေပါတယ်။

ဘွန်ဒစ်လီဂါ – ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ဟာသာဘာလင်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဟာသာဘာလင်အသင်းက ( ၂ – ၀ )နဲ့ အနိုင်ရရိှခဲ့ပါတယ်။ ဒီရှုံးပွဲဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဒီနှစ်ဘောလုံးရာသီရဲ့ ပထမဆုံးရှုံးပွဲဖြစ်လာခဲ့ပါတယ်။

Ref: BBC Sport , Goal.com
Photo: Premier League , Evening Standard
Ko Kyue(Akhayar)
www.akhayar.com