[Zawgyi]

စေနေန႔ ေဘာလံုးသတင္းတိုမ်ားစုစည္းေဖာ္ျပမႈ

အာဆင္နယ္ – အာဆင္နယ္အသင္းဟာ Atlanta United အသင္းရဲ႕ ပါရာေဂြးကြင္းလယ္လူ Miguel Almiron ကိုေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

ေဆာက္သမ္တန္ – ေဆာက္သမ္တန္အသင္းဟာ ခ်ယ္လ္ဆီးအသင္းမွာ ပံုမွန္ေနရာေပ်ာက္ဆံုးေနတဲ႔ ေနာက္ခံလူ ကာေဟးလ္ Cahill ကိုေခၚယူလိုေနပါတယ္။

ခရစၥတယ္ပဲေလ႔စ္ – ခရစၥတယ္ပဲေလ႔စ္အသင္းနည္းျပ ႐ိြဳင္းေဟာ႔ဆန္ Roy Hodgson ဟာ ခ်ယ္လ္ဆီးကြင္းလယ္လူ ေလာဖ္႔တပ္ခ်ိခ္ Loftus-Cheek ကိုေခၚယူဖို႔ စိတ္၀င္စားေနပါတယ္လို႔ ေျပာၾကားခဲ႔ပါတယ္။ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက ေလာဖ္႔တပ္ခ်ိခ္ဟာ ခရစၥတယ္ပဲေလ႔စ္အသင္းမွာ အငွားနဲ႔လာေရာက္ ကစားခဲ႔ပါတယ္။

မန္ယူ – ဒီေန႔ညမွာ ကစားမယ္႔ နယူးကာဆယ္နဲ႔ပြဲမွာ ဘယ္လိုရလဒ္ပဲထြက္ထြက္ မန္ယူနည္းျပေမာ္ရင္ဟို Mourinho ဟာ ရာထူးကေနထုတ္ပယ္ခံရဖို႔ ရိွေနတယ္လို႔ သိရပါတယ္။

Fabregas

Fabregas

ခ်ယ္လ္ဆီး – ခ်ယ္လ္ဆီးအသင္းကြင္းလယ္လူ ဖာဘရီဂတ္စ္ Fabregas ဟာအသင္းကေန စာခ်ဳပ္သစ္ကိစၥ ကမ္းလွမ္းလာဖို႔ကို ေမွ်ာ္လင္႔ေနပါတယ္။ ဖာဘရီဂတ္စ္ဟာ လာမယ္႔ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာ ျဖစ္ပါတယ္။

ဘ႐ိုက္တန္ – ဘ႐ိုက္တန္အသင္းဟာ Dunk နဲ႔ Duffy တို႔ကို (၅)ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ႔ပါတယ္။

ေဆာက္သမ္တန္ – ေဆာက္သမ္တန္အသင္း ေတာင္ပံကစားသမား Robise ကို မာေဆးလ္နဲ႔ လိုင္လီအသင္းေတြက ေခၚယူဖို႔ ေစာင္႔ၾကည္႔ေနၾကပါတယ္။

ပရီးမီးယားလိဂ္ – ဒီေန႔ မနက္အေစာပိုင္းက ကစားခဲ႔တဲ႔ ဘ႐ိုက္တန္နဲ႔ ၀က္စ္ဟမ္းတို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဘ႐ိုက္တန္အသင္းက ( ၁ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။

Ref: BBC Sport , Sportskeeda , Goal.com
Photo: Eurosport , Evening Standard
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စနေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

အာဆင်နယ် – အာဆင်နယ်အသင်းဟာ Atlanta United အသင်းရဲ့ ပါရာဂွေးကွင်းလယ်လူ Miguel Almiron ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဆောက်သမ်တန် – ဆောက်သမ်တန်အသင်းဟာ ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေတဲ့ နောက်ခံလူ ကာဟေးလ် Cahill ကိုခေါ်ယူလိုနေပါတယ်။

ခရစ္စတယ်ပဲလေ့စ် – ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ရွိုင်းဟော့ဆန် Roy Hodgson ဟာ ချယ်လ်ဆီးကွင်းလယ်လူ လောဖ့်တပ်ချိခ် Loftus-Cheek ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက လောဖ့်တပ်ချိခ်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အငှားနဲ့လာရောက် ကစားခဲ့ပါတယ်။

မန်ယူ – ဒီနေ့ညမှာ ကစားမယ့် နယူးကာဆယ်နဲ့ပွဲမှာ ဘယ်လိုရလဒ်ပဲထွက်ထွက် မန်ယူနည်းပြမော်ရင်ဟို Mourinho ဟာ ရာထူးကနေထုတ်ပယ်ခံရဖို့ ရှိနေတယ်လို့ သိရပါတယ်။

Fabregas

Fabregas

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းကွင်းလယ်လူ ဖာဘရီဂတ်စ် Fabregas ဟာအသင်းကနေ စာချုပ်သစ်ကိစ္စ ကမ်းလှမ်းလာဖို့ကို မျှော်လင့်နေပါတယ်။ ဖာဘရီဂတ်စ်ဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဘရိုက်တန် – ဘရိုက်တန်အသင်းဟာ Dunk နဲ့ Duffy တို့ကို (၅)နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။

ဆောက်သမ်တန် – ဆောက်သမ်တန်အသင်း တောင်ပံကစားသမား Robise ကို မာဆေးလ်နဲ့ လိုင်လီအသင်းတွေက ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

ပရီးမီးယားလိဂ် – ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းက ( ၁ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Ref: BBC Sport , Sportskeeda , Goal.com
Photo: Eurosport , Evening Standard
Ko Kyue(Akhayar)
www.akhayar.com