[Zawgyi]

အသင္းနဲ႔ ျပန္ပူးေပါင္းဖုိ႔ ေနာက္က်ခဲ့လို႔ ၀ီလီယံ Willian ကုိ မေက်မနပ္ျဖစ္ေနတဲ့ ဆာရီ Sarri

ခ်ယ္လ္ဆီးနည္းျပ ဆာရီ Sarri ဟာ သတ္မွတ္ထားတဲ့ရက္မွာ အသငး္နဲ႔ပူးေပါင္းျခင္းမရွိဘဲ ေနာက္က်ခဲ့တဲ့ ၀ီလီယံ Willian ကုိ မေက်မနပ္ျဖစ္ေနၿပီး ေခၚယူသတိေပးသြားဖုိ႔ စီစဥ္ေနၿပီျဖစ္ပါတယ္။ မန္ယူ၊ ရီးယဲလ္အသင္းတို႔ရဲ႕ ပစ္မွတ္ ၀ီလီယံဟာ ခ်ယ္လ္ဆီးအသင္းကေန ထြက္ခြာဖုိ႔နီးစပ္ေနသူျဖစ္ၿပီး အခု သူက ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ကုိ အခ်ိန္မီပူးေပါင္းခဲ့ျခင္းမရွိတဲ့အျပင္ အသင္းဆီ အေၾကာင္းၾကားတာလည္းမရွိတာေၾကာင့္ သူ႔ရဲ႕အနာဂတ္သတင္းေတြက ပုိၿပီးလႈပ္ခတ္လာတာပါ။

Willian

Willian

လန္ဒန္ၿမိဳ႕ကုိ ၀ီလီယံ အခ်ိန္မီ မျပန္ႏုိင္တဲ့အေၾကာင္းရင္းက Passport သက္တမ္း ကုန္ဆုံးသြားတာေၾကာင့္ျဖစ္တယ္လုိ႔ သိရေပမယ့္ နည္းျပဆာရီကေတာ့ အဲဒီအေၾကာင္းျပခ်က္ကုိ သိပ္စိတ္ေက်နပ္ပုံမရပါဘူး။ အာဆင္နယ္အသင္းနဲ႔ကစားခဲ့တဲ့ ICC ပဲြအၿပီးသတင္းစာရွင္းလင္းပဲြမွာ ဆာရီက “၀ီလီယံနဲ႔ပတ္သက္တဲ့ေမးခြန္းေတြကုိ မေျဖခင္ သူနဲ႔ကၽြန္ေတာ္ ေတြ႕ဆုံစကားေျပာခ်င္ပါတယ္။ ၀ီလီယံရဲ႕လုပ္ရပ္ကုိ ကၽြန္ေတာ္ စိတ္တိုင္းမက်ေပမယ့္ သူ႔ကုိ ကၽြန္ေတာ္ ေတြ႕ဆုံစကားေျပာသြားမွာပါ”လုိ႔ ေျပာၾကားခဲ့တယ္။

Hazard-and-Courtois

Hazard-and-Courtois

ဒီေႏြရာသီမွာ ခ်ယ္လ္ဆီးအသင္းကေန ထြက္ခြာဖုိ႔ သတင္းထြက္ေနတာက ၀ီလီယံတစ္ဦးတည္း မဟုတ္ဘဲ ဟာဇက္ Hazard ၊ ေကာ္တိုအာ Courtois တို႔လည္း ပါ၀င္ေနတယ္။ ဟာဇက္နဲ႔ ေကာ္တိုအာကုိ လာလီဂါထိပ္သီးကလပ္ ရီးယဲလ္အသင္းက ေခၚယူလုိေနတာျဖစ္ၿပီး ဒီ(၃)ဦးရဲ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ မီဒီယာေတြက ေမးျမန္းခဲ့တာမွာ ဆာရီက”အခုအခ်ိန္မွာေတာ့ ဘာမွ မေျပာႏုိင္ေသးပါဘူး။ လာမယ့္စေနေန႔က်ရင္ေတာ့ သူတို႔နဲ႔ ပထမဆုံးအႀကိမ္ ကၽြန္ေတာ္ေတြ႕ဆုံသြားမွာပါ။ လတ္တလာကေတာ့ ဘာသတင္းကုိမွ ကၽြန္ေတာ္ အတည္မျပဳႏုိင္ေသးပါဘူး”လုိ႔ ေျဖၾကားခဲ့တယ္။

REF:sportskeeda
Photo:The Telegraph,cdn,JOE.co.uk
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အသင်းနဲ့ ပြန်ပူးပေါင်းဖို့ နောက်ကျခဲ့လို့ ဝီလီယံ Willian ကို မကျေမနပ်ဖြစ်နေတဲ့ ဆာရီ Sarri

ချယ်လ်ဆီးနည်းပြ ဆာရီ Sarri ဟာ သတ်မှတ်ထားတဲ့ရက်မှာ အသင်းနဲ့ပူးပေါင်းခြင်းမရှိဘဲ နောက်ကျခဲ့တဲ့ ဝီလီယံ Willian ကို မကျေမနပ်ဖြစ်နေပြီး ခေါ်ယူသတိပေးသွားဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ မန်ယူ၊ ရီးယဲလ်အသင်းတို့ရဲ့ ပစ်မှတ် ဝီလီယံဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့နီးစပ်နေသူဖြစ်ပြီး အခု သူက ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကို အချိန်မီပူးပေါင်းခဲ့ခြင်းမရှိတဲ့အပြင် အသင်းဆီ အကြောင်းကြားတာလည်းမရှိတာကြောင့် သူ့ရဲ့အနာဂတ်သတင်းတွေက ပိုပြီးလှုပ်ခတ်လာတာပါ။

Willian

Willian

လန်ဒန်မြို့ကို ဝီလီယံ အချိန်မီ မပြန်နိုင်တဲ့အကြောင်းရင်းက Passport သက်တမ်း ကုန်ဆုံးသွားတာကြောင့်ဖြစ်တယ်လို့ သိရပေမယ့် နည်းပြဆာရီကတော့ အဲဒီအကြောင်းပြချက်ကို သိပ်စိတ်ကျေနပ်ပုံမရပါဘူး။ အာဆင်နယ်အသင်းနဲ့ကစားခဲ့တဲ့ ICC ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဆာရီက “ဝီလီယံနဲ့ပတ်သက်တဲ့မေးခွန်းတွေကို မဖြေခင် သူနဲ့ကျွန်တော် တွေ့ဆုံစကားပြောချင်ပါတယ်။ ဝီလီယံရဲ့လုပ်ရပ်ကို ကျွန်တော် စိတ်တိုင်းမကျပေမယ့် သူ့ကို ကျွန်တော် တွေ့ဆုံစကားပြောသွားမှာပါ”လို့ ပြောကြားခဲ့တယ်။

Hazard-and-Courtois

Hazard-and-Courtois

ဒီနွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ သတင်းထွက်နေတာက ဝီလီယံတစ်ဦးတည်း မဟုတ်ဘဲ ဟာဇက် Hazard ၊ ကော်တိုအာ Courtois တို့လည်း ပါဝင်နေတယ်။ ဟာဇက်နဲ့ ကော်တိုအာကို လာလီဂါထိပ်သီးကလပ် ရီးယဲလ်အသင်းက ခေါ်ယူလိုနေတာဖြစ်ပြီး ဒီ(၃)ဦးရဲ့အနာဂတ်နဲ့ပတ်သက်လို့ မီဒီယာတွေက မေးမြန်းခဲ့တာမှာ ဆာရီက”အခုအချိန်မှာတော့ ဘာမှ မပြောနိုင်သေးပါဘူး။ လာမယ့်စနေနေ့ကျရင်တော့ သူတို့နဲ့ ပထမဆုံးအကြိမ် ကျွန်တော်တွေ့ဆုံသွားမှာပါ။ လတ်တလာကတော့ ဘာသတင်းကိုမှ ကျွန်တော် အတည်မပြုနိုင်သေးပါဘူး”လို့ ဖြေကြားခဲ့တယ်။

REF:sportskeeda
Photo:The Telegraph,cdn,JOE.co.uk
Naing Linn(Akhayar)
www.akhayar.com