[Zawgyi]

ရာသီအဖြင့္ကုိ ဆုဖလားရယူၿပီး စတင္ဖုိ႔ ဆႏၵရွိေနတဲ့ ခ်ယ္လ္ဆီးနည္းျပ ဆာရီ Serri

ခ်ယ္လ္ဆီးအသင္းနည္းျပသစ္ ဆာရီ Serri ဟာ ရာသီသစ္အဖြင့္ကုိ ဆုဖလားရယူၿပီး စတင္ဖုိ႔ ဆႏၵရွိေနတယ္လုိ႔ ၀န္ခံခဲ့တာေၾကာင့္ ကြန္ျမဴနတီဒုိင္းကို အရယူဖုိ႔ ပစ္မွတ္ထားေနပုံပါပဲ။ ခ်ယ္လ္ဆီးအသင္းဟာ ကြန္ျမဴနတီဒုိင္းပဲြအျဖစ္ မန္စီးတီးနဲ႔ ဒီေန႔(တနဂၤေႏြ) ျမန္မာစံေတာ္ခ်ိန္ ည(၈း၃၀)မွာ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ခ်ယ္လ္ဆီးနည္းျပသစ္ ဆာရီအတြက္ေတာ့ အဂၤလန္ေျမမွာ ပထမဆုံးရင္ဆုိင္ရမယ့္ ပဲြတစ္ပဲြျဖစ္ပါတယ္။ ဆာရီဟာ နာပုိလီအသင္းကုိ ကုိင္တြယ္ခဲ့တုန္းက ဂြါဒီယုိလာ Guardiola ရဲ႕ မန္စီးတီးအသင္းနဲ႔ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္အုပ္စုမွာ ဆုံေတြ႕ခဲ့ဖူးၿပီး ႏွစ္ေက်ာ႔စလုံး ႐ႈံးနိမ့္ခဲ့တယ္။

Serri-and-Guardiola

Serri-and-Guardiola

ဒါေပမဲ့လည္း ဆာရီက အခုကစားမယ့္ ကြန္ျမဴနတီဒုိင္းပဲြမွာေတာ့ ဂြါဒီယုိလာကုိ ပထမဆုံးအႀကိမ္ အႏုိင္ရယူဖုိ႔ ဆႏၵရွိေနတာပဲျဖစ္ပါတယ္။ ဆာရီက “ရာသီအဖြင့္ကုိ ဆုဖလားတစ္ခုနဲ႔ စတင္ႏုိင္ဖုိ႔က အေရးႀကီးတယ္လုိ႔ ကၽြန္ေတာ္ ယူဆပါတယ္။ ေနာက္ထပ္ ေျခလွမ္းသစ္တစ္ခု လွမ္းႏုိင္ဖုိ႔အတြက္လည္း ပါပါတယ္။ ဒီအသင္းမွာ ဘယ္ေလာက္အၾကာႀကီး ကၽြန္ေတာ္ ဆက္ရွိမလဲဆိုတာက အသင္းအေပၚမွာပဲ မူတည္တယ္။ တကယ္လုိ႔ ခ်ယ္လ္ဆီးအသင္းမွာ ေနာက္ထပ္ (၁၀)ႏွစ္ေလာက္ ဆက္ရွိခ်င္တယ္ဆုိရင္ေတာ့ ဆုဖလားေတြ ရယူမွ ျဖစ္မွာပါ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

REF:sportskeeda
Photo:The National,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရာသီအဖွင့်ကို ဆုဖလားရယူပြီး စတင်ဖို့ ဆန္ဒရှိနေတဲ့ ချယ်လ်ဆီးနည်းပြ ဆာရီ Serri

ချယ်လ်ဆီးအသင်းနည်းပြသစ် ဆာရီ Serri ဟာ ရာသီသစ်အဖွင့်ကို ဆုဖလားရယူပြီး စတင်ဖို့ ဆန္ဒရှိနေတယ်လို့ ဝန်ခံခဲ့တာကြောင့် ကွန်မြူနတီဒိုင်းကို အရယူဖို့ ပစ်မှတ်ထားနေပုံပါပဲ။ ချယ်လ်ဆီးအသင်းဟာ ကွန်မြူနတီဒိုင်းပွဲအဖြစ် မန်စီးတီးနဲ့ ဒီနေ့(တနင်္ဂနွေ) မြန်မာစံတော်ချိန် ည(၈း၃၀)မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ချယ်လ်ဆီးနည်းပြသစ် ဆာရီအတွက်တော့ အင်္ဂလန်မြေမှာ ပထမဆုံးရင်ဆိုင်ရမယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။ ဆာရီဟာ နာပိုလီအသင်းကို ကိုင်တွယ်ခဲ့တုန်းက ဂွါဒီယိုလာ Guardiola ရဲ့ မန်စီးတီးအသင်းနဲ့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်အုပ်စုမှာ ဆုံတွေ့ခဲ့ဖူးပြီး နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့တယ်။

Serri-and-Guardiola

Serri-and-Guardiola

ဒါပေမဲ့လည်း ဆာရီက အခုကစားမယ့် ကွန်မြူနတီဒိုင်းပွဲမှာတော့ ဂွါဒီယိုလာကို ပထမဆုံးအကြိမ် အနိုင်ရယူဖို့ ဆန္ဒရှိနေတာပဲဖြစ်ပါတယ်။ ဆာရီက “ရာသီအဖွင့်ကို ဆုဖလားတစ်ခုနဲ့ စတင်နိုင်ဖို့က အရေးကြီးတယ်လို့ ကျွန်တော် ယူဆပါတယ်။ နောက်ထပ် ခြေလှမ်းသစ်တစ်ခု လှမ်းနိုင်ဖို့အတွက်လည်း ပါပါတယ်။ ဒီအသင်းမှာ ဘယ်လောက်အကြာကြီး ကျွန်တော် ဆက်ရှိမလဲဆိုတာက အသင်းအပေါ်မှာပဲ မူတည်တယ်။ တကယ်လို့ ချယ်လ်ဆီးအသင်းမှာ နောက်ထပ် (၁၀)နှစ်လောက် ဆက်ရှိချင်တယ်ဆိုရင်တော့ ဆုဖလားတွေ ရယူမှ ဖြစ်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF:sportskeeda
Photo:The National,Getty Images
Naing Linn(Akhayar)
www.akhayar.com