[Zawgyi]

ကိုရီးယားသြားခ်င္ေနတဲ့ KPopper ေလးေတြကို ေခၚသြားရမယ့္ကိုရီးယားစာစစ္စစ္ဆိုင္ေလး

ကိုရီးယားစာကို ကိုရီးယားစစ္စစ္ေတြစားတဲ့ အရသာအတိုင္း အထာက်က်စားလို႔ရၿပီဆို…?

ကြ်န္ေတာ့္မွာ အိပ္မက္တစ္ခုရွိတယ္။ တစ္ေန႔ကိုရီးယားေရာက္ကို ေရာက္ရမယ္ဆိုတဲ့ KPopper ေလးေတြ ကိုရီးယားမေရာက္ခင္ ကိုရီးယားစာေတြနဲ႔ ရင္းႏွီးထားေအာင္ သြားကိုသြားသင့္တဲ့ စားေသာက္ဆိုင္ေလး အခရာက ဒီတစ္ပတ္ေရာက္ခဲ့တယ္။

ကိုရီးယားလူမ်ိဳးေတြဆိုတာ သူတို႔ႏိုင္ငံကို အစားအစာနဲ႔တမ်ိဳး၊ ႐ုပ္ရွင္စီးရီး ဇာတ္လမ္းတြဲေတြနဲ႔ တဖံု၊ လည္စရာပတ္စရာ ေနရာလွလွေတြနဲ႔ တသြယ္ လာလည္ခ်င္ေအာင္ Promote လုပ္တဲ့ေနရာမွာ သိပ္ေတာ္တယ္ ေျပာရမယ္။ သူတို႔စားျပတဲ့ ငါးအူေခ်ာင္းႀကီးေတြ၊ နီရဲရဲ ေတာ့ပုကီေတြ၊ ထမင္းလိပ္ေတြဆိုတာ TV ထဲၾကည့္ရင္းကို သြားေရက်ခဲ့ရတာမို႔လား?

ခုေတာ့ ရန္ကုန္မွာ ကိုရီးယားဆိုင္ေတြမိႈလိုေပါက္လာၿပီ။ ငါးအူေခ်ာင္းဆိုတာကလည္း မျမင္ခ်င္မွအဆံုး ေနရာတိုင္းမွာရလာၿပီ။ ဒါေပမယ့္ တကယ့္ ကိုရီးယားကလာတဲ့ပစၥည္းစစ္စစ္ေတြ၊ ကုန္ၾကမ္းေတြနဲ႔လုပ္ထားတဲ့ အစားအစာေတြကို ရတဲ့ ဒီဆိုင္ေလးကေတာ့ ေဂၚတယ္ေျပာရမယ္။

ဆိုင္နာမည္ေလးက Sarangchae တဲ႔။ ကိုရီးယားလိုဆို နင့္ကိုငါခ်စ္တယ္ေပါ့ေလ။ ဝင္ဝင္ခ်င္းကို ရည္းစားစကားေျပာခံရသလိုပဲ။ FA ေလးေတြ ပိုသြားသင့္ပါတယ္။ (စတာပါ…စတာပါ)

ဒီဆိုင္ေလးက ကိုရီးယားအစားအေသာက္ေတြရဲ႕ပင္မ၊ ငါးအူေခ်ာင္းနဲ႔ ေတာ့ပုကီတို႔ရဲ႕ မူလပထမအစ Pro Mart ကေန ဖြင့္ထားတာဆိုပဲ။

အျပင္အဆင္ သန္႔ရွင္းမႈ

ဆိုင္ကေလးက ရွင္းရွင္းလင္းလင္းေလး။ အဝင္ဝမွာ ပန္းအိုးလွလွႀကီးေတြနဲ႔ အလွဆင္ထားတယ္။ အျပင္အဆင္အေနအထား ေတာ္ေတာ္ကို သန္႔ရွင္းတယ္။ နံရံေထာင့္မွာ Projector ႀကီးနဲ႔ ကိုရီးယားသီခ်င္းေတြ တေနကုန္ဖြင့္တယ္။ အလင္းေရာင္လည္း ေကာင္းတယ္။ လူငယ္ေလးေတြ ထိုင္လို႔သိပ္ေကာင္းတဲ့ေနရာေလးပဲ။ KPopper မေလးေတြ Shopping ထြက္ရင္း ထိုင္လို႔ႀကိဳက္ၾကမွာ ေသခ်ာတယ္။

အစားအေသာက္

ကိုရီးယားစာေတြထဲကမွ ဒီမွာ နာမည္ႀကီးနဲ႔ အစားအစာေတာ္ေတာ္မ်ားမ်ားကို ေရာင္းတယ္။ ေတာ့ပုကီဗန္းႀကီးခ်ထားတာ စားခ်င္စရာ။ ငါးအူေခ်ာင္းကေတာ့ မူလဘူတအရသာ တစ္ေခ်ာင္း ၇၀၀ နဲ႔ စားေကာင္းဆဲပဲ။

ထမင္းလိပ္၊ ၾကက္ဥထမင္းလိပ္၊ ေက်ာက္အိုးပူထမင္းသုပ္၊ ေခါက္ဆြဲေအး၊ ကင္ခ်ီစတူး၊ ဝက္သားဘူဂိုဂီ၊ အမဲသားဘူဂိုဂီ၊ တျခား ကိုရီးယားစာ စံုပလံုစိစိရပါသတဲ့။

ကိုရီးယားသစ္သီးဗီနီဂါေဖ်ာ္ရည္ေလးေတြ၊အပူေအးစက္ေတြနဲ႔ ထည့္ေပးတဲ့ေကာ္ဖီေမႊးေမႊးေတြရတယ္။ ေရာင္စံုကိုရီးယားေရခဲေခ်ာင္းေတြဆိုတာ စားခ်င္စရာ ကိုယ့္မ်က္ေစ့ေရွ႕တင္ပဲ။

စားခဲ့တာ ေျပာရရင္-

ကင္ခ်ီဟင္းရည္

ခ်ဥ္စပ္ကိုမွ ကင္ခ်ီအခ်ဥ္ပိုကဲတယ္။ ၾကက္၊ ဝက္ ၂မ်ိဳးရတယ္။ ဝက္ကပိုေကာင္းတယ္။ ပဲျပားတံုးေလးေတြနဲ႔ ေသာက္ေကာင္းတယ္။ ေလာေလာ ေလာေလာေသာက္ခ်လို႔ သီးရင္ေတာ့ အေတာ္ဆိုးမယ့္အမ်ိဳး။ အိုးေလးေသးတာကိုေတာ့ စိတ္မေကာင္းဆံုးပဲ။ ကိုရီးယား အရသာစစ္စစ္ဆိုေတာ့လည္း ၃၅၀၀ နဲ႔ ေျဖလိုက္ပါတယ္ေလ။

ၾကက္ဥ Nude လိပ္တဲ့

ၾကက္ဥလိပ္ေတာင္မွ Sexy ဆန္လာၿပီ။ တမ်ိဳးမထင္နဲ႔ဗ်ိဳ႕။ သူ႕ Nude သေဘာက ၾကက္ဥခ်ည္း လိပ္ထားမယ့္ပံုေပါ့ေနာ္။ ေရာက္ခ်လာေတာ့ ထမင္းခပ္မ်ားမ်ားနဲ႔ ၾကက္ဥလိပ္က အလယ္ေလးမွာ။ၾကက္ဥထမင္းလိပ္ဆိုပိုမွန္တယ္။ ႏွမ္းနံ့ေမႊးေမႊး ေစးေစးေလးနဲ႔ စားလို႔ကေတာ့ေကာင္းသား။ သူက ၂၅၀၀ တဲ့။ ေစ်းေတာ့ၾကီးတယ္။

ေက်ာက္အိုးပူထမင္းသုပ္

ကိုရီးယားကားေတြထဲမွာ ခနခနေတြ႕ရတယ္ေလ။ ၾကက္ဥအႏွစ္စိမ္းစိမ္းေလးကို ေဖာက္ၿပီး ထမင္းေပ်ာ့ေပ်ာ့ေလးနဲ႔၊ ကိုရီးယားင႐ုတ္ႏွစ္ရယ္၊ ပဲပင္ေပါက္၊ ေဂၚဖီ၊ ႏွမ္း အဆာပလာေရာႏွယ္ဖတ္စားရတာေပါ့။ စားရတာေတာ့ ခ်ိဳတိုတို၊ ေပါ့ေတာ့ေတာ့ေလး။ တမ်ိဳးတဖံု စားလို႔ေကာင္းသား။ ႀကိဳက္ေတာ့ မႀကိဳက္မိဘူး။ ဒါေလးက ၃၅၀၀။

ေသာက္စရာက အသီးေဖ်ာ္ရည္ကိုမွ သစ္သီးဗီနီဂါတဲ႔ ခပ္ခ်ဥ္ခ်ဥ္ေလးေတြပဲ။ ခ်ဥ္စူးေနေပမယ့္ ေသာက္လို႔ေကာင္းတယ္။ တစ္ခြက္ ၇၀၀ တဲ့။

ဝန္ေဆာင္မႈ

ဒါကေတာ့ စိတ္ခ်မ္းသာတယ္။ ဝန္ထမ္းနည္းေပမယ့္ သေဘာေကာင္းတယ္။ ေသခ်ာရွင္းျပတယ္။ အမွတ္ျပည့္ေပးပါတယ္။

ေနရာအေနထား

စံရိပ္ၿငိမ္ ဂမုန္းပြင့္ အေပၚဆံုးထပ္မွာဆိုေတာ့ Parking အတြက္ ခက္မယ္ထင္တာပဲ။ ကားနဲ႔ဆို ၆၅ ၊ ၂၁၊ ၃၀ ၊ ၄၁ တို႔ေရာက္တယ္။ အဓိကကေတာ့ ထိုင္လို႔ေကာင္းတယ္။ ႐ုပ္ရွင္ရံုရွိတဲ့အထပ္ဆိုေတာ့ ႐ုပ္ရွင္မၾကည့္ခင္ ေအးေဆးထိုင္စားလို႔ရတယ္။

ကိုရီးယားမေရာက္ခင္ ကိုရီးယားစာစစ္စစ္ကဒီလိုပါလားဆိုတာ သိဖို႔ဆိုရင္ေတာ့ တစ္ေခါက္ေလာက္ သြားကိုစားၾကည့္သင့္ပါတယ္လို႔။ မေရာက္သြားဖူးလို႔ ေျပာလို႔မရဘူးေလေနာ့။ ဒါမ်ိဳးက စားက်င့္ရွိထားႏိုင္ကာမွ။

ကဲ…လခထုတ္ၿပီဆို၊ ပိတ္ရက္ေရာက္ၿပီဆိုမွတ္မွတ္ရရ ဒိတ္လွလွလုပ္ရင္း စံရိပ္ၿငိမ္ဂမုန္းပြင့္မ်ား ေရာက္ခဲ့ရင္ေတာ့ ဒီကိုရီးယားဆိုင္ေလးကိုလည္း ေရြးခ်ယ္ထိုင္ၾကည့္သင့္ပါေၾကာင္း။

ခ်စ္လွစြာေသာ
FoodieEi (Akhayar)

[Unicode]

ကိုရီးယားသွားချင်နေတဲ့ KPopper လေးေတြကို ခေါ်သွားရမယ့်ကိုရီးယားစာစစ်စစ်ဆိုင်လေး

ကိုရီးယားစာကို ကိုရီးယားစစ်စစ်တွေစားတဲ့ အရသာအတိုင်း အထာကျကျစားလို့ရပြီဆို…?

ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကိုရီးယားရောက်ကို ရောက်ရမယ်ဆိုတဲ့ KPopper လေးတွေ ကိုရီးယားမရောက်ခင် ကိုရီးယားစာတွေနဲ့ ရင်းနှီးထားအောင် သွားကိုသွားသင့်တဲ့ စားသောက်ဆိုင်လေး အခရာက ဒီတစ်ပတ်ရောက်ခဲ့တယ်။

ကိုရီးယားလူမျိုးတွေဆိုတာ သူတို့နိုင်ငံကို အစားအစာနဲ့တမျိုး၊ ရုပ်ရှင်စီးရီး ဇာတ်လမ်းတွဲတွေနဲ့ တဖုံ၊ လည်စရာပတ်စရာ နေရာလှလှတွေနဲ့ တသွယ် လာလည်ချင်အောင် Promote လုပ်တဲ့နေရာမှာ သိပ်တော်တယ် ပြောရမယ်။ သူတို့စားပြတဲ့ ငါးအူချောင်းကြီးတွေ၊ နီရဲရဲ တော့ပုကီတွေ၊ ထမင်းလိပ်တွေဆိုတာ TV ထဲကြည့်ရင်းကို သွားရေကျခဲ့ရတာမို့လား?

ခုတော့ ရန်ကုန်မှာ ကိုရီးယားဆိုင်တွေမှိုလိုပေါက်လာပြီ။ ငါးအူချောင်းဆိုတာကလည်း မမြင်ချင်မှအဆုံး နေရာတိုင်းမှာရလာပြီ။ ဒါပေမယ့် တကယ့် ကိုရီးယားကလာတဲ့ပစ္စည်းစစ်စစ်တွေ၊ ကုန်ကြမ်းတွေနဲ့လုပ်ထားတဲ့ အစားအစာတွေကို ရတဲ့ ဒီဆိုင်လေးကတော့ ဂေါ်တယ်ပြောရမယ်။

ဆိုင်နာမည်လေးက Sarangchae တဲ့။ ကိုရီးယားလိုဆို နင့်ကိုငါချစ်တယ်ပေါ့လေ။ ဝင်ဝင်ချင်းကို ရည်းစားစကားပြောခံရသလိုပဲ။ FA လေးတွေ ပိုသွားသင့်ပါတယ်။ (စတာပါ…စတာပါ)

ဒီဆိုင်လေးက ကိုရီးယားအစားအသောက်တွေရဲ့ပင်မ၊ ငါးအူချောင်းနဲ့ တော့ပုကီတို့ရဲ့ မူလပထမအစ Pro Mart ကနေ ဖွင့်ထားတာဆိုပဲ။

အပြင်အဆင် သန့်ရှင်းမှု

ဆိုင်ကလေးက ရှင်းရှင်းလင်းလင်းလေး။ အဝင်ဝမှာ ပန်းအိုးလှလှကြီးတွေနဲ့ အလှဆင်ထားတယ်။ အပြင်အဆင်အနေအထား တော်တော်ကို သန့်ရှင်းတယ်။ နံရံထောင့်မှာ Projector ကြီးနဲ့ ကိုရီးယားသီချင်းတွေ တနေကုန်ဖွင့်တယ်။ အလင်းရောင်လည်း ကောင်းတယ်။ လူငယ်လေးတွေ ထိုင်လို့သိပ်ကောင်းတဲ့နေရာလေးပဲ။ KPopper မလေးတွေ Shopping ထွက်ရင်း ထိုင်လို့ကြိုက်ကြမှာ သေချာတယ်။

အစားအသောက်

ကိုရီးယားစာတွေထဲကမှ ဒီမှာ နာမည်ကြီးနဲ့ အစားအစာတော်တော်များများကို ရောင်းတယ်။ တော့ပုကီဗန်းကြီးချထားတာ စားချင်စရာ။ ငါးအူချောင်းကတော့ မူလဘူတအရသာ တစ်ချောင်း ၇၀၀ နဲ့ စားကောင်းဆဲပဲ။

ထမင်းလိပ်၊ ကြက်ဥထမင်းလိပ်၊ ကျောက်အိုးပူထမင်းသုပ်၊ ခေါက်ဆွဲအေး၊ ကင်ချီစတူး၊ ဝက်သားဘူဂိုဂီ၊ အမဲသားဘူဂိုဂီ၊ တခြား ကိုရီးယားစာ စုံပလုံစိစိရပါသတဲ့။

ကိုရီးယားသစ်သီးဗီနီဂါဖျော်ရည်လေးတွေ၊အပူအေးစက်တွေနဲ့ ထည့်ပေးတဲ့ကော်ဖီမွှေးမွှေးတွေရတယ်။ ရောင်စုံကိုရီးယားရေခဲချောင်းတွေဆိုတာ စားချင်စရာ ကိုယ့်မျက်စေ့ရှေ့တင်ပဲ။

စားခဲ့တာ ပြောရရင်-

ကင်ချီဟင်းရည်

ချဉ်စပ်ကိုမှ ကင်ချီအချဉ်ပိုကဲတယ်။ ကြက်၊ ဝက် ၂မျိုးရတယ်။ ဝက်ကပိုကောင်းတယ်။ ပဲပြားတုံးလေးတွေနဲ့ သောက်ကောင်းတယ်။ လောလော လောလောသောက်ချလို့ သီးရင်တော့ အတော်ဆိုးမယ့်အမျိုး။ အိုးလေးသေးတာကိုတော့ စိတ်မကောင်းဆုံးပဲ။ ကိုရီးယား အရသာစစ်စစ်ဆိုတော့လည်း ၃၅၀၀ နဲ့ ဖြေလိုက်ပါတယ်လေ။

ကြက်ဥ Nude လိပ်တဲ့

ကြက်ဥလိပ်တောင်မှ Sexy ဆန်လာပြီ။ တမျိုးမထင်နဲ့ဗျို့။ သူ့ Nude သဘောက ကြက်ဥချည်း လိပ်ထားမယ့်ပုံပေါ့နော်။ ရောက်ချလာတော့ ထမင်းခပ်များများနဲ့ ကြက်ဥလိပ်က အလယ်လေးမှာ။ကြက်ဥထမင်းလိပ်ဆိုပိုမှန်တယ်။ နှမ်းနံ့မွှေးမွှေး စေးစေးလေးနဲ့ စားလို့ကတော့ကောင်းသား။ သူက ၂၅၀၀ တဲ့။ ဈေးတော့ကြီးတယ်။

ကျောက်အိုးပူထမင်းသုပ်

ကိုရီးယားကားတွေထဲမှာ ခနခနတွေ့ရတယ်လေ။ ကြက်ဥအနှစ်စိမ်းစိမ်းလေးကို ဖောက်ပြီး ထမင်းပျော့ပျော့လေးနဲ့၊ ကိုရီးယားငရုတ်နှစ်ရယ်၊ ပဲပင်ပေါက်၊ ဂေါ်ဖီ၊ နှမ်း အဆာပလာရောနှယ်ဖတ်စားရတာပေါ့။ စားရတာတော့ ချိုတိုတို၊ ပေါ့တော့တော့လေး။ တမျိုးတဖုံ စားလို့ကောင်းသား။ ကြိုက်တော့ မကြိုက်မိဘူး။ ဒါလေးက ၃၅၀၀။

သောက်စရာက အသီးဖျော်ရည်ကိုမှ သစ်သီးဗီနီဂါတဲ့ ခပ်ချဉ်ချဉ်လေးတွေပဲ။ ချဉ်စူးနေပေမယ့် သောက်လို့ကောင်းတယ်။ တစ်ခွက် ၇၀၀ တဲ့။

ဝန်ဆောင်မှု

ဒါကတော့ စိတ်ချမ်းသာတယ်။ ဝန်ထမ်းနည်းပေမယ့် သဘောကောင်းတယ်။ သေချာရှင်းပြတယ်။ အမှတ်ပြည့်ပေးပါတယ်။

နေရာအနေထား

စံရိပ်ငြိမ် ဂမုန်းပွင့် အပေါ်ဆုံးထပ်မှာဆိုတော့ Parking အတွက် ခက်မယ်ထင်တာပဲ။ ကားနဲ့ဆို ၆၅ ၊ ၂၁၊ ၃၀ ၊ ၄၁ တို့ရောက်တယ်။ အဓိကကတော့ ထိုင်လို့ကောင်းတယ်။ ရုပ်ရှင်ရုံရှိတဲ့အထပ်ဆိုတော့ ရုပ်ရှင်မကြည့်ခင် အေးဆေးထိုင်စားလို့ရတယ်။

ကိုရီးယားမရောက်ခင် ကိုရီးယားစာစစ်စစ်ကဒီလိုပါလားဆိုတာ သိဖို့ဆိုရင်တော့ တစ်ခေါက်လောက် သွားကိုစားကြည့်သင့်ပါတယ်လို့။ မရောက်သွားဖူးလို့ ပြောလို့မရဘူးလေနော့။ ဒါမျိုးက စားကျင့်ရှိထားနိုင်ကာမှ။

ကဲ…လခထုတ်ပြီဆို၊ ပိတ်ရက်ရောက်ပြီဆိုမှတ်မှတ်ရရ ဒိတ်လှလှလုပ်ရင်း စံရိပ်ငြိမ်ဂမုန်းပွင့်များ ရောက်ခဲ့ရင်တော့ ဒီကိုရီးယားဆိုင်လေးကိုလည်း ရွေးချယ်ထိုင်ကြည့်သင့်ပါကြောင်း။

ချစ်လှစွာသော
FoodieEi (Akhayar)