[Zawgyi]

(၆၃၆)ရက္ၾကာေ၀းကြာခဲ့တဲ့ ျမက္ခင္းစိမ္းေပၚ ျပန္လည္ေျခခ်ခဲ့သူ ကာဇုိလာ Cazorla

ကာဇုိလာ Cazorla ဆုိတဲ့အမည္က ေဘာလုံးပရိသတ္ေတြၾကား ေမ့ေပ်ာက္လုနီးပါးျဖစ္ေနၿပီ။ ဒဏ္ရာျပႆနာေတြၾကားမွာ ႐ုန္းကန္ခဲ့ရတဲ့ စပိန္၀ါရင့္ကြင္းလယ္လူ ကာဇုိလာ ေဘာလုံးျပန္ကစားႏုိင္ဖုိ႔ သူ႔ရဲ႕ပရိသတ္ေတြက ဆုေတာင္းေပးခဲ့ၾကတယ္။ အခုေတာ့ ကာဇုိလာရဲ႕ပရိသတ္ေတြ ဆုေတာင္းျပည့္ခဲ့ၿပီလုိ႔ ဆုိရမယ္။ ၿပီးခဲ့တဲ့ရာသီကုန္မွာ အာဆင္နယ္အသင္းနဲ႔ လမ္းခဲြခဲ့ၿပီး အသင္းေဟာင္း ဗီလာရီးယဲလ္ကုိ တစ္ေက်ာ႔ျပန္လာခဲ့တဲ့ ကာဇုိလာ ၿပီးခဲ့တဲ့အဂၤါေန႔တုန္းက Hercules နဲ႔ကစားခဲ့တဲ့ ေျခစမ္းပဲြမွာ ဗီလာရီးယဲလ္အသငး္အတြက္ လူစား၀င္ကစားခဲ့ၿပီး (၆၃၆)ရက္ၾကာေ၀းကြာခဲ့တဲ့ ျမက္ခင္းစိမ္းေတြေပၚ ျပန္လည္ေျခခ်ခဲ့တယ္။

Cazorlas-636-day-wait-ended

Cazorlas-636-day-wait-ended

အခုပဲြမတိုင္ခင္ ဘာလုံးကြင္းထဲမွာ ကာဇုိလာကုိ ေနာက္ဆုံးျမင္ေတြ႕ခဲ့ရတာက ၂၀၁၆၊ ေအာက္တိုဘာ(၁၉)ရက္တုန္းကျဖစ္ပါတယ္။ အာဆင္နယ္နဲ႔ လူဒုိဂုိရက္အသင္းနဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြျဖစ္ၿပီး အဲဒီေနာက္ပုိင္းမွာေတာ့ ကာဇုိလာဟာ ဒဏ္ရာေတြရဲ႕သားေကာင္ျဖစ္ခဲ့ရတယ္။ (၂)ႏွစ္အတြင္း ညာဘက္ေျခဖေနာင့္ေက်ာကုိ ခဲြစိတ္ကုသမႈခံခဲ့ရတဲ့အႀကိမ္က (၁၀)ႀကိမ္အထိရွိခဲ့ၿပီး ဘယ္ေလာက္အထိ ဆုိးခဲ့သလဲဆုိရင္ သူ႔ဘယ္လက္က အသားနဲ႔ေတာင္ အစားထုိးခဲြစိတ္ကုသခဲ့ရတဲ့အထိျဖစ္ခဲ့တယ္။

Santi-Cazorla-Injury-Operation

Santi-Cazorla-Injury-Operation

ဒီလုိအေျခအေနဆုိးနဲ႔ ရင္ဆုိင္ခဲ့ရေပမယ့္ ကာဇုိလာက ေဘာလုံးသမားဘ၀ကုိ လက္မေလွ်ာ႔ခဲ့ဘူး။ တစ္ခ်ိန္ခ်ိန္မွာ ေဘာလုံးကြင္းထဲ ျပန္ေျခခ်ႏုိင္ရမယ္ဆုိတဲ့ စိတ္ဓာတ္ျပင္းထန္မႈေၾကာင့္ အခုအခ်ိန္အထိ ေဘာလုံးသမားအျဖစ္ သူ ဆက္လက္ရပ္တည္ေနတာလည္းျဖစ္တယ္။ အသက္(၃၃)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကာဇုိလာကုိ သူ႔အသင္းေဟာင္း ဗီလာရီးယဲလ္နဲ႔ အသင္းပရိသတ္ေတြက လိႈက္လိႈက္လွဲလွဲႀကိဳဆုိခဲ့ၿပီး ေဘာလုံးျပန္ကစားႏုိင္ဖုိ႔ အားေပးမႈေတြ လုပ္ခဲ့ၾကတယ္။

Santi-Cazorla-was-able-to-get-back-into-playing-action-

Santi-Cazorla-was-able-to-get-back-into-playing-action-

Hercules နဲ႔ေျခစမ္းပဲြ (၆၇)မိနစ္အေရာက္မွာ ကာဇုိလာ လူစား၀င္ကစားခဲ့ၿပီး ပရိသတ္ေတြက မတ္တတ္ရက္ လက္ခုပ္တီးဂုဏ္ျပဳခဲ့တယ္။ လာမယ့္ရာသီသစ္မွာ ႀကံ့ခုိင္မႈအျပည့္နဲ႔ကစားႏုိင္ဖုိ႔ ကာဇုိလာဟာ ရာသီႀကိဳေျခစမ္းပဲြေတြမွာ တျဖည္းျဖည္းျပန္တည္ေဆာက္ရေတာ့မွာပါ။ ဘာပဲျဖစ္ျဖစ္ လြယ္လြယ္ကူကူ အေလ်ာ႔မေပးဘဲ ေဘာလုံးေလာကမွာ ဆက္လက္ရွင္သန္ဖုိ႔ ျပင္းျပတဲ့စိတ္ဓာတ္နဲ႔ ႀကိဳးစားခဲ့တဲ့ ကာဇုိလာကုိ ကၽြန္ေတာ္တို႔ အားလုံး ႀကိဳဆုိဂုဏ္ျပဳလုိက္ၾကေအာင္လား . . . .

ကာဇုိလာရဲ႕ ကစားသမားဘ၀ ေအာငျ္မင္မႈမွတ္တမ္း

Villarreal
UEFA Intertoto Cup: 2004
Arsenal
FA Cup: 2013–14, 2014–15
FA Community Shield: 2014, 2015

International
Spain
UEFA European Championship: 2008, 2012

REF:Marca
Photo:Marca,Mirror,Metro,YouTube
Naing Linn(Akhayar)
www.akhayar.com

[Unicode]

(၆၃၆)ရက်ကြာဝေးကွာခဲ့တဲ့ မြက်ခင်းစိမ်းပေါ် ပြန်လည်ခြေချခဲ့သူ ကာဇိုလာ Cazorla

ကာဇိုလာ Cazorla ဆိုတဲ့အမည်က ဘောလုံးပရိသတ်တွေကြား မေ့ပျောက်လုနီးပါးဖြစ်နေပြီ။ ဒဏ်ရာပြဿနာတွေကြားမှာ ရုန်းကန်ခဲ့ရတဲ့ စပိန်ဝါရင့်ကွင်းလယ်လူ ကာဇိုလာ ဘောလုံးပြန်ကစားနိုင်ဖို့ သူ့ရဲ့ပရိသတ်တွေက ဆုတောင်းပေးခဲ့ကြတယ်။ အခုတော့ ကာဇိုလာရဲ့ပရိသတ်တွေ ဆုတောင်းပြည့်ခဲ့ပြီလို့ ဆိုရမယ်။ ပြီးခဲ့တဲ့ရာသီကုန်မှာ အာဆင်နယ်အသင်းနဲ့ လမ်းခွဲခဲ့ပြီး အသင်းဟောင်း ဗီလာရီးယဲလ်ကို တစ်ကျော့ပြန်လာခဲ့တဲ့ ကာဇိုလာ ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက Hercules နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဗီလာရီးယဲလ်အသင်းအတွက် လူစားဝင်ကစားခဲ့ပြီး (၆၃၆)ရက်ကြာဝေးကွာခဲ့တဲ့ မြက်ခင်းစိမ်းတွေပေါ် ပြန်လည်ခြေချခဲ့တယ်။

Cazorlas-636-day-wait-ended

Cazorlas-636-day-wait-ended

အခုပွဲမတိုင်ခင် ဘာလုံးကွင်းထဲမှာ ကာဇိုလာကို နောက်ဆုံးမြင်တွေ့ခဲ့ရတာက ၂၀၁၆၊ အောက်တိုဘာ(၁၉)ရက်တုန်းကဖြစ်ပါတယ်။ အာဆင်နယ်နဲ့ လူဒိုဂိုရက်အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ကာဇိုလာဟာ ဒဏ်ရာတွေရဲ့သားကောင်ဖြစ်ခဲ့ရတယ်။ (၂)နှစ်အတွင်း ညာဘက်ခြေဖနောင့်ကျောကို ခွဲစိတ်ကုသမှုခံခဲ့ရတဲ့အကြိမ်က (၁၀)ကြိမ်အထိရှိခဲ့ပြီး ဘယ်လောက်အထိ ဆိုးခဲ့သလဲဆိုရင် သူ့ဘယ်လက်က အသားနဲ့တောင် အစားထိုးခွဲစိတ်ကုသခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။

Santi-Cazorla-Injury-Operation

Santi-Cazorla-Injury-Operation

ဒီလိုအခြေအနေဆိုးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကာဇိုလာက ဘောလုံးသမားဘဝကို လက်မလျှော့ခဲ့ဘူး။ တစ်ချိန်ချိန်မှာ ဘောလုံးကွင်းထဲ ပြန်ခြေချနိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်မှုကြောင့် အခုအချိန်အထိ ဘောလုံးသမားအဖြစ် သူ ဆက်လက်ရပ်တည်နေတာလည်းဖြစ်တယ်။ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာဇိုလာကို သူ့အသင်းဟောင်း ဗီလာရီးယဲလ်နဲ့ အသင်းပရိသတ်တွေက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပြီး ဘောလုံးပြန်ကစားနိုင်ဖို့ အားပေးမှုတွေ လုပ်ခဲ့ကြတယ်။

Santi-Cazorla-was-able-to-get-back-into-playing-action-

Santi-Cazorla-was-able-to-get-back-into-playing-action-

Hercules နဲ့ခြေစမ်းပွဲ (၆၇)မိနစ်အရောက်မှာ ကာဇိုလာ လူစားဝင်ကစားခဲ့ပြီး ပရိသတ်တွေက မတ်တတ်ရက် လက်ခုပ်တီးဂုဏ်ပြုခဲ့တယ်။ လာမယ့်ရာသီသစ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ကစားနိုင်ဖို့ ကာဇိုလာဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ တဖြည်းဖြည်းပြန်တည်ဆောက်ရတော့မှာပါ။ ဘာပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ အလျော့မပေးဘဲ ဘောလုံးလောကမှာ ဆက်လက်ရှင်သန်ဖို့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့ ကြိုးစားခဲ့တဲ့ ကာဇိုလာကို ကျွန်တော်တို့ အားလုံး ကြိုဆိုဂုဏ်ပြုလိုက်ကြအောင်လား . . . .

ကာဇိုလာရဲ့ ကစားသမားဘဝ အောြင်မင်မှုမှတ်တမ်း

Villarreal
UEFA Intertoto Cup: 2004
Arsenal
FA Cup: 2013–14, 2014–15
FA Community Shield: 2014, 2015

International
Spain
UEFA European Championship: 2008, 2012

REF:Marca
Photo:Marca,Mirror,Metro,YouTube
Naing Linn(Akhayar)
www.akhayar.com