[Zawgyi]

ဂ်ာမနီအသင္းရဲ႕ အၿပီးသတ္(၂၃)ဦးစာရင္းမွာ အံ့အားသင့္ဖြယ္ ခ်န္လွပ္ခံခ့ဲရတဲ့ ဆာေနး Sane

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ အၿပီးသတ္ ကစားသမား(၂၃)ဦးကုိ နည္းျပဂ်ိဳအာခ်င္လုိး Joachim Low ထုတ္ျပန္ေၾကညာခဲ့ၿပီး မန္စီးတီးအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဆာေနး Sane ကုိ အံ့အားသင့္စ ရာေကာင္းေလာက္ေအာင္ ခ်န္လွပ္ခဲ့ပါတယ္။ ဆာေနးဟာ ၂၀၁၇-၁၈ ရာသီက မန္စီးတီးအသင္း ပရီးမီးယားလိဂ္ ခ်န္ပီယံဆုရရွိခဲ့တာမွာ အဓိက အခန္းက႑က ပါ၀င္ခဲ့သလုိ PFA လူငယ္အေကာင္းဆုံးကစားသ မားဆုကုိပါ ဆြတ္ခူးႏုိင္ခဲ့တယ္။

Sane-LEFT-OUT-of-Germanys-final-World-Cup-squad-

Sane-LEFT-OUT-of-Germanys-final-World-Cup-squad-

ဒါ့အျပင္ မန္စီးတီးအသင္းအတြက္ (၁၄)ဂုိးသြင္း ဂုိးဖန္တီးမႈ (၁၅)ႀကိမ္အထိ ျပဳလုပ္ခဲ့တာေၾကာင့္ ဆာေနးကုိ ခ်န္လွပ္ခဲ့တဲ့ ဂ်ိဳအာခ်င္လုိးရဲ႕ ဆုံးျဖတ္ခ်က္က အံ့အားသင့္စရာပါ။ ဂ်ိဳအာခ်င္လုိးက “ဆာေနးရဲ႕ စြမ္းေဆာင္ရည္က အံ့မခန္းျဖစ္ၿပီး ႏုိင္ငံတကာအဆင့္မွာ အဲဒီလုိ စြမ္းေဆာင္ရည္မ်ိဳး လုိအပ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဆာေနးဟာ မန္စီးတီးအသင္းဟာ ရင့္က်က္မႈကုိ ျပသႏုိင္ ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ ႀကံ့ခုိင္မႈအသားေပးကစားတဲ့ ပုံစံက သူ႔ကုိ ႀကံ့ခုိင္သန္စြမ္းေစခဲ့ပါတယ္။ သူ႔ရဲ႕ ေျခစြမ္း ဒီထက္ပုိတိုးတက္ေအာင္ ႀကိဳးစားႏုိင္မယ္ဆုိရင္ အနာဂတ္မွာ အသင္းအတြက္ ေအာင္ျမင္မႈေတြရယူႏုိင္ပါလိမ့္မယ္”လုိ႔ ဆုိခဲ့ပါတယ္။ ဂ်ဳိအာခ်င္လုိး ဟာ ဆာေနးထက္ ေလဗာကူဆင္ လူငယ္ေတာင္ပံကစားသမား ဂ်ဴလီယန္ဘရန္႔ဒ္ Julian Brandt ကုိ ပုိ ဦးစားေပးခဲ့တာျဖစ္ၿပီး ဒရက္ဇ္လာ Draxler ၊ မာကုိ႐ုိက္စ္ Reus တို႔ကုိလည္း ေရြးခ်ယ္ခဲ့တယ္။

ဂ်ာမနီအသငး္အၿပီးသတ္(၂၃)ဦးစာရင္း
ဂုိး – ႏူအာ၊ ကီဗင္ထရပ္၊ စတီဂန္
ေနာက္တန္း – ပလက္တန္ဟတ္၊ ဂ်ဳိးနက္စ္ဟတ္တာ၊ ဂ်င္တာ၊ ဟမ္းမဲလ္၊ ဇူလာ၊ ႐ူဒီဂါ၊ ဘုိတန္၊ ကင္မစ္ခ်္
အလယ္တန္း – ခီဒီရာ၊ အုိေဇးလ္၊ ႐ူဒီ၊ ဒရက္ဇ္လာ၊ မာကုိ႐ြိဳက္စ္၊ ဘရန္႔ဒ္၊ တိုနီက႐ူးစ္၊ ဂန္ဒုိဂန္၊ ဂိုဟက္ဇ္ကာ
ေရွ႕တန္း – မူလာ၊ မာရီယုိဂုိးမက္ဇ္၊ တီမုိ၀ါနာ

REF:Daily Mail
Photo: Twitter,Eurosport Asia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂျာမနီအသင်းရဲ့ အပြီးသတ်(၂၃)ဦးစာရင်းမှာ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရတဲ့ ဆာနေး Sane

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် ကစားသမား(၂၃)ဦးကို နည်းပြဂျိုအာချင်လိုး Joachim Low ထုတ်ပြန်ကြေညာခဲ့ပြီး မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဆာနေး Sane ကို အံ့အားသင့်စ ရာကောင်းလောက်အောင် ချန်လှပ်ခဲ့ပါတယ်။ ဆာနေးဟာ ၂၀၁၇-၁၈ ရာသီက မန်စီးတီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိခဲ့တာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သလို PFA လူငယ်အကောင်းဆုံးကစားသ မားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တယ်။

Sane-LEFT-OUT-of-Germanys-final-World-Cup-squad-

Sane-LEFT-OUT-of-Germanys-final-World-Cup-squad-

ဒါ့အပြင် မန်စီးတီးအသင်းအတွက် (၁၄)ဂိုးသွင်း ဂိုးဖန်တီးမှု (၁၅)ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် ဆာနေးကို ချန်လှပ်ခဲ့တဲ့ ဂျိုအာချင်လိုးရဲ့ ဆုံးဖြတ်ချက်က အံ့အားသင့်စရာပါ။ ဂျိုအာချင်လိုးက “ဆာနေးရဲ့ စွမ်းဆောင်ရည်က အံ့မခန်းဖြစ်ပြီး နိုင်ငံတကာအဆင့်မှာ အဲဒီလို စွမ်းဆောင်ရည်မျိုး လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆာနေးဟာ မန်စီးတီးအသင်းဟာ ရင့်ကျက်မှုကို ပြသနိုင် ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှုအသားပေးကစားတဲ့ ပုံစံက သူ့ကို ကြံ့ခိုင်သန်စွမ်းစေခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်း ဒီထက်ပိုတိုးတက်အောင် ကြိုးစားနိုင်မယ်ဆိုရင် အနာဂတ်မှာ အသင်းအတွက် အောင်မြင်မှုတွေရယူနိုင်ပါလိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။ ဂျိုအာချင်လိုး ဟာ ဆာနေးထက် လေဗာကူဆင် လူငယ်တောင်ပံကစားသမား ဂျူလီယန်ဘရန့်ဒ် Julian Brandt ကို ပို ဦးစားပေးခဲ့တာဖြစ်ပြီး ဒရက်ဇ်လာ Draxler ၊ မာကိုရိုက်စ် Reus တို့ကိုလည်း ရွေးချယ်ခဲ့တယ်။

ဂျာမနီအသင်းအပြီးသတ်(၂၃)ဦးစာရင်း
ဂိုး – နူအာ၊ ကီဗင်ထရပ်၊ စတီဂန်
နောက်တန်း – ပလက်တန်ဟတ်၊ ဂျိုးနက်စ်ဟတ်တာ၊ ဂျင်တာ၊ ဟမ်းမဲလ်၊ ဇူလာ၊ ရူဒီဂါ၊ ဘိုတန်၊ ကင်မစ်ချ်
အလယ်တန်း – ခီဒီရာ၊ အိုဇေးလ်၊ ရူဒီ၊ ဒရက်ဇ်လာ၊ မာကိုရွိုက်စ်၊ ဘရန့်ဒ်၊ တိုနီကရူးစ်၊ ဂန်ဒိုဂန်၊ ဂိုဟက်ဇ်ကာ
ရှေ့တန်း – မူလာ၊ မာရီယိုဂိုးမက်ဇ်၊ တီမိုဝါနာ

REF:Daily Mail
Photo: Twitter,Eurosport Asia
Naing Linn(Akhayar)
www.akhayar.com